ကမ္ဘာပေါ်ဟာ ထူးခြားဖြစ်စဉ်တွေနဲ့ပြည့်နှက်နေတဲ့ ဂြိုဟ်ကြီးတစ်ခုဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ဘယ်လိုမျိုးရူးသွပ်ချင်စရာကောင်းတဲ့ သဘာဝဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့နေရာတွေကိုဖော်ပြပေးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com
၁။ Lake Natron , Tanzania

တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်းမှာတည်ရှိတဲ့ဒီရေကန်ကြီးကတော့ ထူးခြားတဲ့အရောင်အသွေးကိုပိုင်ဆိုင်ထားပြီး ကြိုးကြာနီတွေရဲ့ မူရင်းအသိုက်အအုံတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဒီနေရာမှာတော့ အပူချိန်ဟာ (၄၀) ဒီဂရီစင်တီဂရိတ်အထိရှိပြီး၊ အယ်ကာလီမြင့်မားစွာပါဝင်နေတဲ့ ရေတွေဟာ PH level (၁၂) အထိရှိနေပါတယ်။ shwekhitonlinetv.com
၂။ Sky Mirror , Bolivia

ကမ္ဘာပေါ်ကအကြီးမားဆုံးသော ဆားရေပြင်ကြီးဖြစ်ပြီး ဘိုလီးဗီးယားနိုင်ငံမှာရှိပါတယ်။ Sky Mirror ဆိုတဲ့အတိုင်း ကောင်းကင်ရဲ့ပုံရိပ်ဟာ ဒီအရပ်ဒေသမှာ ကြည်လင်ပြတ်သားစွာ ထင်ဟပ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Snow Chimneys , Antarctica

အပြင်ဘက်မှာအေးခဲနေပြီး အတွင်းထဲမှာအပူဓာတ်ကိန်းအောင်းနေတဲ့ ရေခဲမီးခိုးခေါင်းတိုင်တွေဖြစ်ပါတယ်။ အန္တာတိကတိုက်မှာတော့ ဒီလိုအရာတွေကို အများအပြားတွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com
၄။ Lenticular Clouds , Japan

Lenticular Clouds လို့ခေါ်တဲ့ ထူးထူးခြားခြားတိမ်ပုံသဏ္ဍာန်တွေကတော့ ကမ္ဘာပေါ်ကတစ်ခြားနေရာတွေမှာ လည်းတွေ့မြင်နိုင်ပေမယ့် ဂျပန်နိုင်ငံ ဖူဂျီတောင်ထိပ်မှာတော့ မကြာခဏတွေ့မြင်ရတက်ပါတယ်။ shwekhitonlinetv.com
၅။ Forest of Knives , Madagascar

မာဒါဂတ်စကာနိုင်ငံရဲ့ သစ်တောတစ်ခုအတွင်းမှာရှိတဲ့ ကြီးမားတဲ့ထုံးကျောက်ဆောင်တွေဖြစ်ပါတယ်။ ကြီးမားပြီးချွန်ထက်တဲ့ အသွင်သဏ္ဍာန်ရှိလို့ ဒီတောအုပ်ကိုတော့ ဓားများရဲ့တောအုပ် (Forest of Knives) လို့အမည်ပေးထားကြပါတယ်။ shwekhitonlinetv.com
၆။ Flowering desert , South America

ချီလီနိုင်ငံမှာတည်ရှိတဲ့ အတ္တကာမာ ကန္တာရကြီးကာတော့ အားလုံးသိပြီးဖြစ်မယ်လို့ထင်ပါတယ်။ ဒီ ကန္တာရကြီးဟာ အများအားဖြင့်တော့လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတက်ပေမယ့် ပန်းတွေပွင့်တဲ့ ရာသီမှာတော့ ပန်းကန္တာရကြီးအသွင်ဖြစ်ပေါ်နေတက်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျှက်ရှိပါတယ်။ shwekhitonlinetv.com
၇။ Blue Volcano , Indonesia

အပြာရောင်ချော်ရည်တွေထွက်နေတဲ့ မီးတောင်ကိုသင့်အနေနဲ့မြင်ဖူးပါသလား ? မမြင်ဖူးသေးရင်တော့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအရှေ့ပိုင်းက Kawa Ijen မီးတောင်မှာသွားရောက်လေ့လာသင့်ပါတယ်။ ပြင်းထန်တဲ့ဖိအားဓာတ်ကိုခံနေရတဲ့ ဆာလဖျူရစ်ဓာတ်ငွေ့တွေဟာ ပြင်ပလေနဲ့ထိတွေ့တဲ့ အခါမှာ အပြာရောင်ချော်ရည်တွေအဖြစ်ပြောင်းလဲသွားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၈။ Frost flowers

ဒီထူးခြားတဲ့ ဆီးနှင်းပွင့်ချပ်တွေကတော့ ဝင်ရိုးစွန်းဒေသတွေမှာအတွေ့ရများပြီး ဘယ်လိုအကြောင်းကြောင့် ယခုလိုပုံသဏ္ဍာန် ဖြစ်လာရသလဲဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ အနေနဲ့ အငြင်းပွားနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Moonbow , Hawaii

သာမန်သက်တံ့တွေလိုမျိုး နေ့ဘက်မှာထွက်ပေါ်တာမဟုတ်ဘဲ ညခင်းအချိန်မှာတွေ့မြင်ရတာကြောင့် Moonbow လို့ခေါ်ကြတာ့ဖြစ်ပါတယ်။ တစ်ချို့ကတော့ဒါကို Lunar Rainbows ဆိုပြီးတော့လည်းခေါ်ကြပြီး ဒီဖြစ်စဉ်ကိုတော့ ဟာဝိုင်အီကျွန်းမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Light Pillars, Canada

အလွန်အေးတဲ့အချိန်မျိုးမှာ ရေခဲပုံဆောင်ခဲလေးတွေဟာ လေထုထဲမှာပျံ့လွင့်နေတက်ပါတယ်။ အဲ့ဒီအချိန်မှာ အလင်းရင်းမြစ်တွေက ဒီရေခဲပုံဆောင်ခဲလေးတွေကိုဖြတ်သန်းတဲ့အခါ အခုလိုမြင်ကွင်းမျိုးကို မြင်တွေ့ရတက်တာဖြစ်ပါတယ်။ shwekhitonlinetv.com
hwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။