အသက် (၁၀၄) နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ပင်လယ်ထဲမှာတံငါလုပ်ငန်းနဲ့ ဝမ်းစာရှာနေဆဲဖြစ်တဲ့ အဖွားအို

ပုံမှန်အားဖြင့်တော့ လူအတေ်များများဟာ ခက်ခဲပင်ပန်းစွာရုန်းကန်လှုပ်ရှားနေကြရတဲ့ နေ့စဉ်ဘဝတွေကနေ အနားယူပြီးတစ်ချိန်ချိန်မှာ အေးချမ်းစွာနေလိုတဲ့ စိတ်ကူးအိပ်မက်မျိုးရှိကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း လန်ကာဝီကျွန်းမှာနေထိုင်တဲ့ တော့ဝမ် (Tok Wan) ဆိုတဲ့အဖွားအတွက်တော့ ဒီစိတ်ကူးအိပ်မက်တွေက လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေနိုင်ပါတယ်။ shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့ ဒီအဖွားအိုဟာ အသက် (၁၀၄) နှစ်အရွယ်ရှိတာတောင်မှ သားသမီးမြေးမြစ်တွေရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ အေးငြိမ်းစွာအနားမယူဘဲ ပင်လယ်ထဲမှာကိုယ်တိုင် တံငါသည်အလုပ်ကိုလုပ်ကိုင်ပြီး အသက်မွေးနေဆဲ ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

တော့ဝမ်ဆိုတဲ့အဖွားဟာ ငယ်ရွယ်စဉ်ကတည်းကအလုပ်ကိုကြိုးစားတဲ့သူဖြစ်ပြီး သူမဘယ်လောက်ကျန်းမာ သန်စွမ်းကြောင်းအမြဲဂုဏ်ယူစွာ ပြောဆိုတက်နေသူလည်းဖြစ်ပါတယ်။ ဒါကြောင့်အသက်ဆိုတာသူမအတွက်တော့ ကန့်သတ်ချက်တစ်ခုမဟုတ်မှာ သေချာပါတယ်။ shwekhitonlinetv.com

သူမရဲ့မြေးတွေမြစ်တွေကတော့သူမကို အိမ်မှာပဲသက်တောင့်သက်သာအနားယူဖို့အတွက်အကြံပြုကြပါတယ်။ ဒါပေမယ့် အဖွားတော့ဝမ်ကတော့ လက်မခံဘဲသူလုပ်နေကြအလုပ်တွေကိုသာ နေ့စဉ်ပုံမှန်လုပ်မြဲအတိုင်းလုပ်ဆောင်နေပါတယ်။ shwekhitonlinetv.com

သူမရဲ့ နိစ္စဒူဝအလုပ်က ပင်လယ်ပြင်မှာ ငါးနှင့်ပုစွန်ဖမ်းဖို့ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ အိမ်ကိုပြန်လာပြီး ငါးချဉ်၊ ပုစွန်ချဉ်လေးတွေပြုလုပ်တက်ပါတယ်။ သူ့ရဲ့မြေးဖြစ်သူကတော့ သူ့အဖွားအကြောင်းကို လူမှုကွန်ယက်ပေါ်မှာ မကြာခဏတင်လေ့ရှိပြီး အဲ့ဒီကတစ်ဆင့် ဒီအဖွားရဲ့အကြောင်းကို သိရှိပြီး သူရောင်းတဲ့ အရာတွေကို လာရောက်ဝယ်ယူအားပေးသူတွေရှိကြောင်းလည်း သိရပါတယ်။ shwekhitonlinetv.com

အခုအချိန်မှာတော့ အဖွားတော့ဝမ်ဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာလူသိများလာပြီး အသက် (၁၀၄) နှစ် နဲ့ ကျန်းမာသန်စွမ်းစွာ ပြုမူနေထိုင်နိုင်ခြင်းအတွက် အံ့သြမဆုံးဖြစ်နေကြရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။