ရုရှားကို ပြင်ပြင်းထန်ထန် ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး တုံ့ပြန်နေတဲ့ အမေရိကန်

မိမိတို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံကိုေတော့ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးက ဝိုင်းဝန်းပြစ်တင်ရှုံ့ချလျက်ရှိပြီး အဘက်ဘက်ကနေ ဝိုင်းဝန်းပိတ်ဆို့မှုတွေပြုလုပ်လျှက်ရှိပါတယ်။ shwekhitonlinetv.com

ပြီးခဲ့တဲ့အင်္ဂါနေ့မှာပြောကြားခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မိန့်ခွန်းမှာတော့ အမေရိကန်နိုင်ငံကလေဆိပ်တွေအားလုံးကို ရုရှားဆီကလာတဲ့ ဘယ်လေယာဉ်ကိုမဆို ဆင်းသက်ခွင့်ပေးမှာ ဟုတ်တော့ကြောင်းပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ဒါဟာ ကနေဒါ နဲ့ EU (ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံများ) ပြီးတဲ့နောက် ရုရှားအတွက်နောပ်ထပ် လေကြောင်းလိုင်းဆိုင်ရာ တားဆီးပိတ်ဆို့မှုတစ်ခုလည်းဖြစ်ပါတယ်။ ကနေဒါနဲ့ ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံတွေကတော့ ရုရှားလေယာဉ်တွေကို သူတို့ရဲ့လေပိုင်နက်အတွင်း ဖြတ်ပျံခွင့်တောင် မပေးတဲ့အထိ တားဆီးပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပြီးအမေရိကန်လေကြောင်းလိုင်းတွေကိုလည်း ရုရှားနိုင်ငံကို ပြေးဆွဲပျံသန်းခြင်းမပြုဖို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့်အမေရိကန်လေကြောင်းလိုင်းတွေ အနေနဲ့လည်းရုရှားနိုင်ငံကိုပြေးဆွဲပျံသန်းဖို့ရှိနေတဲ့ ခရီးစဉ်အားလုံးကိုရွှေ့ဆိုင်းထားတယ်လို့သိပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး။ အမေရိကန်နိုင်ငံဟာ ဂျပန်၊ သြစတြေးလျနိုင်ငံတွေနည်းတူပဲ ရုရှားနိုင်ငံနဲ့ ဆက်နွယ်နေတဲ့သူတွေ ခရိုနီစီးပွားရေးသမားတွေရဲ့ ပိုင်ဆိုင်မှုတွေ (အိမ်၊ ကား၊ လေယာဉ်၊ ကုမ္ပဏီ ….. အစရှိသဖြင့်) ကိုပါ ချိတ်ပိတ်အရေးယူမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။