ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို ကမ္ဘာပေါ်မှာ အချောဆုံးရယ်လို့ သက်မှတ်ခံထားရတဲ့ အမျိုးသမီးတွေ အကြောင်း ပြောပြပေးမှာပဲ ဖြစ်ပါတယ် ။ ( ၂၀၂၁ ) ခုနှစ်ရဲ့ အချောဆုံး အမျိုးသမီးစာရင်းထဲမှာ ဘယ်သူတွေ ပါဝင်ကြမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁၀ ။ Mila Kunis

အမေရိကန် သရုပ်ဆောင် အနုပညာရှင်တစ်ဦး ဖြစ်တဲ့ Mila Kunis ကတော့ သူမ အသက် ( ၇ ) နှစ် အရွယ်ကတည်းက မိသားစုနဲ့ အတူ ယူကရိန်းနိုင်ငံ ကနေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ် ။ Mila ဟာ သူမရဲ့ စွဲမက်ဖွဲကောင်းတဲ့ မျက်လုံး ၊ ဆွဲဆောင်မှုရှိတဲ့ မျက်နှာတွေကြောင့် သူမရဲ့ ပရိသတ်တွေကတော့ အလှနတ်ဘုရားမ လို့တောင် တင်စားထားကြပါတယ် ။ ဒါ့အပြင် Mila ဟာ Golden Globe Award နဲ့ SAG Award အတွက် ဆန်ကာတင်စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၉ ။ Scarlett Johansson

Scarlett လို့ ပြောလိုက်တာနဲ့ MCU ထဲက ဇာတ်ကောင်တစ်ဦး ဖြစ်တဲ့ Black Widow အဖြစ် သရုပ်ဆောင်ထားသူ တစ်ယောက်လို့ အများက မှတ်မိနေတာပဲ ဖြစ်ပါတယ် ။

သူမရဲ့ ခန္ဓာကိုယ်ကနေ မျက်နှာ အသွင်အပြင်တစ်ခုလုံးက အပြစ်ပြောစရာ မရှိအောင် လှပတဲ့ သူတစ်ယောက်ပါ ။ လက်ရှိမှာတော့ Scarlett ဟာ ကမ္ဘာပေါ်က အနုပညာကြေး အမြင့်ဆုံး အမျိုးသမီး သရုပ်ဆောင်တွေထဲက တစ်ယောက် ဖြစ်ပြီး အနုပညာဆုတွေအနေနဲ့ ရွှေကမ္ဘာလုံး ဆု ( ၅ ) ခု အပြင် တစ်ခြားသော ဆုတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ။ shwekhitonlinetv.com

၈ ။ Gal Gadot

အပြုံးချိုချိုလေးတွေ ကြောင့် ပုရိသတွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတာကတော့ အစ္စရေးနိုင်ငံသူ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Gal Gadot ပဲ ဖြစ်ပါတယ် ။ Gadot ဟာ Justice League ထဲက Wonder Woman အဖြစ် သရုပ်ဆောင်ထားသလို တစ်ခြားသော နာမည်ကြီး ဇာတ်ကားများစွာလည်း ရိုက်ကူးခဲ့ပါသေးတယ် ။

အလှအပိုင်းမှာလည်း ပြောစရာ မရှိလောက်အောင် လှပသလို ပညာရေးပိုင်းမှာ ဥပဒေ ဘွဲ့ ရရှိထားတဲ့ အပြင် အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့အတွင်းမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ် ။ ဒါ့အပြင် Gal Gadot ဟာ Forbes မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်တဲ့ ဝင်ငွေ အကောင်းဆုံး အမျိုးသမီး စာရင်းထဲမှာလည်း ပါဝင်ပါတယ်တဲ့ ။ shwekhitonlinetv.com

၇ ။ Ariana Grande

အသံအေးအေးလေး နဲ့ သီချင်းတွေ ဆိုတတ်ပြီး ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားသူကတော့ အဆိုတော် Ariana Grande ပဲ ဖြစ်ပါတယ် ။ သူမရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို Nickelodeon နဲ့ စတင်ခဲ့ပြီးနောက် တစ်ဖြည်းဖြည်း နာမည်ကျော်ကြားလာခဲ့ပါတယ် ။ ဒါ့အပြင် Billboard ထိပ်တန်း အဆိုတော် အယောက် ( ၁၀၀ ) စာရင်းမှာ နံပါတ် ( ၃ ) နေရာကို ရောက်ရှိထားတဲ့ ပထမဦးဆုံး အမျိုးသမီး တစ်ကိုယ်တော် အဆိုတော်ပဲ ဖြစ်ပါတယ် ။ Ariana Grande ဟာ ဂီတနဲ့ ပတ်သက်ပြီး ဆုများစွာ ရရှိခဲ့ကာ American Music Awards သုံးဆု ၊ Grammy Award တစ်ဆု၊ Nine MTV Music Award နဲ့ One BRIT ဆုတို့ကို ရရှိထားပါသေးတယ် ။ shwekhitonlinetv.com

၆ ။ Angelbaby

ကမ္ဘာပေါ်မှာ အချောအလှဆုံး စာရင်းထဲမှာ နောက်ထပ်ပါဝင်ထားတာကတော့ Angelbaby ပဲ ဖြစ်ပါတယ် ။ သူမဟာ သရုပ်ဆောင် ၊ မော်လ်ဒယ်နဲ့ အဆိုအတော် အဖြစ် လုပ်ကိုင်နေသူ တစ်ယောက် ဖြစ်ပြီး နာမည်ကြီး စီးပွားရေး လုပ်ငန်းတွေမှာလည်း ရင်းနှီးမြုပ်နှံထားပါသေးတယ် ။ ဒါ့အပြင် Angelbaby ဟာ ( ၂၀၁၆ ) ခုနှစ်တုန်းက Hurun Philanthropy စာရင်းရဲ့ အသက်အငယ်ဆုံး ပရဟိတ အလှုရှင် အဖြစ်လည်း ဖော်ပြခံထားရပါသေးတယ် ။ shwekhitonlinetv.com

၅ ။ Aishwarya Rai

Aishwarya Rai ကတော့ ကမ္ဘာပေါ်မှာ ဩဇာအရှိဆုံး အနုပညာရှင်တွေထဲကမှ တစ်ဦး အပါအဝင်ပဲ ဖြစ်ပါတယ် ။ သူမရဲ့ ဆွဲဆောင်မှုရှိသော အပြာရောင် မျက်လုံးတွေနဲ့ အပြစ်ပြောစရာမရှိတဲ့ မျက်နှာ အလှအပတွေကြောင့် ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ် ။ Aishwarya ဟာ ( ၁၉၉၄ ) ခုနှစ်တုန်းက Miss World အလှမယ်ဆုကို ရရှိခဲ့ပြီး အိန္ဒိယ အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကိုလည်း ရရှိထားပါသေးတယ် ။ ဒါ့အပြင် သူမဟာ ပြည်သူ့အကျိုးပြု ပရဟိတ လုပ်ငန်းတွေ နဲ့ ကုလသမဂ္ဂ ချစ်ကြည်ရေး သံတမန် စတဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ပါတယ် ။ shwekhitonlinetv.com

၄ ။ Margot Robbie

ကမ္ဘာပေါ်က ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး စာရင်းထဲမှာ Margot Robbie လည်းပါဝင်ပြီး ဟောလိ၀ုဒ်မှာလည်း အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ( ၂၀၁၇ ) ခုနှစ်တုန်းကဆိုရင် Margot ဟာ တိုင်းမ် မဂ္ဂဇင်းရဲ့ ဩဇာ အရှိဆုံး လူပုဂ္ဂိုလ် အယောက် ( ၁၀၀ ) စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ် ။

သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး ဇာတ်ကားတွေကတော့ Suicide Squad ၊ The Wolf of Wall Street ၊ Once Upon a Time in Hollywood နဲ့ တစ်ခြားသော ဇာတ်ကားများစွာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ Beyonce

ဘီယွန်းဆေး ကတော့ ( ၂၀၂၁ ) ခုနှစ်ရဲ့ အအောင်မြင်ဆုံး နဲ့ အချမ်းသာဆုံး အနုပညာရှင် တစ်ဦးထဲက ဖြစ်ပါတယ် ။ သူမဟာ တေးရေးဆရာ ၊ အဆိုတော် ၊ ပရိုဂျူဆာ စတဲ့ အနုပညာ လုပ်ငန်းတွေကို လုပ်တဲ့အပြင် စီးပွားရေး နယ်ပယ်မှာလည်း အောင်မြင်သူ တစ်ယောက်ပါ ။ ပရိသတ် အတော်များများကတော့ ဘီယွန်းဆေးကို ကြေးနတ်ဘုရားမ လို့ တင်စားကြပြီး ဆွဲဆောင်မှုရှိတဲ့ မျက်လုံး ၊ ထူးခြားလှတဲ့ ဆံပင်ပုံစံ နဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားတာကြောင့်ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူမဟာ ဆုပေါင်း ( ၈၀၀ ) ကျော်အတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ပြီး Billboard Awards, Golden Globe Award နဲ့ Billboard award စတဲ့ ဆုပေါင်း ( ၄၀၀ ) ကျော်ကို ရရှိခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၂ ။ Adriana Lima

Victoria Secrect မော်ဒယ်တွေထဲမှာ နာမည်ကြီးထင်ရှားတဲ့သူ တစ်ဦးကတော့ Adriana Lima ပဲ ဖြစ်ပါတယ် ။ Adriana ဟာ ဘရာဇီးလ် သရုပ်ဆောင် ၊ မော်လ်ဒယ် ဖြစ်ပြီး Victoria Secret ရဲ့ အရှည်ကြာဆုံး မော်ဒယ် တစ်ယောက်ပါ ။ သူမဟာ Versace, Georgio Armani နဲ့ Christian Dior တို့လို့ နာမည်ကြီး Brand Show တွေမှာ ပါဝင်ခဲ့ပါသေးတယ် ။ ဒါ့အပြင် သူမဟာ ထိပ်တန်း မော်ဒယ် စာရင်းထဲမှာ ပါဝင်ပြီး ဝင်ငွေ အကောင်းဆုံး မော်ဒယ်အဖြစ်လည်း သက်မှတ်ခံထားရပါတယ် ။ shwekhitonlinetv.com

၁ ။ Bella Hadid

ကမ္ဘာ့အချောဆုံး အမျိုးသမီး စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတာကတော့ နာမည်ကြီး မော်ဒယ် တစ်ဦး ဖြစ်တဲ့ Bella Hadid ပဲ ဖြစ်ပါတယ် ။ အမေရိကန် မော်ဒယ် တစ်ဦးဖြစ်တဲ့ Bella ဟာ Beauty Phi ရဲ့ Golden Ratio က အစီရင်ခံစာ တစ်ခုအရ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး အဖြစ် သက်မှတ်ခံထားရတာပါ ။ သူမဟာ နာမည်ကြီး ဖက်ရှင် Brand တွေ ဖြစ်တဲ့ Tommy Hilfiger, Diane von Furstenberg နဲ့ Marc Jacob တို့ရဲ့ Show တွေမှာ မော်ဒယ် အဖြစ် ပါဝင်ခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ Women in the world ရဲ့ ကမ္ဘာပေါ်က ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး စာရင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။
Be the first to comment
You must log in to post a comment.