ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာတောင် အလုပ်လုပ်ခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ

ကိုယ်ဝန်ဆောင်တယ်ဆိုတာကတော့ အမျိုးသမီးတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။ ဒီအချိန်ကာလဟာ အမျိုးသမီးတွေအတွက် အသွားအလာ၊ အနေအထိုင်၊ အစားအသောက် ကစလို့အစစ အရာရာဆင်ခြင်ရတဲ့ကာလတစ်ခုဆိုလည်းမမှားပါဘူး။ ဒါပေမယ့်စစ်တမ်းတွေအရတော့ ကမ္ဘာပေါ်က ကိုယ်ဝန်ဆောင်အမျိုးသမီးစုစုပေါင်းရဲ့ (၅၆) ရာခိုင်နှုန်းလောက်ကအချိန်ပြည့်လုပ်ငန်းခွင်ဝင်နေကြပြီး အချို့ကလည်း နာရီအပိုင်းအခြားနဲ့ မိမိတို့အသက်မွေးဝမ်းကြောင်းအလုပ်တွေကိုလုပ်နေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော်ဆယ်လီတွေထဲက ကိုယ်ဝန်ဆောင်နေစဉ် မိမိတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေကို လုပ်ကိုင်ခဲ့ကြသူတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ Adriana Lima

စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Adriana Lima ကတော့ ပြီးခဲ့တဲ့ ဧပြီလထဲမှာသူမရဲ့ရင်သွေးလေးကိုလွယ်ထားရင်းနဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ catwalk လျှောက်ခဲ့ပါတယ်။ Alexander Wang ရဲ့ ဖက်ရှင်ရှိုးမှာ သူမအနေနဲ့ သူမရဲ့ရင်သွေးလေးလွယ်ထားတဲ့ ဗိုက်ကိုလှစ်ဟပြခဲ့ပြီး catwalk လျှောက်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Jennifer Lopez

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Jennifer Lopez ကတော့ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ Marc Anthony နဲ့ရတဲ့ အမွှာရင်သွေးလေးတွေကိုလွယ်ရင်း Tour အစီအစဉ်တွေမှာဖျော်ဖြေခဲ့ဖူးပါတယ်။ ဒီဖျော်ဖြေပွဲတွေမှာလည်း သူမအနေနဲ့ သူမရဲ့ရင်သွေးလေးဟာ ယောကျ်ားလေးလား၊ မိန်းကလေးလား စသဖြင့်ပရိသတ်တွေကို မှန်းဆခိုင်းတာမျိုးလုပ်ဖူးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ Serena Williams

အမေရိကန်တင်းနစ်အကျော်အမော်တစ်ဦးဖြစ်တဲ့ Serena Williams ကတော့ အားကစားလောကမှာ မသိသူမရှိလောက်အောင်ကျော်ကြားလှတဲ့ တင်းနစ်ဘုရင်မတစ်ဦးဖြစ်ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ် သြစတြေးလျအိုးပင်း စတင်ချိန်မှာကိုယ်ဝန်ရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သူမဟာပြိုင်ပွဲကနှုတ်ထွက်ရမယ့်အစား အဲ့ဒီကိုယ်ဝန် (၈) ပတ်နဲ့ပဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်စွဲခဲ့ပါတယ်။ shwekhitonlinetv.com

၄။ Kerry Washington

ပရိသတ်အားပေးမှု အများအပြားရရှိခဲ့တဲ့ Scandal ရုပ်သံစီးရီးမှာ Olivia Pope အဖြစ်ပါဝင်ခဲ့တဲ့ Kerry Washington ကလည်း ကိုယ်ဝန်ဆောင်ထားစဉ်အတွင်း ရိုက်ကူးရေးတွေပြုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမအနေနဲ့ ဒီရုပ်သံရဲ့ Season 6 ရိုက်ကူးချိန်မှာ ကိုယ်ဝန်ကအတော်လေးရင့်နေခဲ့တာကြောင့် သူမရဲ့ ဗိုက်ကိုကာကွယ်ဖို့အတွက် ဇာတ်လမ်းအတွင်း ကုတ်အင်္ကျီခပ်ပွပွဝတ်ဆင်တာမျိုး၊ လက်ကိုင်အိတ်ကြီးကြီးကိုင်ဆောင်တာမျိုးလုပ်ခဲ့ရပါတယ်။ အချို့ဇာတ်ဝင်ခန်းတွေအတွက်ဆိုရင် ဇာတ်ညွှန်းတောင်အနည်းငယ်ပြောင်းခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ Beyonce

နောက်ထပ်ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ အဆိုတော် Beyonce ဟာလည်း ၂၀၁၇ ခုနှစ် ဂရမ်မီဆုပေးပွဲမှာ ကိုယ်ဝန်အရင့်အမာနဲ့ ဖျော်ဖြေပေးခဲ့ဖူးပါတယ်။ ဒီပွဲကိုတော့ သူမရဲ့ခင်ပွန်း၊ သမီးဖြစ်သူတို့နဲ့အတူတက်ရောက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Gal Gatot

Wonder Woman တစ်ဖြစ်လဲ Gal Gatot ကလည်းပရိသတ်နဲ့အထူးမိတ်ဆက်ဖို့မလိုတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။ သူမဟာ ကိုယ်ဝန် (၅) လနဲ့ Wonder Woman ဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့သူဖြစ်ပြီး သူမရဲ့ဗိုက်ကိုမသိသာအောင်လို့ ရုပ်ရှင်အဖွဲ့သားတွေက ဖန်တီး တည်းဖြတ်ပေးခဲ့ကြရပါတယ်။ shwekhitonlinetv.com

၇။ Christina Aguilera

Christina Aguilera ကတော့ ၂၀၁၄ ခုနှစ်အတွင်း သူမရဲ့ဒုတိမြောက်ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာ စင်ပေါ်မှာသီချင်းတစ်ပုဒ်ဆိုခဲ့ဖူးပါတယ်။ ဒါတင်မကသေးပါဘူး သူမဟာ အဲ့ဒီကိုယ်ဝန်လွယ်ထားစဉ်မှာပဲ သီချင်းအယ်လ်ဘမ်အသစ်အတွက် ရိုက်ကူးရေးတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။