ရေငတ်နေတဲ့ တိရိစ္ဆာန်လေးတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ပေးနေတဲ့ အာဖရိက Water Man

ရာသီဥတုပြောင်းလဲမှုတွေဟာ ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ ဇီဝမျိုးကွဲတွေနဲ့ သတ္တဝါတွေရဲ့ဂေဟစနစ်တွေကို သိသိသာသာ ပြောင်းလဲစေပါတယ်။ ဒီလိုပြောင်းလဲမှုတွေရဲ့အကျိုးဆက်သက်ရောက်မှုအများဆုံးနေရာဒေသ တွေကတော့ အာဖရိကနှင့် အန္တာတိကတိုက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ ကင်ညာနိုင်ငံက Tsavo West အမျိုးသားဥယျာဉ်ဖြစ်ပါတယ်။ ဒီအမျိုးသားဥယျာဉ်မှာတော့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ၂၀၁၈ ခုနှစ်ကတည်းက မိုးတစ်ပေါက်မှမရွာသွန်းဘဲ မိုးခေါင်နေခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအမျိုးသားဥယျာဉ်အတွင်းမှာနေထိုင်ကြတဲ့ သတ္တဝါတွေရဲ့ အသက်ရှင်သန်ရေးဟာလည်း ကံကြမ္မာအပေါ်မှာပဲမှီတည်လို့နေခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာကြင်နာတတ်တဲ့နှလုံးသား ရှိတဲ့အမျိုးသားတစ်ယောက်က သတ္တဝါလေးတွေအသက်ဆက်ခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ shwekhitonlinetv.com

ပက်ထရစ်ကီလွန်ဇိုမွာလွှာ (Patrick Kilonzo Mwalua) လို့အမည်ရတဲ့ ပဲစိုက်တောင်သူတစ်ဦးဟာ ရေငတ်နေတဲ့ တိရိစ္ဆာန်လေးတွေအတွက် နေ့စဉ် ရေကို ထရပ်ကားများဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။ သူ့ထရပ်ကားသံကိုကြားတာနဲ့ တိရစ္ဆာန်တွေဟာ ပက်ထရစ်ဆီကို အပြေးအလွှားရောက်လာကြတယ်။ shwekhitonlinetv.com

သူ့အနေနဲ့ တစ်နေ့ကို ရေဂါလံ (၃၀၀၀) ကို တိရိစ္ဆာန်လေးတွေအတွက် မပျက်မကွက်သယ်ဆောင်ပေးခဲ့ပြီး အသက်ဆက်ရှင်စေခဲ့ပါတယ်။ ဒီလိုဘာကြောင့်ကူညီခဲ့သလဲဆိုတဲ့ မေးခွန်းအပေါ်ပက်ထရစ်ပြန်လည်ဖြေကြား ခဲ့တာကတော့ ရိုးရှင်းလွန်းပါတယ်။ shwekhitonlinetv.com

“ပြီးခဲ့တဲ့နှစ် ဇွန်လလောက်ကကျွန်တော် ဆွာဗို (Tsavo) လာရောက်လည်ပတ်ခဲ့တုန်းက ရေတွင်းတွေဟာခြောက်ခမ်းနေပြီး တိရိစ္ဆာန်လေးတွေဟာ စိတ်ပျက်စွာနဲ့ အဲ့ဒီအနီးအနားမှာ ထိုင်နေကြပါတယ်။ ပြောရမယ်ဆိုရင် တိရိစ္ဆာန်လေးတွေအတွက် ဒီမှာရေလုံးဝမရှိတော့ဘူး။ ဒီအခြေအနေမှာ သူတို့ရဲ့အသက်ဟာလူတွေအပေါ်မှာမူတည်နေပါပြီ။ ငါတို့အနေနဲ့သူတို့ကို မကူညီရင် သူတို့တွေပျောက်ကွယ်သွားမှာပေါ့” လို့ဆိုခဲ့ပါတယ်။ shwekhitonlinetv.com

ယခုအခါမှာတော့ ပက်ထရစ်ဟာ ရေငတ်နေတဲ့ တိရိစ္ဆာန်လေးတွေကို ကူညီနိုင်ဖို့အတွက် GoFundMe ဆိုတဲ့ Page တစ်ခုကို ထူထောင်ထားပြီး သူ့ရဲ့ မစ်ရှင်မှာ အခြားသူတွေအနေနဲ့ တစ်ဖက်တစ်လမ်းကပါဝင်နိုင်အောင်လို့ ဖိတ်ခေါ်ထားပါတယ်။ shwekhitonlinetv.com

သူ့ရဲ့အပြုအမူကတော့ လူမှုကွန်ယက်တွေကတစ်ဆင့် တစ်စတစ်စလူသိများလာပြီး အခုဆိုရင်မီဒီယာတွေကတောင် သူ့ကို ရေလူသား “Water Man” လို့တင်စားသုံးနှုန်းနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။