လိုတရတဲ့ဘဝကို စွန့်လွှတ်ပြီး နိုင်ငံအတွက် တိုက်ပွဲဝင်ဖို့ရွေးချယ်ခဲ့တဲ့ Dr.Ironfist

Dr.Ironfist လို့ ပရိသတ်တွေကနာမည်ပြောင်ပေးခြင်းခံထားရတဲ့ ဗစ်တာလီကလစ်ရှ်ကို (Vitali Klitschko) ကတော့လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့လောကမှာ ပြိုင်ဘက်ကင်းဖြစ်ခဲ့တဲ့ ယူကရိန်းလက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

ဗစ်တာလီကလစ်ရှ်ကိုဟာ ယခင်ကတည်းကလည်း စစ်မှုထမ်းဖူးသူတစ်ယောက်ဖြစ်ပြီး ရောမမြို့မှာကျင်းပတဲ့ ၁၉၉၅ စစ်မှုထမ်းအားကစားပွဲတော်မှာ လက်ဝှေ့အားကစားနည်းကနေ ရွှေတံဆိပ်ရရှိဖူးသူဖြစ်ပါတယ်။ အရပ် (၆) ပေ (၇) လက်မ ရှိတဲ့လူသန်ကြီး ဗစ်တာလီဟာ ၁၉၉၆ ခုနှစ်မှာတော့ ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ shwekhitonlinetv.com

သူ့ဘဝတစ်လျှောက်ပွဲပေါင်း (၄၇) ပွဲထိုးသတ်ခဲ့ရာမှာ လင်းနော့လူးဝစ် နဲ့ ခရစ္စဘာ့ဒ် တို့နဲ့ ထိုးသတ်ခဲ့တဲ့ (၂) ပွဲသာရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့ (၄၅) ပွဲကိုတော့အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီ (၄၅) ပွဲထဲမှာမှ (၄၁) ပွဲက အလဲထိုးပြီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဗစ်တာလီဟာ လက်ဝှေ့လောကမှာပြိုင်ဘက်ကင်းဖြစ်ခဲ့ပြီး သူလက်ဝှေ့လောကကနေ အနားယူတဲ့အချိန်အထိ သူ့ဆီက WBC ချန်ပီယံဘွဲ့ကို စိန်ခေါ်ထိုးသတ်ပြီးရယူနိုင်ခဲ့သူမရှိခဲ့ပါဘူး။ အဲ့ဒီနောက်လက်ဝှေ့လောက ကနေအနားယူခဲ့ပြီးနိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့ရာမှာ ၂၀၁၄ ခုနှစ်မှာတော့ ယူကရိန်းနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကိဗ်ယက် (Kyiv) မြို့ရဲ့မြို့တော်ဝန်ဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ဗစ်တာလီဟာ ဘဝကိုအေးအေးချမ်းချမ်းနဲ့ လိုတိုင်းတရနိုင်တဲ့သူအဖြစ် ဖြတ်သန်းခွင့်ရခဲ့သူဖြစ်ပါတယ်။ သူ့မှာကြီးမားတဲ့စံအိမ်၊ ကိုယ်ပိုင်ဂျက်လေယာဉ်တွေ၊ အကောင်းစားဇိမ်ခံကားတွေပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ရုရှားတို့အနေနဲ့ ၎င်းရဲ့မိခင်နိုင်ငံဖြစ်တဲ့ ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲခဲ့ချိန်မှာတော့ ဗစ်တာလီဟာ သူပိုင်ဆိုင်ထားတဲ့ ဥစ္စာဓနနဲ့မိသားစုကိုစွန့်လွှတ်ပြီး ရုရှားတို့ကိုပြန်လည်တိုက်ခိုက်ဖို့အတွက် စစ်တပ်ထဲကိုဝင်ရောက်ခဲ့ပါတယ်။ shwekhitonlinetv.com

သူနဲ့အတူပဲ WBA ဟဲဗီးဝိတ်ချန်ပီယံဖြစ်တဲ့ သူ့ရဲ့ညီ ဝလာဒီမာကလစ်ရှ်ကိုဟာလည်း ယူကရိန်းစစ်တပ်ထဲကို ဝင်ရောက်ပြီး ရုရှားတို့ကိုတိုက်ထုတ်ရာမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျှက်ရှိပါတယ်။ ဒီဟဲဗီးဝိတ်ချန်ပီယံညီနောင်ရဲ့ စိတ်ဓာတ်ကတော့အတော်လေးကိုလေးစားဖို့ကောင်းပြီး သမိုင်းတွင်ကျန်နေရစ်ခဲ့မှာကတော့ ကျိန်းသေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။