အသန့်စင်ဆုံး လေထုကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်ကမြို့ (၁၀) မြို့

နေ့စဉ်နှင့်အမျှတိုးပွားလာနေတဲ့ ကမ္ဘာ့လူဦးရေကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ မြို့ရွာ၊ တိုင်းပြည်တွေမှာရှိနေတဲ့ လေထုဟာ တစ်စတစ်စပိုမိုညစ်ညမ်းလာလျက်ရှိပါတယ်။ ဒီလိုမျိုး လေထုညစ်ညမ်းလာမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအဖြစ် လူသားတွေဟာရောဂါဘယတွေတိုးပွားလာပြီး ပျမ်းမျှသက်တမ်းဟာလည်း တဖြည်းဖြည်းတိုတောင်းလာပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဒီလိုဖြစ်ရပ်တွေနဲ့ ဆန့်ကျင်ဘက်အခြေအနေမှာရှိပြီး အသန့်စင်ဆုံးလေထုကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်ကမြို့ (၁၀) မြို့အကြောင်းပဲဖြစ်ပါတယ်။ ဒီမြို့ကြီးတွေရဲ့လေထုညစ်ညမ်းမှုကိုတော့ လေထုထဲမှာပါတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတ်ငွေ့တွေလေထုထဲမှာပါဝင်နေတဲ့ နှုန်းကိုလေ့လာဆန်းစစ်ပြီး တွက်ချက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

*µg/m3 = microgram per cubic metre

၁၀။ ဟိုနိုလူလူ – အမေရိကန် (3.91 µg/m3)

ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာရှိနေတာကတော့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာရှိတဲ့ ဟိုနိုလူလူ (Honolulu) မြို့ပဲဖြစ်ပါတယ်။ ဟိုနိုလူလူမြို့ရဲ့ လေထုဟာသန့်ရှင်းလွန်းပြီး လေထုညစ်ညမ်းမှုနှုန်းက (3.91 µg/m3) သာရှိပါတယ်။ shwekhitonlinetv.com

၉။ ဆစ်ဒနီ – သြစတြေးလျ (3.85 µg/m3)

နံပါတ် (၉) နေရာမှာရှိနေတာကတော့ သြစတြေးလျတိုက်က လူဦးရေ (၅) သန်းကျော်နေထိုင်တဲ့ ဆစ်ဒနီ (Sydney) မြို့ပဲဖြစ်ပါတယ်။ ဒီမြို့ရဲ့လေထုညစ်ညမ်းမှုနှုန်းကတော့ (3.85 µg/m3) ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေနှစ်စဉ်အများအပြားလာရောက်နေပေမယ့် ဆစ်ဒနီမြို့ရဲ့လေထုညစ်ညမ်းမှုကို မြင့်တက်မသွားအောင် ထိန်းသိမ်းထားနိုင်တာက ချီးကျူးစရာကောင်းလှပါတယ်။ shwekhitonlinetv.com

၈။ ဝူလင်ဂေါင် – သြစတြေးလျ (3.70 µg/m3)

နံပါတ် (၈) နေရာမှာရှိတာကလည်း သြစတြေးလျနိုင်ငံရဲ့ မြို့တစ်မြို့ပဲဖြစ်ပြီး လူဦးရေ (၃) သိန်းဝန်းကျင်နေထိုင်တဲ့ ဝူလင်ဂေါင် (Wollongong) မြို့ဖြစ်ပါတယ်။ ဒီမြို့ကတော့ လေထုညစ်ညမ်းမှုနှုန်း (3.70 µg/m3) ရှိပါတယ်။ shwekhitonlinetv.com

၇။ လောင်ဆက်စတန် – သြစတြေးလျ (3.51 µg/m3)

ဒီစာရင်းရဲ့ နံပါတ် (၇) နေရာကမြို့ကလည်း သြစတြေးလျနိုင်ငံကမြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဒီမြို့ကလေးကတော့ သြစတြေးလျ ပြည်မကြီးကမဟုတ်ဘဲ Tasmania ကျွန်းကလေးမှာရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ လောင်ဆက်စတန် (Launceston) လို့အမည်ရတဲ့ ဒီမြို့ကလေးက လေထုညစ်ညမ်းမှုနှုန်း (3.51 µg/m3) သာရှိတဲ့မြို့လေးပါ။ shwekhitonlinetv.com

၆။ ကရီဗီ ရီယာ – ယူကရိန်း (3.42 µg/m3)

နောက်ထပ်လေထုညစ်ညမ်းမှုအနည်းဆုံး အဆင့် (၆) နေရာမှာရှိနေတဲ့ မြို့ကလေးကတော့ ယူကရိန်းနိုင်ငံက ကရီဗီ ရီယာ (Kryvyi Rih) ဆိုတဲ့မြို့လေးဖြစ်ပါတယ်။ ဒီမြို့ကလေးဟာ လေထုညစ်ညမ်းမှုနှုန်း (3.42 µg/m3) သာရှိတဲ့မြို့လေးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရေ့ကစ်ဗစ် – အိုက်စလန် (3.38 µg/m3)

ဒီစာရင်းရဲ့အဆင့် (၅) နေရာမှာရှိနေတာကတော့ ဥရောပတိုက်က အိုက်စလန်နိုင်ငံရဲ့ လူဦးရေ (၁) သိန်းခွဲဝန်းကျင်နေထိုင်တဲ့ ရေ့ကစ်ဗစ် (Reykjavík) မြို့ပဲဖြစ်ပါတယ်။ ဒီမြို့ရဲ့ လေထုညစ်ညမ်းမှုနှုန်းကတော့ (3.38 µg/m3) ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဟိုဘာ့တ် – သြစတြေးလျ (2.55 µg/m3)

အဆင့် (၄) နေရာမှာရှိနေတာကတော့ သြစတြေးလျနိုင်ငံရဲ့ ဟိုဘာ့တ် (Hobart) မြို့ဖြစ်ပါတယ်။ လူဦးရေ (၂) သိန်းကျော်နေထိုင်တဲ့ ဒီမြို့ရဲ့ လေထုညစ်ညမ်းမှုနှုန်းကတော့ (2.55 µg/m3) သာရှိပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေနှစ်စဉ်လာရောက်နေပေမယ့် လေထုညစ်ညမ်းမှုကို မြင့်တက်မသွားအောင်ထိန်းသိန်းထားနိုင်တဲ့ မြို့တွေထဲကတစ်မြို့လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ရစ်ချက်ဘေး – တောင်အာဖရိက (2.38 µg/m3)

အာဖရိကတိုက်ရဲ့ အဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံလို့ဆိုရမယ့် တောင်အာဖရိကနိုင်ငံရဲ့ ရစ်ချက်ဘေး (Richard Bay) မြို့ကတော့ လေထုညစ်ညမ်းမှုအနည်းဆုံးမြို့တွေထဲမှာ အဆင့် (၃) နေရာမှာရှိနေပါတယ်။ သာယာလှပလွန်းတဲ့ ရစ်ချက်ဘေး မြို့ရဲ့လေထုညစ်ညမ်းမှုက (2.38 µg/m3) သာရှိပါတယ်။ shwekhitonlinetv.com

၂။ ပါ့သ် – သြစတြေးလျ (1.61 µg/m3)

လူဦးရေ (၂) သန်းဝန်းကျင်နေထိုင်လျက်ရှိတဲ့ သြစတြေးလျနိုင်ငံရဲ့ ပါ့သ် (Perth) မြို့ကတော့ လေထုညစ်ညမ်းမှုအနည်းဆုံး ကမ္ဘာမြို့ကြီးတွေစာရင်းမှာ အဆင့် (၂) ချိတ်ပါတယ်။ ပါ့သ် မြို့ရဲ့ လေထုညစ်ညမ်းမှုနှုန်းက (1.61 µg/m3) သာရှိပါတယ်။ shwekhitonlinetv.com

၁။ ဇူးရစ် – ဆွစ်ဇာလန် (0.49 µg/m3)

လေထုညစ်ညမ်းမှုနှုန်းမရှိသလောက်နည်းပါးတဲ့ ကမ္ဘာပေါ်ကမြို့တစ်မြို့ကတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ ဇူးရစ် (Zürich) မြို့ဖြစ်ပါတယ်။ လူဦးရေ (၄) သိန်းဝန်းကျင်နေထိုင်ကြပြီး သာယာလှပပြီးအေးချမ်းလှတဲ့ ဇူးရစ်မြို့ရဲ့လေထုဟာ အလွန်သန့်စင်လွန်းပြီး လေထုညစ်ညမ်းမှုနှုန်း (0.49 µg/m3) သာရှိပါတယ်။ ဒါကြောင့် ဇူးရစ်မြို့သူ မြို့သားတွေဟာ ကျန်းမာရေးကောင်းမွန်လှသူတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply