အာလင်းဟာလန်းကို ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်စေခဲ့တဲ့ သူ (၂) ဦး

မန်စီးတီးအသင်းရဲ့ နော်ဝေတိုက်စစ်မှုး အာလင်းဟာလန်းဟာ လက်ရှိဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်မှာသာမက ပြိုင်ပွဲစုံမှာဂိုးသွင်းအများဆုံးကစားသမားတစ်ဦးအဖြစ်ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ အသက် (၂၂) နှစ်အရွယ်သာရှိသေးပေမယ့် လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတစ်ဦးအဖြစ် သတ်မှတ်လို့ရတဲ့ ဟာလန်းကိုဒီနေ့လိုအနေအထားမျိုးရောက်ရှိအောင်တွန်းအားပေးခဲ့တဲ့ မထင်မရှားကစားသမား (၂) ဦးရှိပါတယ်။ shwekhitonlinetv.com

သူတို့တွေကတော့ ဟာလန်းရဲ့ငယ်ငယ်တုန်းကအကယ်ဒမီအသင်းဖော် နောက်တန်းကစားသမားတွေဖြစ်ကြတဲ့ တွဒ်ဂျွန်ဆင်နဲ့ အန်ဒရေယူလန်း တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ နော်ဝေးနိုင်ငံ ဘရန်းမြို့မှာမွေးဖွားကြသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

အင်္ဂလန်နိုင်ငံ ယော့ခ်ရှိုင်းယားဒေသမှာမွေးဖွားခဲ့တဲ့ ဟာလန်းဟာလည်း လူငယ်ကစားသမားဘဝကိုတော့ နော်ဝေးနိုင်ငံဘရန်းမြို့ခံကလပ်အသင်းဖြစ်တဲ့ ဘရန်းအသင်းမှာအစပြုခဲ့တာပါ။ အဲ့ဒီအချိန်မှာ တွဒ်ဂျွန်ဆင်နဲ့ အန်ဒရေယူလန်းတို့ဟာ ဟာလန်းအတွက် ဖြတ်ကျော်ရခက်ပြီး လူကောင်ကြီးတဲ့နောက်တန်းကစားသမားတွေဖြစ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ဟာလန်းရဲ့ပြောကြားချက်အရတော့ “ကျွန်တော့်အသက် (၇) နှစ်အရွယ်မှာသူတို့နှစ်ဦးက အတော်လေးကိုလူကောင်ထွားကြပါတယ်။ အကယ်ဒမီအသင်းတွေကို လူခွဲပြီးယှဉ်ပြိုင်စေတဲ့အခါ သူတို့နှစ်ဦးနဲ့ ဆန့်ကျင်ဘက်အသင်းမှာကျခဲ့ရင် အတော်လေးကိုဖြတ်ကျော်ရခက်တဲ့သူနှစ်ဦးပါ” လို့ဆိုပါတယ်။ shwekhitonlinetv.com

“ဒီလိုအခြေအနေက ကျွန်တော့်ကိုဒီနေ့လိုတိုက်စစ်မှုးကောင်းတစ်ယောက်ဖြစ်အောင် တွန်းအားပေးခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အားလပ်ချိန်တိုင်း သူတို့နှစ်ဦးကိုဖြတ်ကျော်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ နေရာကျဉ်းကျဉ်းလေးတွေကနေ ဘယ်လိုရွှေ့လျားပြီး လွတ်မြောက်အောင်လုပ်ရမယ်ဆိုတာကိုလည်း သဘောပေါက်နားလည်ခဲ့ပါတယ်” လို့ ဟာလန်းကဆိုပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာ ခန္ဓာကိုယ်တောင့်တင်းသန်မာပြီး ပြိုင်ဘက်ဂိုးဧရိယာထဲမှာ နေရာယူပုံအထူးကောင်းမွန်တဲ့ နော်ဝေးတိုက်စစ်မှုး အာလင်းဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကိုတောင်မျှော်မှန်းနိုင်တဲ့အနေအထားရောက်ရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။