ကမ္ဘာ့အမြင့်ဆုံးဒေါင်လိုက်သင်္ချိုင်းမှာ ထာဝရအိပ်စက်အနားယူမယ့် ဘောလုံးဘုရင်တစ်ပါး

ဘောလုံးဘုရင်လို့တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ ဘရာဇီးလ်ဂန္တဝင်ဘောလုံးသမားကြီး ပီလီကတော့ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာ အူမကြီးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

ပီလီဟာ သူ့ခေတ်သူ့အခါတုန်းကဘယ်သူမှလိုက်လို့မမှီတဲ့ ခြေစွမ်းတွေကိုပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပြီး ဘရာဇီးလ်အသင်းကို ကမ္ဘာ့ဖလား (၃) ကြိမ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ဒီစံချိန်ကို ယနေ့ချိန်ထိလိုက်မီနိုင်တဲ့ ကစားသမားလည်းမရှိသေးပါဘူး။ shwekhitonlinetv.com

ကစားသမားဘဝမှာသူမတူဘဲထူးခြားခဲ့တဲ့ ပီလီဟာ ကွယ်လွန်တဲ့အချိန်မှာလည်း သူများနှင့်မတူဘဲ ဘရာဇီးလ်နိုင်ငံ ဆန်းတို့စ်မြို့က ကမ္ဘာ့အမြင့်ဒေါင်လိုက်သင်္ချိုင်းလို့ လူသိများတဲ့နေရာမှာ ဂူသွင်းမြုပ်နှံခြင်းခံရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ရုပ်ခန္ဓာကိုယ်တော့ဒေါင်လိုက်သင်္ချိုင်းရဲ့ ကိုးလွှာမှာထားရှိသွားမှာဖြစ်ပါတယ်။ အဲ့ဒီ ကိုးလွှာမှာရှိတဲ့ သူ့ရဲ့ဂူဗိမာန်ဟာ မီတာ (၂၀၀) ကျယ်ဝန်းပြီး ပတ်ဝန်းကျင်ကိုလည်း ဘောလုံးကွင်းပုံစံဖန်တီးထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဘရာဇီးလ်နိုင်ငံရဲ့ အရှေ့တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ ဆန်းတို့စ်မြို့မှာတည်ရှိတဲ့ ဒီဒေါင်လိုက်သင်္ချိုင်းဟာ စတုရန်းပေပေါင်း (၄၃၀,၀၀၀) ကျယ်ဝန်းပြီး ၂၄ နာရီဖွင့်လှစ်တဲ့ စားသောက်ဆိုင်၊ ဘုရားကျောင်း၊ မော်တော်ကားပြတိုက် စတာတွေပါဝင်တဲ့ အဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဆန်းတို့စ်ဘောလုံးကလပ်အသင်းအတွက် ကြီးမြတ်တဲ့ ကစားသမားဖြစ်တဲ့ပီလီအတွက် ဆန်းတို့စ်အသင်းဟာ ပီလီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၀) ကိုလည်း ထာဝရအနားပေးလိုက်တယ်လို့သိရပါတယ်။ ဘောလုံးဘုရင်ကြီး ပီလီဟာ ကွယ်လွန်တဲ့အချိန်မှာတော့ အသက် (၈၂) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။