ရုပ်ဆိုးတယ်လို့ သက်မှတ်ခံခဲ့ရပေမဲ့၊ ကိုယ်ပိုင် အလှတရားကို ရှာဖွေတွေ့ရှိ သွားကြသူများ

လူတိုင်းမှာ ကိုယ်ပိုင်အလှတရားကိုယ်စီရှိကြပါတယ်။ လောကမှာ ရုပ်ဆိုးတဲ့သူ ရုပ်ချောတဲ့သူရယ်လို့ မရှိပါဘူးနော်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားတွေကို ထုတ်ဖော်တတ်တဲ့သူနဲ့ မထုတ်ဖော်တတ်တဲ့သူပဲ ရှိပါတယ်။ တကယ်လို့ မှန်ထဲမှာ ကြည့်မိတိုင်း ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ ထင်နေမိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ဖို့ လိုမယ်နော်။ လူတိုင်းက ရုပ်ဆိုးတယ်လို့ သတ်မှတ်ထားရာကနေ ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ သူတွေရဲ့ အကြောင်းကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်ရှင်။ shwekhitonlinetv.com

၁။ ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံလေးကို အလေးထားပါ။

ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဟာ ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာ မသိပဲ စမ်းတဝါးဝါးဖြစ်နေတဲ့ လူငယ်တွေ ရှိမယ်ထင်ပါတယ်နော်။ ပုံထဲက မိန်းကလေးကလည်း သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ မှားယွင်းတဲ့ အပြင်အဆင်ကြောင့် တော်တော်ကို ကြည့်ရဆိုးခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၂၀ ကျော် တည်ငြိမ်စပြုတဲ့ အရွယ်မှာတော့ သူမရဲ့ ပင်ကိုယ်အလှတရားကို တွေ့ရှိခဲ့တာကြောင့် အရမ်းကို လှပနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ကိုယ်နဲ့ လိုက်ဖက်မယ့် မိတ်ကပ်အပြင်အဆင်ကို ဖန်တီးပါ။

မိတ်ကပ်လိမ်းပြီးမှ လှသွားတယ်လို့ အပြောခံရမှာကို မစိုးရိမ်ပါနဲ့နော် မိန်းကလေးတို့ ။ သဘာဝဆန်ဆန် မိတ်ကပ်ပါးပါးလေးတွေနဲ့လည်း ကိုရီးယားဆန်ဆန် လှပနိုင်တဲ့ ခေတ်ကြီးမှာ မိတ်ကပ်လှလှလေးနဲ့ ယုံကြည်ချက်ရှိရှိ နေလိုက်ပါ။ ပုံထဲက မိန်းကလေးကတော့ အသက် ၁၂ နှစ်နဲ့ ၂၀ နှစ်ကြား ၈ နှစ်တာကွာခြားချက်မှာ အရမ်းကို လှပနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မျက်ခုံးမွှေး၊ မျက်လုံးပုံစံ နဲ့ ဆံပင်စတိုင်လ်ကို ဂရုစိုက်ပါ။

တခါတလေမှာ မျက်ခုံးမွှေးနဲ့ ဆံပင်စတိုင်လ်ကလည်း အလှတရားအပေါ် အများကြီး သက်ရောက်မှုရှိတဲ့အကြောင်း ဒီပုံလေးကတဆင့် သတိထားမိနိုင်ပါတယ်နော်။ ဒါ့ကြောင့် မိတ်ကပ်အများကြီး မလိမ်းချင်ဘူးဆိုရင် ဆံပင်စတိုင်လ်နဲ့ မျက်ခုံးမွှေးကို သေချာပြင်ဆင်ပြီး အလှတရားကို ရှာဖွေလိုက်ပါ။ shwekhitonlinetv.com

၄။ ကိုယ်နဲ့လိုက်ဖက်မယ့် စတိုင်လ်ကို ပြောင်းလဲယူပါ။

ကိုယ့်ရဲ့ အလှတရားကို ရှာဖွေတဲ့အခါမှာ ကိုယ်က ဘယ်လိုအပြင်အဆင်နဲ့ လိုက်ဖက်လဲဆိုတာကို ကောင်းကောင်းသိဖို့ကလည်း အရေးကြီးပါတယ်။ ပုံမှာ တွေ့ရတဲ့ မိန်းကလေးကတော့ သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ မလိုက်ဖက်တဲ့ ဒီဇိုင်းကြောင့် အားလုံးရဲ့ အထင်သေးခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၉ နှစ်အရွယ်မှာတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားကို ရှာဖွေတွေ့ရှိသွားတဲ့အခါတော့ ဖော်ပြထားတဲ့ ပုံထဲကလို လှပနေတာကို တွေ့ရှိရမှာပါ။ shwekhitonlinetv.com

၅ ။ မျက်မှန်တပ်တဲ့သူတွေဆိုရင် လိုက်ဖက်တဲ့ မျက်မှန်ကို ရွေးချယ်ပါ။

ဒီပုံလေး ၂ ပုံရဲ့ ထူးခြားချက်ကို ရှာပါ။ ပုံထဲက မိန်းကလေးကတော့ သူမရဲ့ အသက် ၁၆ နှစ်နဲ့ အသက် ၂၀ ကြား ၄ နှစ်တာအတွင်းမှာ နောက်ထပ်လူတယောက်လို ကွာခြားသွားတဲ့ အသွင်အပြင်ကို ပြသထားတာ ဖြစ်ပါတယ်။ ဒီပုံထဲက မိန်းကလေးကတော့ မျက်ခုံးမွှေးကို ဂရုတစိုက် ပြင်ဆင်ခဲ့ပြီး မျက်နှာပုံစံနဲ့လိုက်ဖက်တဲ့ မျက်မှန်ကို တပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နည်းနည်းလေး အပြောင်းအလဲလုပ်ရုံနဲ့ နောက်ထပ်လူတယောက်လို ပြောင်းလဲလှပနိုင်ခဲ့တာကို တွေ့ရမှာပါနော်။ shwekhitonlinetv.com

၆ ။ အသားအရည်ကို ထိန်းသိမ်းပါ။

ပုံထဲက ကောင်လေးကတော့ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပြဿနာ အသားအရည်ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူပဲ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဘယ်သူမှ မမှတ်မိလောက်အောင် ကောင်းမွန်တဲ့အသားအရည်နဲ့ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်ထားတာကို တွေ့ရမှာပါ။ အသားအရည်ကို ဂရုစိုက်တဲ့အခါ စျေးကြီးတဲ့ ပစ္စည်းတွေထက် ရေများများသောက်ပေးတာ အသီးအနှံစားတာ အိပ်ရေးဝဝ အိပ်တာကလည်း အသားအရည်ကို ကောင်းမွန်စေတာပါပဲနော်။ shwekhitonlinetv.com

၇။ ကိုယ်ဘယ်လိုပုံစံနဲ့ လိုက်ဖက်တယ်ဆိုတာ သိဖို့ ကြိုးစားပါ။

ဆယ်ကျော်သက်အရွယ်ကနေ ၂၀ ကျော်အရွယ်အဖြစ် ကူးပြောင်းလာတဲ့ အကူးအပြောင်းဟာ အရမ်းကို အရေးကြီးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ငွေကြေးရှာဖွေဖို့ လက်တွဲဖော်အတည်တကျ ဖြစ်ဖို့ကလည်း အရေးပါသလို ကိုယ့်ရဲ့ အသွင်အပြင်ကို အကောင်းဆုံးဖော်ထုတ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ပုံထဲက ကောင်လေးကတော့ ဆယ်ကျော်သက်အရွယ်ကနဲ့ မတူညီစွာ ရင့်ကျက်ပြီး ယောက်ျားဆန်တဲ့အသွင်အပြင်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အလှတရားကို ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ကိုယ်လိုချင်တာ ဘာလဲဆိုတာကို သိအောင်လုပ်ပါ။

ဒီပုံလေးကတော့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်အရွယ်မှာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ ကောင်လေးကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ပိန်ပါးတဲ့ ခန္ဓာကိုယ်နဲ့ အားနည်းတဲ့ပုံစံ ပေါက်နေတဲ့ ကောင်လေးက ၂၀ ကျော်အရွယ်မှာတော့ သူဘာကို လိုချင်လဲဆိုတာ ကောင်းကောင်းကြီး သိခဲ့သူပါ။ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ဆိုတာဟာ ကိုယ်ကိုယ်တိုင် ထုဆစ်ရမယ်ဆိုတဲ့ သဘောတရားကို ပြောပြနေတဲ့ ပုံလေးလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၉ ။ ရုပ်ဆိုးလို့ နှိမ်တဲ့ အသိုင်းအဝိုင်းကနေ ပြေးထွက်ခဲ့ပါ။

ကိုယ့်ရဲ့ ပင်ကိုယ်အလှတရားကို ရှာဖွေတဲ့အခါ နံပါတ်တစ်အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုမှ မယုံကြည်ဘူးဆိုရင် ကိုယ့်ရဲ့ အလှတရားတွေကို ရှာဖွေနိုင်ဖို့ နှောင့်နှေးသွားနိုင်ပါတယ်နော်။ ပုံထဲက မိန်းကလေးကတော့ ရုပ်ဆိုးလို့ အနှိမ်ခံခဲ့ရာကနေ သူမရဲ့ အလှစစ်ကို ရှာဖွေတွေ့ရှိပြီးနောက်မှာတော့ အချိန်ပိုင်း မော်ဒယ်လ်အဖြစ်တောင် ရပ်တည်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့သူပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀ ။ ပါဝါမျက်မှန်ကြီးကို ခဏမေ့လိုက်ပါ။

အစစအရာရာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ အလှအပအတွက် အရာရာအားလုံးက အသင့်ရှိနေတယ်ဆိုတာကို မမေ့ပါနဲ့နော်။ ကိုယ့်ရဲ့ မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်မှန်ကို တပ်ပြီး လှနိုင်သလို ပါဝါမျက်မှန်ကြီးကို ခေါက်ထားပြီး မျက်ကပ်မှန်လှလှလေးတွေနဲ့ လှနိုင်ပါတယ်။ ပုံထဲက မိန်းကလေးကတော့ သူမရဲ့ ပါဝါမျက်မှန်ထူထူကြီးကို ခေါက်ထားခဲ့ပြီး မိတ်ကပ်လှလှလေးနဲ့ တောက်ပနေအောင် လှပနေတာကို တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ပရိတ်သတ်ကြီးလည်း ကိုယ့်ရဲ့ အလှတရားတွေကို အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်ပါစေနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ တခြားဝက်ဆိုက်များတွင် ကူးယူဖော်ပြခွင့် မပြုပါ။