” အိမ်အသုံးအဆောင်ပစ္စည်းတွေကို အလွဲလွဲ အချော်ချော် နေရာချထားကြသူများ “

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးကို ဗဟုသုတရစေရန်နဲ့ ဘ၀အမောတွေပြေစေဖို့အတွက် အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ အိမ်သုံး ပစ္စည်းတွေကို ပြောင်းပြန်နေရာချထားတဲ့ သူတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုး နေရာတွေ လွဲနေလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်။ shwekhitonlinetv.com

၁။ လျှို့ဝှက်အိမ်သာ

အခုမြင်နေရတဲ့ ပုံထဲမှာဆိုရင် ဘီဒိုတစ်ခုကို တွေ့ရမှာပါ။ တော်တော်များများကတော့ ပန်းကန်တွေထားတဲ့ ဘီဒိုလို့ပဲ ထင်ခဲ့ကြပါတယ်။ တစ်ကယ်တမ်းမှာတော့ ဘိုထိုင် အိမ်သာတစ်ခုကို ဘီဒိုထဲထည့်ပြီး ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သူစိမ်းဧည့်သည်တွေ ဒီအိမ်ကိုလာလည်တဲ့အခါ အိမ်သာကိုရှာဖို့ တော်တော် ကြိုးစားရမှာပါ။ shwekhitonlinetv.com

၂။ အန္တရာယ်များလွန်းတဲ့ တံခါး

ဒီအခန်းကတော့ အိပ်နေရင်း ယောင်ပြီး လမ်းလျှောက်တတ်တဲ့သူတွေ မနေသင့်ပါဘူး။ အကြောင်းကတော့ ညဘက် ယောင်လို့ တံခါးဖွင့်ပြီး လမ်းလျှောက်မိရင် အောက်ထပ်ကို ဒလိမ့်ခေါက်ကွေး ကျသွားနိုင်လို့ပါ။ shwekhitonlinetv.com

၃။ အမြင့်ရောက်နေတဲ့ အဝတ်လျှော်စက်

ပုံထဲက ရေချိုးခန်းထဲကိုတော့ တော်ရုံလူဆို ဝင်ပြီး ရေချိုးရဲမယ် မထင်ပါဘူး။ အဝတ်လျှော်စက်ကို ဒေါက်ကလေးနဲ့ ထောက်ထားပြီး တင်ထားတာမို့ ရေချိုးနေရင်း အခန့်မသင့်လို့ ကိုယ်ပေါ်ပြုတ်ကျလာရင် မတွေးရဲစရာပါ။ shwekhitonlinetv.com

၄။ အလှမ်းဝေးနေတဲ့ အိမ်သာနဲ့ တစ်သျူး


တစ်ခါတစ်လေတော့လည်း လွဲတတ်တယ်ဆိုတဲ့ လူသဘာ၀ကို ဒီပုံလေးထဲမှာ မြင်ရမှာပဲ ဖြစ်ပါတယ် ။ ကိုယ့်ရဲ့ ကိစ္စပြီးသွားလို့ တစ်သျူးယူတဲ့အခါ မတ်တပ်ထပြီး ယူရမလိုတောင် ဖြစ်နေပါပြီ။ shwekhitonlinetv.com

၅။ နေရာလွဲသွားတဲ့ မီးဆိုင်း


မီးဆိုင်းဆင်တဲ့သူကတော့ အလောတကြီး လုပ်သွားရပုံပါပဲ။ မီးဆိုင်းက မျက်နှာကျက်ရဲ့ အလယ်မှာ မရှိပဲ ဘေးထောင့်အစွန်းကို ရောက်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုစျေးကြီးတဲ့ မီးဆိုင်းတွေကို ဆင်တော့မယ်ဆိုရင် သေချာဂရုစိုက်ပြီး ဆင်တာအကောင်းဆုံးပါပဲ။ shwekhitonlinetv.com

၆။ သတိလက်လွတ် ဖြစ်သွားရင် သော့ပါပျောက်သွားမယ့်ကိန်း

အခုမြင်နေရတဲ့ အဝင်တံခါးပေါက်နားကတော့ သတိလေးထားပြီး သော့ဖွင့်နိုင်မှ အဆင်ပြေမှာပဲ ဖြစ်ပါတယ်။ တစ်ကယ်လို့ လက်တုန်ပြီး သော့ပြုတ်ကျသွားရင် ပြန်ကောက်ဖို့ မနည်းလုပ်ရမှာပါ။ shwekhitonlinetv.com

၇။ Tv ထားတဲ့ နေရာလွဲသွားသောအခါ

ဒါကတော့ TV ကို အမြင့်မှာ ထားဖို့ကြိုးစားရင် အရှေ့က တိုင်တစ်ခုနဲ့ ထိလုနီးပါး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုလို ထားထားတဲ့ ပုံစံဟာ TV ကို ထိမိပြီး ပျက်စီးနိုင်တာ သိရဲ့နဲ့ ဘယ်လို စိတ်ကူးနဲ့ လုပ်ထားလဲဆိုတာ မခန့်မှန်း တတ်အောင်ပါပဲ။ shwekhitonlinetv.com

၈။ ပန်ကာမလည်အောင် လုပ်နည်း

ဒီပန်ကာကို ဆင်တဲ့သူကတော့ အတွက်အချက် နည်းနည်းမှားသွားတဲ့ ပုံပါပဲ။ ဘီဒို တံခါးကို ပိတ်ထားရင်တော့ ကိစ္စမရှိပေမယ့် တံခါးဖွင့်ထားရင်တော့ ပုံမှာမြင်ရတဲ့ အတိုင်း ဒလက်နဲ့ တံခါးက သွားပြီး ထိကာ ပန်ကာ က လည်နိုင်မှာ မဟုတ်ပါဘူး။ shwekhitonlinetv.com

၉။ ဒီဇိုင်းဆန်းလွန်းတဲ့ ကြောင်လိမ်လှေကား

တစ်ချို့ အိမ်တွေမှာဆိုရင် လှေကားကို ရိုးရိုးပုံစံနဲ့ မဟုတ်ပဲ အမြင်ဆန်းအောင် ကြောင်လိမ်လှေကား ပုံစံဆင်ထား ကြပါတယ်။ အခုပုံထဲက အိမ်ပိုင်ရှင်ကလည်း ကြောင်လိမ်လှေကားပုံစံကို သဘောကျပုံပါပဲ။ ဒါပေမယ့် သူ့ရဲ့လှေကားက အကြမ်းထည်ပုံစံလောက်သာရှိပြီး အချောမသတ်ထားတာကြောင့် အတက်အဆင်းလုပ်ရင် တော်တော်လေးကို အန္တရာယ်များလွန်းလှပါတယ်။ shwekhitonlinetv.com

အခုဖော်ပြထားတာတွေကတော့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေကို ပုံစံမကျပဲ နေရာအထားအသို မှားသွားတဲ့ ပုံလေးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလိုမျိုး အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။