ကမ္ဘာကျော် Cele များရဲ့ လူမသိတဲ့ လျှို့ဝှက်ချက်များ

ကမ္ဘာကျော် ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဆိုတာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပလူပျံနေအောင် ဖော်ပြခြင်းခံရလေ့ရှိတာမို့လို့ သူတို့နဲ့ပတ်သက်တဲ့ အကြောင်းအရာတော်တော်များများကို ပရိသတ်တွေလည်း သိပြီးကြမယ်လို့ ထင်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အခုဖော်ပြမယ့်အကြောင်းအရာလေးတွေ ကတော့ ရွှေခေတ်ပရိသတ်ကြီးလည်း သိရှိဦးမယ်လို့ မထင်တဲ့ အချက်လေးတွေ ဖြစ်မှာ အသေအချာပါပဲ။ ကဲ ဖတ်ကြည့်ပြီး တော့ သိပြီးသားအကြောင်းအရာ ဟုတ်၊ မဟုတ် ပြောခဲ့ပေးကြပါဦးနော် shwekhitonlinetv.com

၁။ အသက် (၄၀) ကျော်ထိ ချေးငွေတွေမဆပ်တဲ့ အိုဘားမား

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ကျောင်းသားဘဝတုန်းက ချေးယူထားတဲ့ ချေးငွေတွေကို သူ့သက် (၄၂) နှစ်ပြည့်တဲ့ (၂၀၀၄) ခုနှစ်မတိုင်မီ အချိန်အထိ ပြန်မဆပ်ခဲ့ဘူးလို့သိရပါတယ်။ ဒါတောင်ရွေးကောက်ပွဲ ဝင်မှာမို့လို့ ဒီလို အကြွေးတွေကို ဆပ်ခဲ့တာဖြစ်ကြောင်း နီးစပ်ရာအသိုင်းအဝိုင်းက ဆိုပါတယ်။ shwekhitonlinetv.com

၂။ သရဲတစ္ဆေနဲ့ အိပ်ခဲ့ဖူးတဲ့ ကေရှာ

နာမည်ကျော် အဆိုတော် ကေရှာ (Kesha) ကတော့ ကိုနန်အိုဘရိုင်ယန် (Conan O’Brien) နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူမအနေနဲ့ သရဲတစ္ဆေတစ်ကောင် နဲ့ အိပ်ခဲ့ဖူးကြောင်း အတည်ပေါက်နဲ့ ပြောကြားခဲ့ဖူးပါတယ်။ သူမပြောကြားချက်အရတော့ အဲ့ဒီသရဲတစ္ဆေနဲ့ Sex ကိစ္စတောင်ဖြစ်ခဲ့ဖူးပါသတဲ့။ shwekhitonlinetv.com

၃။ နို့သီးခေါင်းလေးခုရှိတဲ့ ဟယ်ရီစတိုင်

ကမ္ဘာကျော် One Direction အဖွဲ့ရဲ့ အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ဟယ်ရီစတိုင် (Harry Styles) ကတော့ ကောလဟလ တွေထွက်ပေါ်နေသလိုပဲ သူ့ဆီမှာ နို့သီးခေါင်း (၄) ခု အမှန်တကယ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဆေးပညာအရတော့ ဒါကို Polythelia ရောဂါလို့ ခေါ်ပါသတဲ့။ shwekhitonlinetv.com

၄။ သူမရဲ့ခွေးအတွက် စံအိမ်တစ်လုံးဆောက်လုပ်ပေးထားတဲ့ ပဲရစ်ဟီလ်တန်

မော်ဒယ်လ်၊ သရုပ်ဆောင်၊ အဆိုတော် သူဌေးမလေး ပဲရစ်ဟီလ်တန် (Parsi Hilton) ဟာဆိုရင် ချီဟွားဟွားခွေးလေးတွေကို အလွန်ချစ်တဲ့သူဖြစ်ပါတယ်။ သူမပိုင်ဆိုင်တဲ့ ခြံဝန်းရဲ့ အနောက်ဖက် စတုရန်းပေ (၃၀၀) လောက်အကျယ်မှာ လည်း သူမွေးထားတဲ့ ခွေးလေးတွေအတွက် ငွေကုန်ကြေးကျခံပြီး အဲကွန်း နဲ့ ပရိဘောဂ ပစ္စည်း အစုံအလင်ပါဝင်တဲ့ စံအိမ်တစ်လုံးဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။ သူမရဲ့ ခွေးဖြစ်ရတာတော့ အတော်ကံကောင်းမယ့်ပုံပါပဲ။ shwekhitonlinetv.com

၅။ သူမခန္ဓာကိုယ်အရွယ်အစားအတိုင်း Bathtub ပြုလုပ်ထားတဲ့ အော်ပရာ

အနုပညာအသိုင်းအဝိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုနိုင်တဲ့ အော်ပရာဝင်းဖရေး ကတော့ သူမအိမ်က Bathtub ကို သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်လျောညီထွေဖြစ်အောင် အထူးပြုလုပ်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ ထောင်ထဲမှာ မွေးဖွားခဲ့တယ်လို့ အထင်ခံရတဲ့ လေတန်

အမေရိကန်သရုပ်ဆောင် လေတန်မီစတာ (Leighton Meester) ကိုတစ်ချို့ကထောင်ထဲမှာ မွေးဖွားခဲ့တယ်လို့ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ သူမကိုမွေးဖွားတဲ့ အချိန်က သူမရဲ့မိခင်ဟာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ထောင်ကျနေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ သူ့ကိုဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ မူရင်းအမည်ကို တရားဝင်ပြောင်းလဲခဲ့တဲ့ မိုင်လေဆိုင်းရပ်

နာမည်ကျော် အဆိုတော် မိုင်လေဆိုင်းရပ် (Miley Cyrus) ရဲ့ မူရင်းမွေးနာမည်က (Destiny Hope Cyrus) ဖြစ်ပါတယ်။ သူမ ငယ်စဉ်အချိန်မှာ အများက မိုင်လေ (Miley) လို့ခေါ်ကြရင်းကနေ (၁၅) နှစ်အရွယ်ရောက်တော့ သူ့မိဘတွေက မိုင်လေဆိုင်းရပ် လို့ တရားဝင်အမည်ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ လိပ်ပြာကြောက်တဲ့ နစ်ကိုးလ်ကစ်မင်း

လိပ်ပြာလေးတွေဟာ လှပတဲ့ အရောင်အသွေးရှိပြီး လူအများစုရဲ့ ချစ်နှစ်သက်ခြင်းကိုခံရတဲ့ သတ္တဝါလေးတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အော်စကာဆုရ ဝါရင့်မင်းသမီး နီကိုးလ်ကစ်မင်း (Nicole Kidman) ကတော့ လိပ်ပြာတွေကို ဝေးဝေးရှောင်ပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာလိပ်ပြာနဲ့ ထိမိတာနဲ့ ခန္ဓာကိုယ်ဟာ မလှုပ်ရှားနိုင်တော့တဲ့ ရောဂါဝေဒနာဆန်းတစ်ခုရှိနေလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ တွမ်ခရု နဲ့ (၃၃)

တွမ်ခရု ရဲ့ အချစ်ရေးကတော့ (၃၃) ဂဏန်းနဲ့ အကျိုးမပေးဘူးထင်ပါရဲ့။ဘာလို့လဲဆိုတော့ တွမ်ခရု (Tom Cruise) နဲ့ အကြောင်းပါခဲ့တဲ့ မီမီရော်ဂျာ (Mimi Roger)၊ နစ်ကိုးလ်ကစ်မင်း (Nicole Kidman) ကေတီဟုမ်း (Katie Holmes) တို့အားလုံးဟာ သူတို့ရဲ့ အသက် (၃၃) နှစ်အရွယ်မှာ တွမ်ခရုနဲ့ ကွာရှင်းပြတ်စဲ ခဲ့ကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကတော့ ကမ္ဘာကျော် Cele တွေနဲ့ပတ်သတ်တဲ့ ထူးခြားဆန်းကြယ်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဘယ်လို စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင်ုစား အားပေးကြပါဦးနော် … ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။