မိန်းကလေးငယ် (၂) ဦးရဲ့အသက်ကို ကျားသစ်ရန်ကနေ အသေခံ ကာကွယ်ပေးခဲ့တဲ့ ခွေးလေး

ဒီခွေးလေးရဲ့ နာမည်က “Morocho” ဖြစ်ပြီး Dogo Argentino လို့လည်းခေါ်ကြပါတယ်။ ဒီခွေးလေးဟာ သူ့ရဲ့ ရဲရင့်မှုကြောင့် အင်တာနက်ပေါ်မှာ လူသိများ​ကျော်ကြားခဲ့တဲ့ သူရဲကောင်းခွေးလေးတစ်ကောင်ဆိုလည်းမမှားပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူက မိန်းကလေးငယ် (၂) ဦးရဲ့ အသက်ကို ကျားသစ်ရန်ကနေ အသေခံကာကွယ်ပေးခဲ့လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အာဂျင်တီးနားက ကျေးလက်တောရွာလေးတစ်ခုမှာ နေထိုင်တဲ့ လယ်သမားတစ်ဦးဟာ တစ်နေ့မှာတော့ တောအုပ်အစပ်နားက သူ့ရဲ့စိုက်ခင်းတွေဆီကို သူ့ရဲ့ ငယ်ရွယ်တဲ့ သမီးငယ် (၂) ဦးနဲ့အတူလာရောက်ခဲ့ပါတယ်။ သူ့ရဲ့အချစ်တော်ခွေးလေး Morocho လည်းအပါအဝင်ပေါ့။ shwekhitonlinetv.com

သူအလုပ်ရှုပ်နေချိန်မှာ ကလေးငယ်နှစ်ဦးဟာကလေးသဘာဝအလျောက် လွတ်လပ်စွာဆော့ကစားရင်းနဲ့ သဖန်းပင်တစ်ပင်ပေါ်တက်ပြီး သဖန်းသီးတွေတက်ခူးနေခဲ့ပါတယ်။ ဒီအချိန်မှာ အဲ့ဒီအနီးတစ်ဝိုက်မှာကျက်စားနေတဲ့ ကျားသစ်တစ်ကောင် (အမေရိကန်ကျားသစ်မျိုး) က သူတို့နှစ်ယောက်ကို ချောင်းမြောင်းနေခဲ့မှန်းမသိခဲ့ကြပါဘူး။ shwekhitonlinetv.com

သဖန်းသီးတွေခူးပြီး သစ်ပင်အောက်ပြန်ဆင်းတဲ့ အချိန်မှာတော့ မိန်းကလေးငယ်နှစ်ဦးဟာ သူမတို့ကိုချောင်းမြောင်းနေတဲ့ကျားသစ်နဲ့ ထိပ်တိုက်တိုးပါတော့တယ်။ ကလေးငယ်နှစ်ဦးဟာ ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားခဲ့ပြီး ကျားသစ်ကတော့ အမဲဖျက်ဖို့အတွက် သူတို့အနောက်ကိုမြန်စွာလိုက်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီမိန်းကလေးငယ်နှစ်ဦးအတွက် ကံကောင်းတယ်လို့ဆိုရမှာက သူတို့ရဲ့အော်သံကိုကြားပြီး ခွေးလေး Morocho က သူမတို့ဆီကို အလျင်အမြန်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ရဲရင့်တဲ့ Morocho ဟာ ကျားသစ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်သတ်ပုတ်ပြီး နောက်ဆုံးမှာတော့အနိုင်ရရှိခဲ့ပါတယ်။ သူ့ကိုယ်မှာလည်း ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်များစွာနဲ့ပေါ့။ shwekhitonlinetv.com

Morocho ထက်နောက်ကျပြီး သူမတို့အဖေ သူမတို့ထံရောက်ရှိလာချိန်မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သူ့ခွေးလေးအနီးမှာ အသက်မဲ့နေတဲ့ ကျားသစ်တစ်ကောင်ကို တွေ့ပြီးအလွန်ထိတ်လန့် တုန်လှုပ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက်လည်း သူ့ရဲ့ခွေးလေးကို သူ့ကလေးနှစ်ယောက်ရဲ့ အသက်သခင်ကျေးဇူးရှင်အဖြစ် ကျေးဇူးတင်မဆုံးဖြစ်ခဲ့ပါတယ်။ အသက်ပြင်းတဲ့ သူရဲကောင်းခွေးလေး Morocho ကတော့ သူ့ရဲ့ဒဏ်ရာဒဏ်ရချက်တွေကို (၁၀) ရက်လောက် ကုသမှုခံယူခဲ့ရပြီး အသက်ဆက်ရှင်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါက အင်တာနက်ပေါ်မှာ မိန်းကလေးငယ်နှစ်ဦးရဲ့အသက်ကို ကျားသစ်တစ်ကောင်ရဲ့ ရန်ကနေ အသေခံကာကွယ်ပေးခဲ့သူရဲကောင်းခွေးလေး Morocho ရဲ့ ဇာတ်လမ်းကို ရွှေခေတ်ပရိသတ်တွေအတွက် ပြန်ပြောင်းဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို အမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ Shwe Khit Online TV Facebook Page လေးကို Like & Follow လုပ်ပေးထားကြပါဦးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment

Leave a Reply