ကမ္ဘာ့အမြင့်ဆုံး သစ်ပင်ကြီး အနားကပ်တဲ့သူမှန်သမျှ ထောင်ဒဏ် (၆) လ နဲ့ ဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည်

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ ကမ္ဘာပေါ်မှာ အမြင့်ဆုံးသစ်ပင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးအနီးကို ယခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကပ်လို့မရအောင် ပြင်းထန်တဲ့ကန့်သတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီကန့်သတ်ချက်မှာတော့ ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးရဲ့ အနားကို အခွင့်မရှိဘဲ ဘယ်လိုအကြောင်းမျိုးနဲ့မှကပ်ခွင့်ပေးတော့မှာမဟုတ်ပါဘူး။ တစ်ကယ်လို့ ဒီကန့်သတ်ချက်ကိုဖောက်ဖျက်ပြီး သစ်ပင်ကြီးရဲ့ အနီးကိုသွားရောက်ဖို့ ကြိုးပမ်းမှုခဲ့ရင် ထောင်ဒဏ်ခြောက်လအထိကျခံရနိုင်ပြီး ဒဏ်ငွေ ဒေါ်လာ ၅,၀၀၀ (ပေါင် ၄,၁၀၃) ချမှတ်ခံရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ကယ်လီဖိုးနီးယားပြည်နယ် Redwood အမျိုးသားဥယျာဉ်ထဲက ဟိုက်ပါရီယံ (Hyperion) လို့အမည်ပေးထားတဲ့ ဒီသစ်ပင်ကြီးဟာ သက်တမ်း နှစ် (၆၀၀) ကနေ နှစ် (၈၀၀) ကြားရှိမယ်လို့ခန့်မှန်းရပြီး အမြင့်ပေ ၃၈၀ (၁၁၅.၉၂ မီတာ) မြင့်ပါတယ်။ ဒါဟာကမ္ဘာပေါ်က သက်ရှိအပင်တွေထဲမှာအမြင့်ဆုံး အတိုင်းအတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးဟာ တောနက်ထဲမှာရှိတာကြောင့်မို့လို့ လေ့လာစူးစမ်းသူတွေဟာ ဒီသစ်ပင်ကြီးဆီကိုရောက်ဖို့အတွက် မြက်ပင်တွေနဲ့ ချုံနွယ်တွေကို ခုတ်ထွင်ရှင်းလင်းကာ လမ်းထွင်ပြီးသွားကြရပါတယ်။ shwekhitonlinetv.com

အဲ့ဒီလိုမျိုးသွားရာမှာ ဒီသစ်ပင်ကြီးရဲ့ထူးခြားတဲ့ဂေဟ စနစ်ကိုထိခိုက်စေခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသစ်ပင်ကြီးရဲ့ အစာချက်တဲ့စနစ်ဟာ ဘေးဘီတစ်ဝိုက်မှာ မြက်ပင်တွေလို အပင်ငယ်တွေရှိနေဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

သစ်ပင်ကြီးဆီကို စူးစမ်းလေ့လာဖို့၊ မှတ်တမ်းတင်စာတမ်းပြုစုဖု့ိ၊ ဓာတ်ပုံရိုက်ဖို့ စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ လာရောက်နေကြတဲ့သူတွေကြောင့် သစ်ပင်ကြီးအနီးတစ်ဝိုက်မြေတလင်းဟာ တဖြည်းဖြည်းပြောင်ရှင်းလာသလို စွန့်ပစ်အမှိုက်တွေလည်းပေါများလာပါတယ်။ ဒါဟာ ရေရှည်မှာ ဒီသစ်ပင်ကြီးအပါအဝင်အနီးဝန်းကျင်က သစ်ပင်တွေရဲ့ ဂေဟစနစ်ကို ပျက်စီးယိုယွင်းလာနိုင်စေပါတယ်။ shwekhitonlinetv.com

ဒီအချက်တွေကို သစ်တောနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ချို့က Redwood အမျိုးသားဥယာျဉ်ကတာဝန်ရှိသူတွေကို အစီရင်ခံတင်ပြခဲ့တာကြောင့် အခုလိုမျိုးကန့်သတ်ချက်ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် အခုအခါမှာတော့ Redwood အမျိုးသားဥယျာဉ်ထဲက ဒီသစ်ပင်ကြီးရဲ့ အနီးတစ်ဝိုက်ကို အခွင့်မရှိဘဲသွားရောက်ခဲ့ရင် ဘယ်သူမဆို အနည်းဆုံးထောင်ဒဏ် (၆) လချမှတ်ခံရမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။