ကမ်းခြေမှာ သောင်တင်နေတဲ့ ထူးထူးဆန်းဆန်း အရာတွေကို တွေ့ရှိမှုများ

ပရိသတ်ကြီးရေ ဒီ တစ်ခေါက်မှာတော့ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးက ပင်လယ်ကမ်းခြေမှာ သောင်တင်နေတဲ့ ထူးထူးခြားခြား အရာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။

ပင်လယ် ကမ်းခြေလို နေရာမျိုးမှာ ပစ္စည်းတွေ သောင်တင်တယ်ဆိုတာ သိပ်ပြီး အထူးအဆန်း မဟုတ်ပေမယ့် အခုပြောပြပေးမှာကတော့ ကမ္ဘာတစ်ဝှမ်းက ကမ်းခြေတစ်ချို့မှာ သောင်တင်နေတဲ့ ထူးထူးခြားခြား အရာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဘယ်လို ထူးဆန်းတာတွေ ပါမလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ နှစ်သန်းပေါင်း ( ၁၈၀ ) သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်း

ကျောက်ဖြစ်ရုပ်ကြွင်း ကျွမ်းကျင် စုဆောင်းသူ တစ်ဦး ဖြစ်တဲ့ Tony Gill ဆိုသူ အမျိုးသား တစ်ယောက်ဟာ သမိုင်း မတင်မီ ခေတ်က ရှိခဲ့ဖူးတဲ့ ငါးပုတ်သင် ကျောက်ဖြစ် ရုပ်ကြွင်းကို ရှာတွေ့ခဲ့ပါတယ် ။ ထို ငါးမျိုးစိတ်ကို ichthyosaur လို့လည်း ခေါ်ပြီး အင်္ဂလိပ် ကမ်းရိုးတန်းတွေ နားမှာ တွေ့ခဲ့တာပါ ။ နှစ်ပေါင်း ( ၁၈၀ ) သက်တမ်းရှိတဲ့ ဒီ ကျောက်ဖြစ် ရုပ်ကြွင်းဟာဆိုရင် ပေ ( ၄၀ ) ရှည်လျားပြီး ဦးခေါင်းခွံ က ( ၇ ) ပေ နီးပါး ရှိပါတယ် ။ shwekhitonlinetv.com

ဒါ့အပြင် အခုတွေ့ရှိနေရတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဟာဆိုရင် ရှာတွေ့ခဲ့သမျှ ichthyosaur ကျောက်ဖြစ်ရုပ်ကြွင်းတွေ ထဲမှာ အကြီးဆုံး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။ အခုအခါမှာတော့ ဒီကျောက်ဖြစ်ရုပ်ကြွင်းကြီးကို ယူနိုက်ကင်းဒမ်း မှာရှိတဲ့ Charmouth Fossils အမည်ရှိ ဆိုင်တစ်ခု မှာ ပြသထားတာပဲ ဖြစ်ပါတယ် ။ နောက်ပြီး ဒီ ကျောက်ဖြစ် ရုပ်ကြွင်းကြီးကို ရှာတွေ့ခဲ့တဲ့ ကမ်းခြေ မှာဆိုရင် အခုလိုမျိုး ရှားပါးတဲ့ အရာတွေကို သာ ရှာတွေ့တာ မဟုတ်ပဲ တစ်ခါတစ်လေ ရေအောက်ထဲက ရတနာတွေကိုလည်း တွေ့ရတတ်တယ်လို့ ပြောကြပါသေးတယ် ။ shwekhitonlinetv.com

၂ ။ ဒုတိယ ကမ္ဘာစစ် အတွင်းက တိုက်လေယာဉ် တစ်စင်း

ဒုတိယ ကမ္ဘာစစ် ဖြစ်နေတဲ့ အချိန်တုန်းက ပျက်ကျခဲ့တဲ့ တိုက်လေယာဉ် တစ်စင်းဟာ နှစ်ပေါင်း ( ၆၀ ) အကြာ ( ၂၀၀၇ ) ခုနှစ် ရောက်မှ Welsh လို့ အမည်ရတဲ့ ကမ်းခြေ တစ်ခုမှာ လာရောက် သောင်တင်ခဲ့ပါတယ် ။ Maid of Harlech လို့ အမည်ရတဲ့ ဒီ လေယာဉ်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ရေးလေ့ကျင့်မှု လုပ်နေရင်း အင်ဂျင် ချွတ်ယွင်းမှု ဖြစ်ကာ သမုဒ္ဒရာထဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

မှတ်တမ်းတွေ အရ ထို လေယာဉ်ဟာ ( ၁၉၄၂ ) ခုနှစ် ၊ စက်တင်ဘာလ တုန်းက Llanbedr ကနေ မြောက် ကာရိုလိုင်းနားကို ပျံသန်းခဲ့တာဖြစ်ပြီး မြေပြင်ပေါ်ဆင်းသက်ဖို့ အခက်အခဲ ဖြစ်ကာ ပျက်ကျသွားခဲ့ရတာပါ ။ ကံကောင်းတာက လေယာဉ်ဟာ ပျက်ကျသွားပေမယ့်လည်း လေယာဉ်မှုးကတော့ အသက်အန္တရာယ် မဖြစ်ပဲ လွတ်မြောက်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အခုအခါမှာတော့ ဒီလေယာဉ်ပျံကြီးဟာ welsh ကမ်းခြေမှာ သောင်တင်နေပြီး လာရောက်ကြည့်ရှုသူတွေ များပြားခဲ့တယ်လို့လည်း သိရပါတယ် ။ shwekhitonlinetv.com

၃ ။ ဝေလငါး အန်ဖတ်

( ၂၀၁၂ ) ခုနှစ်တုန်းက Charlie Naysmith လို့ ခေါ်တဲ့ အသက် ( ၈ ) နှစ် အရွယ် ကလေး တစ်ယောက်စာ ဗြိတိန် ကမ်းခြေ တစ်ခုမှာ သောင်တင်နေတဲ့ ထူးထူးဆန်းဆန်း အရာ တစ်ခုကို ရှာတွေ့ခဲ့ပါတယ် ။ Charlie ရှာတွေ့ခဲ့တဲ့ ထူးထူးဆန်းဆန်း အရာကတော့ ambergris လို့ခေါ်တဲ့ ဝေလငါး အန်ဖတ် တုံးကြီး ပဲ ဖြစ်ပါတယ် ။ Ambergris တွေကို ရေမွှေးထုတ်လုပ်တဲ့နေရာမှာ မကြာခဏ ထည့်သွင်း အသုံးပြုလေ့ရှိကြပြီး အတော်လေးကို အဖိုးတန် တာပဲ ဖြစ်ပါတယ် ။ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အခုမြင်ရတဲ့ ဝေလငါး အန်ဖတ်တုံးဟာဆိုရင် စျေးကွက်ထဲမှာ ဒေါ်လာ ( ၆၅၀၀၀ ) ကျော်အထိတောင် တန်ကြေးရှိတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဝေလ ငါးအန်ဖတ်တွေဟာ အခုလိုမျိုး စျေးကြီးရတဲ့ အကြောင်းရင်းကတော့ ရေမွှေး စျေးကွက် အကြီးကြီးတွေ ရှိတဲ့ ဒူဘိုင်း လို နေရာမျိုးမှာ ဝယ်လိုအားက တစ်အား မြင့်တက်နေလို့ပဲ ဖြစ်ပါတယ် ။ သမိုင်းမှတ်တမ်းတွေ မှာဆိုရင်လည်း ရှေးခေတ် အီဂျစ် လူမျိုးတွေ ဟာ ဝေလငါး အန်ဖတ်ကို အမွှေးနံ့သာ ထုတ်လုပ်ရာတွင် အသုံးပြုခဲ့ကြပြီး တစ်ခြားသော တိုင်းရင်းသား မျိုးနွယ်စုတွေကတော့ ဆေးဝါးဖော်စပ်တဲ့ နေရာမှာ အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ ကမ်းခြေမှာ သောင်တင်နေတဲ့ ဝေလငါးကြီး

လူတော်တော်များကတော့ ကမ်းခြေမှာ အပန်းဖြေနေရင်း ဝေလငါးကြီး တစ်ကောင် သောင်တင်နေတာကို အပြင်မှာ တွေ့ဖူးဆိုတာ တော်တော်လေးကို ရှားပါးတဲ့ မြင်ကွင်းလို့ပဲ ပြောရမှာပါ ။ ဒါပေမယ့် ( ၂၀၁၆ ) ခုနှစ် တုန်းက ကယ်လီဖိုးနီးယား ပြည်နယ် အတွင်းမှာ ရှိတဲ့ ကမ်းခြေတစ်ခုမှာ Humpback whale မျိူးစိတ် ဖြစ်တဲ့ ဝေလငါးကြီးတစ်ကောင် သောင်တင်ခဲ့ပါတယ် ။ အခုလိုမျိုး သောင်တင်နေတဲ့ ဝေလငါးကြီးရဲ့ အရွယ်အစားဟာ ပေ ( ၄၀ ) အထိ အရှည်ရှိတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ကမ်းခြေမှာ အပန်းဖြေနေတဲ့သူတွေဟာ ဒီ ဝေလငါးကြီးကို ကြည့်ပြီး အံ့ဩခဲ့ကြကာ နောက်ပိုင်းမှာတော့ ဘူဒိုဇာယာဉ်တွေ နဲ့ သေဆုံးသွားတဲ့ ဝေလငါးကြီးကို သမုဒ္ဒရာထဲ ပြန်လည် မျှောပေးဖို့ လုပ်ခဲ့ကြပါတယ် ။ အာဏာပိုင်တွေကတော့ ဝေလငါးကြီး သေဆုံး ရတဲ့ အကြောင်းအရင်းကို အဖြေမထုတ်နိုင် ဖြစ်ခဲ့ရပါတယ် ။ Humpback whale ဝေလငါး မျိုးစိတ်တွေကို မကြာသေးတဲ့ နှစ်တွေကမှ မျိုးတုန်း ပျောက်ကွယ်နိုင်တဲ့ သက်ရှိ စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ Marine Mammal Protection Act ဥပဒေအရ ဆက်လက်ပြီး ကာကွယ် စောင့်ရှောက်မှုတွေ ပြုလုပ်ပေးထားနေသေးတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။  ဒေါ်လာ ( ၄ ) သန်း တန်ကြေးရှိတဲ့ ဆေးလိပ်ဗူးများ

နောက်ထပ်ပြောပြပေးမယ့် ကမ်းခြေမှာ သောင်တင်နေတဲ့ ထူးထူးဆန်းဆန်း အရာ ကတော့ စီးကရက် သောက်သုံးသူတွေ ကို မျက်လုံး ပြူးသွားစေမှာပဲ ဖြစ်ပါတယ် ။ ( ၂၀၁၄ ) ခုနှစ်တုန်းက ဒိန်းမတ် ကုန်တင် သင်္ဘော တစ်စင်းဟာ ပြင်သစ် မြောက်ပိုင်း ကမ်းရိုးတန်း အရောက်မှာ ဟာရီကိန်း မုန်တိုင်း မိခဲ့ပါတယ် ။ ထို မုန်တိုင်း ဒဏ်ကြောင့်ပဲ သင်္ဘောပေါ်မှာ ပါလာတဲ့ စီးကရက် ကွန်တိန်နာ အလုံး ( ၅၀၀ ) ကျော်ဟာ သမုဒ္ဒရာထဲ ပြုတ်ကျခဲ့ပါတယ် ။ ဒါပေမယ့် သင်္ဘောပေါ်မှာပါလာတဲ့ အမှုထမ်းတွေဟာ ကွန်တိန်နာတွေ ပြုတ်ကျသွားတာကို မသိခဲ့ပဲ စပိန်နိုင်ငံ ၊ မာလာဂါ ဆိပ်ကမ်းရောက်မှသာ ကွန်တိန်နာတွေ ပျောက်ဆုံးမှန်း သိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒီဖြစ်ရပ်အပြီး ရက်အနည်းငယ် အကြာမှာတော့ ဒေါ်လာ ( ၄ ) သန်း တန်ကြေးရှိတဲ့ Marlboro စီးကရက် ဗူးတွေဟာ ဗြိတိန် ကမ်းခြေတွေ ဆီကို မျောပါလာခဲ့ပါတယ် ။ ဒေသအာဏာပိုင်တွေကတော့ ထို ဆေးလိပ်ဗူးတွေကို လျှပ်စစ်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုဖို့အတွက် မီးရှို့ခဲ့ပါတယ်တဲ့ ။ အခုလိုမျိုး ကွန်တိန်နာ  ပျောက်ဆုံးသွားတဲ့ အရေအတွက်ဟာ သင်္ဘောတစ်စင်း ပေါ်မှာ ကွန်တိန်နာ အများဆုံး ပျောက်ဆုံး သွားတဲ့ အရေအတွက်အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ် ။ shwekhitonlinetv.com

၆ ။ ရှေးဟောင်း walrus ဦးခေါင်းခွံ

အခု နောက်ဆုံးပြောပြပေးမှာကတော့ ကမ်းခြေ တစ်ခုမှာ တွေ့ရှိခဲ့ကြတဲ့ ရှေးဟောင်း walrus ဦးခေါင်းခွံ အကြောင်းပဲ ဖြစ်ပါတယ် ။ သမိုင်းမှတ်တမ်းတွေထဲက ရှိခဲ့တဲ့ ရေခဲခေတ် ရဲ့ နောက်ဆုံး အချိန်ကာလတွေတုန်းက နေရာတစ်ချို့ဟာ ရေခဲ တွေ အရည်ပျော်သွားပြီး ဖုံးအုပ်တာကို ခံခဲ့ရကာ ပင်လယ် ကြမ်းပြင်အောက်ကို နစ်မြုပ်သွားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အသစ်ပေါ်လာတဲ့ ကမ်းခြေတွေမှာ နှစ်ပေါင်း အတော်ကြာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ ကို တွေ့ခဲ့ရပြီး ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖွေသူတွေ အတွက်တော့ တစ်ကယ့်ကို ရွှေတွင်း တွေ့သလို ဖြစ်စေခဲ့ပါတယ် ။ shwekhitonlinetv.com

ဒီလို ရှာဖွေတွေ့ရှိ မှုတွေထဲမှာမှ အခုမြင်နေရတဲ့ Walrus ဦးခေါင်းခွံကို ( ၂၀၁၂ ) ခုနှစ်တုန်းက နော်ဝေ နိုင်ငံက ကမ်းခြေ တစ်ခုမှာ ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။ ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာသူတွေဟာ ဒီ ဦးခေါင်းခွံကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သက်တမ်းက အနည်းဆုံး နှစ်ပေါင်း ( ၁၀၀၀၀ ) ကျော် သက်တမ်း ရှိတာကို တွေ့ရှိခဲ့ကြပါတယ် ။ ဒီဘက်ခေတ်မှာ မြင်တွေ့နေရတဲ့ ပင်လယ်ဖျံတွေဟာဆိုရင် walrus ဖျံတွေ မျိုးစိတ် တစ်ခုတည်းကနေ ဆင်းသက်လာကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ပင်လယ် ကမ်းခြေမှာ သောင်တင်နေတဲ့ ထူးထူးဆန်းဆန်း အရာတွေ အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

ပရိသတ်ကြီးရေ ဒီ တစ်ခေါက်မှာတော့ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးက ပင်လယ်ကမ်းခြေမှာ သောင်တင်နေတဲ့ ထူးထူးခြားခြား အရာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ပင်လယ် ကမ်းခြေလို နေရာမျိုးမှာ ပစ္စည်းတွေ သောင်တင်တယ်ဆိုတာ သိပ်ပြီး အထူးအဆန်း မဟုတ်ပေမယ့် အခုပြောပြပေးမှာကတော့ ကမ္ဘာတစ်ဝှမ်းက ကမ်းခြေတစ်ချို့မှာ သောင်တင်နေတဲ့ ထူးထူးခြားခြား အရာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဘယ်လို ထူးဆန်းတာတွေ ပါမလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။