ရေသန့်ဘူးခွံဟောင်းတွေ အသုံးပြုပြီး ဆင်းရဲသားတွေ အတွက် နေအိမ် (၃၀၀) ကျော်ဆောက်ပေးခဲ့တဲ့ အမျိုသမီး

အင်ဂရစ်ဗာကာဒီယာ့ဇ် (Ingrid Vaca Diez) ဆိုတဲ့အမျိုးသမီးကတော့ ဘိုလီးဗီးယားနိုင်ငံမှာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သာမန်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဘိုလီးဗီးယားနိုင်ငံမှာတော့ သူမဟာ သူမရဲ့အမှုသည်တွေရဲ့အခွင့်အရေးအတွက် အစွမ်းကုန်ကြိုးပမ်းတက်ပြီး မားမားမတ်မတ်ရပ်တည်ပေးနိုင်သူအဖြစ်နာမည်ကြီးတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ သူမရဲ့ ကြင်နာတက်တဲ့နှလုံးသားနဲ့ အတွေးအခေါ်ဆန်းသစ်မှုကြောင့် လူမှုကွန်ယက်စာမျက်နှာတွေမှာ လူပြောများခဲ့တဲ့ အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို ရွှေခေတ်ပရိသတ်တွေသိရှိနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဒီယာ့ဇ် (Diez) ဟာ ဗိသုကာပညာရှင်ဖြစ်ဖို့ စိတ်ကူးစိတ်သန်းရှိသူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူရဲ့မှတ်ချက်စကားတစ်ခုကြောင့် အကြံကောင်းတစ်ခုကို ရရှိခဲ့တာဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းက ကွင်းပြင်တစ်ခုမှာ စုပုံထားတဲ့ ပုလင်းခွံ၊ ဘူးခွံတွေကိုကြည့်ပြီး “ဒါတွေက အိမ်တစ်လုံးဆောက်ဖို့အတွက် လုံလောက်တယ်” လို့ပြောခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစကားကိုကြားလိုက်တဲ့ အချိန်မှာ ဒီယာ့ဇ် တစ်ယောက်အတော်လေးကို အံ့အားသင့်သွားခဲ့ရပြီး အတွေးတွေအများကြီးသူ့ ခေါင်းထဲကိုရောက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမအနေနဲ့ အကောင်းဆုံး စိတ်ကူးစိတ်သန်းတစ်ခုကို ရရှိခဲ့ပြီးအဲ့ဒီစိတ်ကူးကို လက်တွေ့စတင်အကောင်အထည်ဖော်ပါတော့တယ်။ အဲ့ဒီ စိတ်ကူးကတော့ စွန့်ပစ်ထားတဲ့ ဘူးခွံအဟောင်းတွေကို `အုတ်´ အဖြစ်အစားထိုးပြီး ဘိုလီးဗီးယားနိုင်ငံက ဆင်းရဲနွမ်းပါးပြီးဝင်ငွေ နည်းပါးလှသူတွေအတွက်နေအိမ်တွေဖန်တီး တည်ဆောက်ပေးဖို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဘာလို့လဲဆိုတော့ သူမအနေနဲ့ တစ်ခါကကျောင်းတစ်ကျောင်းကို အလည်အပတ်သွားရောက်ခဲ့စဥ် အဲ့ဒီကျောင်းက ကလေးလေးတစ်ယောက်က သူမရဲ့ ခရစ္စမတ်ပို့စ်ကတ်မှာ “သူမရဲ့မိသားစုနေတဲ့အိမ်ဟာ ရာဘာပုံးခွံတွေနဲ့တည်ဆောက်ထားပြီး မိုးရွာရင် တစ်အိမ်လုံးမိုးယိုနေတဲ့အကြောင်း ဒါကြောင့် ဆန်တာ ဆီကနေ အခန်းတွေအများကြီးပါတဲ့ အိမ်တစ်လုံး လက်ဆောင်လိုချင်ကြောင်း” ရေးသားထားတာကို ဖတ်ရှုခဲ့ရလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီယာ့ဇ်ဟာ အဲ့ဒီအချိန်ကစပြီးနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေကို အိမ်ရာဆောက်လုပ်လှူဒါန်းဖို့အတွက် လှုံ့ဆော်မှုတွေပြုလုပ်ခဲ့သလို ကိုယ်တိုင်လည်း ပလတ်စတစ်ဘူးခွံတွေကို အသုံးပြုထားတဲ့ နေအိမ်တွေကိုတည်ဆောက်ပေးခဲ့ပါတယ်။ စတုရန်းပေ (၁၈၃၀) ကျယ်ဝန်းတဲ့ အိမ်တစ်လုံးအတွက် ပလတ်စတစ် ဘူးခွံအလွတ် (၃၆၀၀၀) ခန့် အသုံးပြုရပြီး ရေရှည်ခိုင်ခန့်ဖို့အတွက် အဲ့ဒီဘူးခွံတွေထဲ သဲ၊ မြေကြီး စတာတွေထည့်ပြီး အင်္ဂတေနဲ့ တည်ဆောက်ပေးတာဖြစ်ပါတယ်။ shwekhitonlinetv.com

ပလတ်စတစ်ဘူးခွံတွေဟာ အုတ်တွေထက်စျေးသက်သာသလို အလွယ်တကူလည်းရှာဖွေနိုင်တာကြောင့် သူမအနေနဲ့ လက်ရှိအချိန်မှာဆိုရင် အိမ်ပေါင်း (၃၀၀) ကျော်ကို ဆင်းရဲနွမ်းပါးသူတွေအတွက် ဆောက်လုပ်ပေးခဲ့ပြီးပြီဖြစ်ကြောင်း သိရပါတယ်။ shwekhitonlinetv.com

တစ်ခါတစ်ရံမှာ တီထွင်ဖန်တီးနိုင်စွမ်းဟာ အမှန်တစ်ကယ်လိုအပ်နေတဲ့သူတွေကို ထိရောက်တဲ့ ကူညီမှုတွေပေးနိုင်ပြီး အကုန်အကျလည်းသက်သာတယ်ဆိုတာကို ဒီယာ့ဇ်ရဲ့ ဇာတ်လမ်းလေးကသက်သေပြနေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။