အလွန်ချမ်းသာတဲ့ ဒိတ်ဒိတ်ကြဲမိသားစုတွေ ကနေဆင်းသက်လာတဲ့ ကိုရီးယား ဆယ်လီများ

၁။ CL

2NE1 အဖွဲ့ဝင် CL ဟာ ဒီစာရင်းမှာပါဝင်တဲ့ သူတွေအနက် အချမ်းသာဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် CL ဟာ ငယ်ဘဝကနေ ကြီးပြင်းလာခဲ့တဲ့ လိုတိုင်းတ ရနိုင်ခဲ့ပြီး ခမ်းနားထည်ဝါတဲ့ လူနေမှုပုံစံနဲ့ နေထိုင်လာခဲ့တဲ့သူဖြစ်ပါတယ်။
သူမရဲ့ အဖေ နဲ့ အဘိုးဟာ ပါမောက္ခတွေဖြစ်ပြီး သူမရဲ့ဖခင်ကတော့ ကိုရီးယားမှာ လူသိများတဲ့ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Kang Dong-Won

မင်းသား Kang Dong-Won ရဲ့ ဖခင်ကတော့ကမ္ဘာပေါ်မှာ အကြီးဆုံး သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ SPP Heavy Industries Co. Ltd. က ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဲ့ဒီထက်ပိုပြီး အထင်ကြီးစရာကောင်းတဲ့ အချက်ကတော့ Kang ရဲ့ ဖခင်ဟာ သူလုပ်ကိုင်မယ့် အကြီးစား စက်မှုလုပ်ငန်းစျေးကွက်ကို မိမိကိုယ်တိုင် လေ့လာသုတေသနပြုခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Lee Ha Nui

၂၀၀၆ ခုနှစ်မှာ Miss Korea ဆု၊ ၂၀၀၇ ခုနှစ်မှာ Miss Korea ရဲ့ 3rd Runner ဖြစ်ခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် Lee Ha Nui ရဲ့ဖခင်ကတော့ ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံးထောက်လှမ်းရေး အေဂျင်စီကြီးတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ နောက်ပြီး သူမရဲ့ ဦးလေးကလည်း ယခင် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး သူ့အမေ နဲ့ ညီမတို့ကလည်း နာမည်ကြီး ကိုရီးယား ရိုးရာစောင်းတီးသူတွေဖြစ်ကြပါတယ်။ shwekhitonlinetv.com

၄။ Lee Min Jung

Lee Min Jung ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းကြော်ငြာကုမ္ပဏီတစ်ခုက စီအီးအိုတစ်ဦးရဲ့ သမီးဖြစ်ပါတယ်။ သူမရဲ့မိခင်ဟာလည်း လူသိမှားထင်ရှားတဲ့ စန္ဒယား ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ငယ်စဉ်ကလေးဘဝကတည်းက အမေရိကန်ဒေါ်လာ (၄) သန်းတန် စံအိမ်ကြီးမှာ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ PSY

တောင်ကိုရီးယားနာမည်ကြီးအဆိုတော် PSY ကတော့ Oppa Gangnam Style ဆိုတဲ့ သီချင်းတစ်ပုဒ်တည်း နဲ့ တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုကို နေ့ချင်းညချင်း ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ PSY ရဲ့အဖေဟာ Semiconductor တွေထုန်လုပ်တဲ့ DI ကော်ပိုရေးရှင်းကို တည်ထောင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ PSY က ဒီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ်တာဝန်ယူထားပါတယ်။ Psy သည် ၎င်း၏ Gangnam Style တေးဂီတဗီဒီယိုကို ထုတ်လွှင့်သောအခါ DI ကော်ပိုရေးရှင်း၏ ရှယ်ယာများသည် 2012 နှစ်ကုန်ပိုင်းတွင် မူလတန်ဖိုး၏ ရှစ်ဆအထိ မြင့်တက်လာခဲ့သည်။ PSY ရဲ့မိခင်ကတော့ အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိိုင်ဖြစ်တဲ့ Petits Seasons ကို ဖွင့်လှစ်ထားပြီး သူ့ညီမ က အစားအသောက် Stylist တစ်ယောက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Siwon

Kpop လောကမှာ နာမည်အကျော်ကြားဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Super Junior အဖွဲ့က Siwon ရဲ့ဖခင်ကလည်း တောင်ကိုးရီးယားကဆေးဝါးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Boryung Medience ရဲ့ CEO ဖြစ်ပါတယ်။ သူရဲ့မိခင်ကတော့ နာမည်ကြီး အမျိုးသမီးအတွင်းခံအမှတ်တံဆိပ်တစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ Super Junior အဖွဲ့ဝင်တွေနဲ့ MBC Radio Star တို့ရဲ့ အင်တာဗျူး အစီအစဥ်တစ်ခုမှာတော့ Siwon ကတစ်ကယ်လို့များ သူ့အနေနဲ့ အလိုရှိပါက MBC Raio လုပ်ငန်းကို ဝယ်နိုင်သည်ဟု ဆိုခဲ့သည်။ shwekhitonlinetv.com

၇။ Soo Young

Girl’s Generation’s အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Soo Young ရဲ့ အဖိုးဟာ ဆိုးလ်မြို့ကနာမည်ကျော် ပရောဂျက်တစ်ခုဖြစ်တဲ့ Seoul Arts Center ကို တည်ဆောက်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ နာမည်ကြီး ဗိသုကာ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ပိုင်ရှင်ဖြစ်သည်။ သူမရဲ့ ဖခင်ဖြစ်သူကတော့ ကုန်သွယ်ရေးလုပ်ငန်းတစ်ခုက ဥက္ကဋ္ဌဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Tzuyu

လက်ရှိ ကိုရီးယားရဲ့ အကျော်ကြားဆုံး Cele တွေထဲက တစ်ယောက်ဖြစ်တဲ့ Tzuyu ရဲ့ မိခင်ဟာ ထိုင်ဝမ်မှာရှိတဲ့ နာမည်ကျော်ဆေးရုံကြီးတစ်ခုရဲ့ အဓိက ရှယ်ယာရှင်တစ်ဦးဖြစ်ပါတယ်။ တကယ်တော့ သူ့အမေဟာ ထိုင်ဝမ်မှာ ပလပ်စတစ်ဆာဂျရီလိုမျိုး နယ်ပယ်တွေမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံထားတဲ့သူလို့ဆိနိုင်ပါတယ်။ shwekhitonlinetv.com

၉။ Umji

Umji ရဲ့ဖခင်က Moa Dentist Group လို့အမည်ရတဲ့ နာမည်ကြီးသွားဆရာဝန်အဖွဲ့ရဲ့ဥက္ကဌဖြစ်ပါတယ်။ ဆိုးလ်မြို့တစ်ခုတည်းမှာပဲ သူတို့ရဲ့ရုံးက (၉) ခုလောက်ရှိပါတယ်။ shwekhitonlinetv.com

၁၀။ Yoon Tae Young

မင်းသားတစ်ဦးဖြစ်တဲ့ Yoon Tae Young ဟာ Samsung Electronics ဒုဥက္ကဌဟောင်း Yoon Jong Yong ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။ Yoon Tae Young နဲ့ နာမည်ကြီးမင်းသမီး Im Yoo Jin တို့လက်ထပ်ပွဲတုန်းက ဆိုးလ်မြို့တော်ဝန် Lee Myung Bak အပါအဝင်တစ်ခြား သြဇာကြီးမားသူတွေတက်ရောက် ချီးမြှင့်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။