ကမ္ဘာကြီးပေါ်က သာမန်မဟုတ်ပဲ ထူးဆန်းစွာ ကွဲထွက်နေတဲ့ အရာများ

အခုတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် ထူးဆန်း အံ့ဩဖွယ်ရာ တစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဘယ်လို ထူးဆန်းတာမျိုးလဲဆိုတော့ ပုံမှန်မဟုတ်ပဲ သိသိသာသာ ကွဲထွက်နေတဲ့ အရာတွေ အကြောင်းပါ။ သေချာသိချင်တယ်ဆိုရင်တော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို အတူကြည့်လိုက်ရအောင်နော်…. shwekhitonlinetv.com

၁။ ကြယ်ပုံစံ စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးတွေကို တော်တော်များများ ကြိုက်သလို သူ့ရဲ့ ပုံစံကိုလည်း သိကြမှာပါ။ ဒါပေမယ့် စိုက်ခင်းတစ်ခုကနေ သီးခဲ့တဲ့ စတော်ဘယ်ရီသီးကတော့ တစ်ခြားစတော်ဘယ်ရီတွေလို မဟုတ်ပဲ ကြယ်ပုံစံလေး ထူးဆန်းစွာ ဖြစ်လို့နေပါတယ်။ shwekhitonlinetv.com

၂။ ဧရာမ ကြက်သွန်နီကြီး

ကြက်သွန်နီလှီးရင် မျက်စိစပ်တဲ့သူတွေအတွက်ကတော့ အခုမြင်နေရတဲ့ ကြက်သွန်နီကြီးက တစ်ကယ့်ကို အိမ်မက်ဆိုးပါပဲ ။ သူ့ရဲ့အရွယ်အစားက ပုံမှန်ကြက်သွန်နီဥတွေထက် ၄ ဆ လောက်တောင် ကြီးနေပါတယ်။ shwekhitonlinetv.com

၃။ လက်မတွေပါတဲ့ ကြောင်ကလေး

ကြောင်လေးတွေရဲ့ ခြေချောင်းတွေဟာ ပုံမှန်အားဖြင့် သေးသေးသွယ်သွယ်လေး ရှိနေတတ်ကြပါတယ်။ ဒီကြောင်လေးကတော့ ထူးဆန်းစွာနဲ့ပဲ အရှေ့ခြေနှစ်ဖက်စလုံးမှာ လက်မလို ပုံစံလေးတွေ ပါနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ နေရာရွေ့သွားတဲ့ လမ်းမကြီး

အခုမြင်နေရတဲ့ပုံကတော့ မုန်တိုင်းဒဏ်ကြောင့် လမ်းမကြီး ရွေ့သွားတဲ့ ပုံပဲ ဖြစ်ပါတယ်။ မုန်တိုင်းအားက ဘယ်လောက်တောင် ပြင်းလဲဆိုတာ ရွေ့သွားတဲ့ ကတ္တရာအပြားလိုက်ကြီးကို ကြည့်တာနဲ့ သိသာနိုင်ပါတယ်။ shwekhitonlinetv.com

၅။ ပင်စည်ကြီး လိမ်သွားတဲ့ သစ်ပင်

ဒီသစ်ပင်ကြီးကတော့ Tornado တိုက်ခိုက်ခံရပြီးနောက် သစ်ပင်ရဲ့ အလယ်လောက်ကနေ ပင်စည်က ရစ်ပြီး လိမ်သလို မျိုး ဖြစ်သွားခဲ့ရပါတယ်။ ကိုယ်ထည်ကြီးမားတဲ့ ဒီလိုအပင်ကြီးကိုတောင် လိမ်သွားစေလောက်တဲ့ ဖြစ်ခဲ့ရတဲ့ Tornado ရဲ့ တိုက်ခိုက်နှုန်းကတော့ တစ်ကယ့်ကို လန့်စရာပါ။ shwekhitonlinetv.com

၆။ ဘောလုံးတစ်လုံး အရွယ်အစားရှိတဲ့ မှိုလုံးကြီး

စိုက်ပျိုးရေးသမားတစ်ယောက် သူ့ရဲ့ ခြံထဲကနေ ထွက်တဲ့ ဧရာမ မှိုလုံးကြီးကို ရိုက်ထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ အပင်ကြီးထွားဆေးကြောင့် မဟုတ်ပဲ သဘာ၀အတိုင်းပေါက်ရောက်နေတာဖြစ်လို့ အတော်လေး ထူးဆန်းတယ်လို့ပဲ ပြောရမှာပါ။ shwekhitonlinetv.com

၇။ ရေညှိဖိနပ်

တစ်ခါတစ်လေ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေဟာ သဘာတရားနဲ့ ရောထွေးသွားတာမျိုး ဖြစ်တတ်ပါတယ်။ အခုလည်း စွန့်ပစ်ထားတဲ့ ဖိနပ်တစ်ဖက်ဟာ နှစ်တွေအတော်ကြာတဲ့အခါမှာတော့ အပေါ်ဖက်တစ်ခုလုံးကို ရေညှိတွေဖုံးအုပ်သွားရတာပဲ ဖြစ်ပါတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင် ဒီဇိုင်းအသစ်ထုတ်ထားတဲ့ ဖိနပ်လားလို့တောင် ထင်ချင်မိစရာပါ။ shwekhitonlinetv.com

၈။ အရောင်ဆန်းတဲ့ ပုစဉ်းရင်ကွဲလေး

အခုမြင်နေရတဲ့ ပုစဉ်းရင်ကွဲလေးကတော့ သာမန်ပုစဉ်းရင်ကွဲတွေနဲ့ အရောင်မတူပဲ ထူးဆန်းတဲ့ အရောင်ရှိနေတာပဲ ဖြစ်ပါတယ်။ သာမန်ပုစဉ်းတွေဟာ အညိုရောင်စပ်ကြာတာ များပေမယ့်လည်း ဒီအကောင်လေးကတော့ ထူးဆန်းစွာနဲ့ Neon အရောင်လေး ဖြစ်လို့နေပါတယ်။ shwekhitonlinetv.com

၉။ အရည်ပျော်သလိုဖြစ်နေတဲ့ သစ်ပင်အမြစ်

ရုတ်တရက်ကြည့်လိုက်ရင် ပုံထဲက သစ်ပင်ရဲ့ အမြစ်ဟာ အရည်ပျော်နေတာများလားလို့တောင် ထင်ချင်စရာပါ. တစ်ကယ်တမ်းကတော့ အရည်ပျော်နေတာမဟုတ်ပဲ သူ့အမြစ်ရဲ့ ပုံစံကိုက အခုလိုမျိုး ဖြစ်နေတာပါတဲ့…. shwekhitonlinetv.com

၁၀။ ဥမင်လှိုဏ်ခေါင်း ပုံစံဖြစ်နေတဲ့ ပင့်ကူအိမ်

ဒီပင့်ကူအိမ်ကို ဆောက်တဲ့ ပင့်ကူလေးကတော့ တစ်ခြား ပင့်ကူတွေထက်ပိုပြီး အမြင်ကျယ်သလားလို့တောင် ထင်ချင်စရာပါ။ သစ်ပင်တစ်ခုမှာဆောက်ထားတဲ့ ဒီပင့်ကူအိမ်လေးဟာ လှိုဏ်ခေါင်းပုံစံနဲ့ တော်တော်လေးကို တူနေပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်က သာမန်ထက်ကွဲထက်နေတဲ့ အရာတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။