ဟင်းချက်စားရင်းနဲ့ မထင်မှတ်ဘဲ သူဌေးဖြစ်သွားကြတဲ့ လင်မယားနှစ်ဦးရဲ့ အဖြစ်အပျက်လေး

ထိုင်းနိုင်ငံက တံငါသည်တစ်ဦးဟာ ကမ်းခြေကနေ ကာလတန်ဖိုး ပေါင် (၂၅၀,၀၀၀) လောက်တန်တဲ့ ရှားပါးပြီးအဖိုးတန် ရတနာတစ်မျိးဖြစ်တဲ့ Melo ပုလဲတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တဲ့ သတင်းဟာအင်တာနက်ပေါ် မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

အခုတစ်ကြိမ်မှာလည်း ထိုင်းနိုင်ငံက ထရပ်ကားမောင်းသမားတစ်ဦးဟာ ဈေးထဲကနေ နေ့လည်စာအတွက်ချက်ပြုတ် စားဖို့အတွက်ဝယ်လာတဲ့ Melo ခရု တစ်ကောင်ထံကနေ အလားတူ Melo ပုလဲတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ shwekhitonlinetv.com

Monthian Jansuk လို့အမည်ရတဲ့ အသက် (၄၀) အရွယ်ထိုင်းအမျိုးသားတစ်ဦးဟာ နေ့လယ်စာအတွက် ပင်လယ်ခရုတစ်မျိုးဖြစ်တဲ့ Melo ခရု တစ်ကောင်ကို ဘတ် ၅၀ (စတာလင်ပေါင် ၁.၂) ပေးပြီးဝယ်ယူလာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီပင်လယ်ခရုကိုတော့ အိမ်ရောက်တဲ့အခါမှာသူ့ရဲ့ဇနီးဖြစ်သူက ပြုတ်ပြီးနေ့လည်စာအဖြစ်စားသုံးဖို့စီမံခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစု နေ့လည်စာ စားသုံးနေရင်း သားဖြစ်သူက တစ်စုံတစ်ခုကိုထွေးထုတ်လိုက်ပါတယ်။ shwekhitonlinetv.com

အစပိုင်းတော့ Monthian Jansuk ဟာ သူ့သားထွေးထုတ်လိုက်တဲ့အရာကို ခရုထဲမှပါလာတဲ့ ခရုဥလို့သာထင်ခဲ့ ပေမယ့် နောက်ပြီးမှာ လှပပြီးရှားပါးတဲ့ အဖိုးတန် လိမ္မော်ရောင် ပုလဲတစ်လုံးဖြစ်နိုင်ကြောင်း သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် သူ့သားထွေးထုတ်ခဲ့တဲ့အရာကို သွားရောက်ကောက်ယူပြီး ရေဆေးသန့်စင်ကာ
ကျွမ်းကျင်သူတွေကို စစ်ဆေးစေခဲ့ပါတယ်။ shwekhitonlinetv.com

စစ်ဆေးမှုတွေပြုလုပ်အပြီးမှာတော့ ဒါဟာကမ္ဘာ့အရှားပါးဆုံး အဖိုးတန် Melo ပုလဲဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ ဒီ ပုလဲဟာ (၇) ဂရမ်အလေးချိန်ရှိပြီး ရောင်းချမယ်ဆိုလျှင် စတာလင်ပေါင် ထောင်ပေါင်းများစွာရရှိနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

Melo ပုလဲတွေဟာ Melo Melo လို့လူသိများတဲ့ ပင်လယ်ခရုမျိုးစိတ်တွေရဲ့ အခွံအောက်မှာ သဘာဝအတိုင်းဖြစ်ပေါ်နေတက်တဲ့ ကျောက်မျက်ရတနာတစ်မျိုးဖြစ်ပါတယ်။ ခရုခွံရဲ့အရောင်ပေါ်မူတည်ပြီး အညိုရောင်၊ အဝါရောင်၊ လိမ္မော်ရောင် စသဖြင့်တွေ့ရတက်ပြီး ခရုခွံထောင်ပေါင်းများစွာမှာမှ တစ်ခုလောက်သာ တွေ့ရတက်တဲ့ ပုလဲအမျိုးအစားဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပြီး Melo ပုလဲတွေဟာ မွေးမြူပြီးထုတ်ယူလို့အရဘဲ သူ့သဘာဝအတိုင်းသာဖြစ်တည်တက်တဲ့ ပုလဲတစ်မျိုးလည်းဖြစ်ပါတယ်။ ဒီလို ရှားပါးလှတဲ့ Melo ခရုထံကရရှိတဲ့ ကျောက်မျက်ရတနာတွေကိုတော့ တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်၊ ထိုင်းနှင့် မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တွေ့ရှိရတက်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။