ခရမ်းရောင်ကြိုက်သူတွေအတွက် တောင်ကိုရီးယားနိုင်ငံက သီးသန့်ကမ္ဘာလေး တစ်ခု

သင့်အနေနဲ့အရောင်တွေထဲမှာ ဘယ်အရောင်ကို ကြိုက်နှစ်သက်ဆုံးဖြစ်ပါသလဲ ? တစ်ကယ်လို့များသင်က ခရမ်းရောင်ကိုအလွန်တရာမှ ကြိုက်နှစ်သက်တဲ့သူတစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်တော့ အခုဖော်ပြမယ့် ကျွန်းကလေးကို တစ်ကြိမ်တစ်ခါလောက်တော့ သွားရောက်လည်ပတ်ဖို့အကြံပြုပါရစေ …. shwekhitonlinetv.com

ဘာကြောင့်အခုလိုအကြံပေးရသလဲဆိုတော့ ဒီကျွန်းပေါ်မှာ မြင်တွေ့ရသမျှ အရာအားလုံးဟာခရမ်းရောင်တွေချည်းပဲ ဖြစ်နေလို့ပါ။ ဟုတ်ပါတယ်။ ဒီကျွန်းလေးကတော့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Banwol လို့အမည်ရတဲ့ကျွန်းလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကျွန်းပေါ်မှာရှိတဲ့ အဆောက်အုံတွေ၊ ပရိဘောဂအသုံးအဆောင်တွေ၊ စိုက်ခင်းတွေ၊ မော်တော်ယာဉ်တွေနဲ့ အခြားအသုံးအဆောင်အကုန်လုံးက ခရမ်းရောင်တစ်မျိုးတည်းဖြစ်နေတာပါ။ ဒါဟာဒီကျွန်းကို ကမ္ဘာလှည့်ခရီးသွားတွေလာရောက်ဖို့အတွက် အဓိကဆွဲဆောင်နေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ shwekhitonlinetv.com

တောင်ကိုးရီးယားနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Banwol ကျွန်းဟာ အဆောက်အဦ ၄၀၀ ခန့်ရှိပြီးတော့ တစ်ချိန်က စိုက်ပျိုးရေးကိုအဓိကအားထားရတဲ့ ဒေသလေးတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်အတွင်းမှာတော့ ကျွန်းပေါ်ကအရာတွေအားလုံးကို ခရမ်းရောင်အဖြစ်ပြောင်းလဲမည့် ထူးထူးခြားခြား ပရောဂျက်တစ်ခုကို စတင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

အဲ့ဒီနောက်မှာတော့ အဆောက်အအုံတွေရဲ့ နံရံတွေနဲ့ ခေါင်မိုးတွေကို လှပတဲ့ခရမ်းရောင်ဆေးတွေရေးခြယ်ခဲ့ပြီး အများပြည်သူသုံးတယ်လီဖုန်းရုံတွေ၊ တံတားတွေ နဲ့ မြင်မြင်သမျှအရာအားလုံးကို ခရမ်းရောင်ဆေးခြယ်ပြီးအလှဆင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး။ ကျွန်းပေါ်က မြေနေရာလွတ်အများအပြားကိုလည်း ခရမ်းရောင် လာဗန်ဒါပန်းတွေ စိုက်ပျိုးစေခဲ့ပြီး ဝေဟင်ကနေ ဒီကျွန်းကိုကြည့်လိုက်ရင် လုံးဝခရမ်းရောင်ကျွန်းကြီးအသွင် ဖြစ်နေအောင် ဖန်တီးပြောင်းလဲပစ်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ရဲ့ ခရီးသွားတွေကိုဆွဲဆောင်ဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ ဒီပရောဂျက်ဟာ အောင်မြင်တယ်လို့ ဆိုရမှာဖြစ်ပြီး (၂၁၀၈) ခုနှစ်အတွင်းမှာ ကျွန်းကိုလာရောက်လည်ပတ်သူ (၄၉၀,၀၀၀) အထိရှိခဲ့ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ ဒီကျွန်းပေါ်မှာအခြေချနေထိုင်သူဟာ (၁၅၀) အောက်သာရှိတော့ပြီး အများစုကတော့ ဟိုတယ်လုပ်ငန်းလာရောက်လုပ်ကိုင်သူတွေနဲ့ အခြားစီးပွားရေးလာရောက်လုပ်ကိုင်သူတွေဖြစ်ကုန်ပါပြီ။ shwekhitonlinetv.com

တစ်ချိန်က စိုက်ပျိုးမွေးမြူရေးကိုအားထားပြီး လူသိနည်းတဲ့ကျွန်းလေးဟာ အခုအချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားနေတဲ့ ခရမ်းရောင်ကျွန်းလေးအသွင်ပြောင်းလဲသွားပြီဖြစ်ပြီး ဓာတ်ဖမ်းချင်သူတွေနဲ့ ရိုမန်းတစ်ဆန်ချင်တဲ့ အတွဲတွေသွားရောက်လည်ပတ်သင့်တဲ့ နေရာလေးတစ်ခုဖြစ်နေခဲ့ပါပြီ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။