Salt Bae နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အချက် (၁၀) ချက်

ဒီတခေါက် Shwe Khit Online TV စာဖတ်ပရိသတ်များအတွက် ကမ္ဘာတစ်ဝှမ်း အင်တာနက်ပေါ်မှာ လူသိများထင်ရှားတဲ့ Salt Bae နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အချက် (၁၀) ချက်ကို ဖော်ပြပေးသွားပါ့မယ်နော်။ shwekhitonlinetv.com

၁။ ဆင်းရတဲ့လွန်းတဲ့ မိသားစုမှဆင်းသက်လာသူ

Salt Bae ဟာ တူရကီမှာ မွေးဖွားကြီးပြင်းခဲ့ပြီး အလွန်ဆင်းရဲလွန်းတဲ့ မိသားစုကနေ ဆင်းသက်လာသူဖြစ်ပါတယ်။ နောက်ပြီး သူ့မိသားစုအတွက် ငွေရှာဖို့ (၆) တန်းမှာ ကျောင်းထွက်ခဲ့ရသူဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ နေရာအနှံ့မှာ အလုပ်လုပ်ခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံကို သွားရောက်နိုင်မယ့် ဗီဇာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ပေးကမ်းလှူတန်းရတာနှစ်သက်တဲ့ Salt Bae

လက်ရှိအချိန်မှာ အောင်မြင်နေပြီလို့ဆိုနိုင်တဲ့ Salt Bae ဟာ သူကျင်လည်ဖြတ်သန်းခဲ့တဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေကို တက်နိုင်သလောက် ပြန်လည်ပေးဆပ်ဖို့ စိတ်အားထက်သန်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့လှူတန်းမှုတွေထဲမှာ ထင်ရှားတာကတော့ မွေးရပ်ဇာတိ Erzurum မှာ စာသင်ကျောင်းဆောက်လုပ်လှူဒါန်းထားတာနဲ့ ၂၀၂၀ ခုနှစ်တုန်းက ဘေရွတ်မှာ ဗုံးခွဲခံရသူတွေအတွက် ဒေါ်လာ (၆၀,၀၀၀) လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ သားသတ်သမားအဖြစ် ဘဝကိုစတင်ခဲ့သူ

ဒီကနေ့ စားဖိုမှုးနဲ့ စားသောက်ဆိုင်ပိုင်ရှင်အဖြစ် လူသိများကျော်ကြားနေတဲ့ Salt Bae ဟာ တစ်ချိန်က သူ့ဘဝကို သားသတ်သမားတစ်ဦးအဖြစ် ခက်ခဲပင်ပန်းစွာ စတင်လုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်။ Salt Bae ဟာ အင်တာဗျူးတစ်ခုမှာ “တူရကီမှာနေထိုင်တုန်းက ကျွန်တော့်ရဲ့ မိသားစုကို ကူညီဖို့အတွက် အလုပ်တစ်ခုကျွန်တော် လိုအပ်ခဲ့ပါတယ်။ ဒီအကြောင်းပြချက်ကြောင့်ပဲ သားသတ်သမားအဖြစ် ဘဝကိုစတင်ခဲ့ရပါတယ်” လိုဆိုခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၄။ ဝန်ထမ်းဟောင်းတွေရဲ့ စွပ်စွဲမှုခံခဲ့ရသူ

၂၀၁၉ ခုနှစ်တုန်းက သူ့ရဲ့ ဝန်ထမ်းဟောင်း လေးဦးဟာ Salt Bae အနေနဲ့ ၎င်းတို့ရဲ့ အကြံဥာဏ်နဲ့ အိုင်ဒီယာတွေကို ဝေမျှယူပြီး ၎င်းတို့ကို အလုပ်ကနေထုတ်ပယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Salt Bae က ဒီဝန်ထမ်းတွေဟာ သူတို့အလုပ်ထုတ်ခံရတဲ့အပေါ် မကျေနပ်ကြတာကြောင့် လုပ်ကြံဖန်တီးပြီး စွပ်စွဲခဲ့တာဖြစ်တယ်လို့ ​ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ shwekhitonlinetv.com

၅။ စားသောက်ဆိုင်တွေမှာ လစာမယူဘဲ အလုပ်လုပ်ခဲ့သူ

အတွေ့အကြုံဆိုတာ လူတစ်ဦးတစ်ယောက်အတွက် အကောင်းဆုံးဆရာသမားလို့ Salt Bae က ယူဆထားပါတယ်။ ဒါကြောင့် သူ့အနေနဲ့ကမ္ဘာတစ်လွှားက နိုင်ငံတွေမှာရှိတဲ့ နာမည်ကြီးစားသောက်ဆိုင်တွေ၊ စားသောက်ကုန်ထုတ်လုပ်ငန်းတွေမှာ လစာမယူဘဲ အခမဲ့ အလုပ်ဝင်လုပ်ဖို့ လိုက်လံကမ်းလှမ်းခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၆။ လေ့ကျင့်ခန်းတွေအမြဲပြုလုပ်နေရတာကို နှစ်ခြိုက်သူ

Salt Bae ဟာ တတ်နိုင်သမျှ လှုပ်ရှားနေရတာကို သဘောကျနှစ်သက်သူဖြစ်ပါတယ်။ GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ “ကျွန်တော်က လက်ဝှေ့နဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းတဲ့ လေ့ကျင့်ခန်းတွေကို ပိုကြိုက်ပါတယ်။ ဒီအရာတွေက ကျွန်တော်လိုချင်တဲ့ စိတ်ကျေနပ်မှု နဲ့ အဓိက ခွန်အားကို ပေးစွမ်းပါတယ်။ အကြိမ်များစွာကြိုးခုန်တာမျိုးတွေကလည်း ကျွန်တော်ရဲ့ကြွက်သားတွေကို နှိုးဆွပေးနိုင်ပြီး လျင်မြန်မှုကိုခံစားရစေပါတယ်။ ဒါတွေဟာ ကျွန်တော့်ကိုမီးဖိုချောင်ထဲမှာ အမြဲသွက်လက်တက်ကြွ နေစေတဲ့ လျှို့ဝှက်ချက်တွေပေါ့” လို့ ပြောကြားဖူးပါတယ်။ shwekhitonlinetv.com

၇။ Followers (၃၉.၈) သန်းကျော်ပိုင်ဆိုင်ထားသူ

Salt Bae ဟာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို စစချင်းတုန်းကတော့ အခုလိုမျိုးကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးလာမယ်လို့ မထင်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်အကြာမှာ သူ့ကို လူသိများလာခဲ့ပြီးသူ့ရဲ့ကျော်ကြားမှုကလည်း တမဟုတ်ချင်းတိုးပွားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Salt Bae ဟာ Instagram မှာ Follower (၃၉.၈) သန်းနီးပါးပိုင်ဆိုင်ထားပြီး သူ့ရဲ့ Follower တွေထဲမှာ ထင်ရှားကျော်ကြားသူတွေ အများကြီးပါဝင်နေပါတယ်။ shwekhitonlinetv.com

၈။ ထူးခြားတဲ့ ဆားဖြူးပုံ ဖြစ်ပေါ်လာခြင်းအကြောင်း

Salt Bae ရဲ့ ထူးထူးခြားခြား စိတ်ဝင်စားစရာကောင်းတဲ့ ဆားဖြူးပုံက ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ ? New York Post သတင်းစာ နှင့် စကားပြောခဲ့တုန်းက “ဆားတွေဟာ ကောင်းကင်ကနေ ကျဆင်းလာသလိုပဲ ဖြစ်စေချင်တယ်။ ဒါ့ကြောင့် အဲ့လိုပုံစံမျိုးကို ဖန်တီးခဲ့တယ်” လို့ Salt Bae ပြောခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၉။ သူနဲ့ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုတိုင်း ငြင်းဆန်ခြင်းမရှိသူ

Salt Bae ရဲ့ အင်တာနက်ပေါ်က ကျော်ကြားမှုဟာသူ့ကို အာရုံစိုက်မှုများစွာရရှိစေခဲ့ပါတယ်။ ဒါ့ကြောင့် သူအပြင်ထွက်တဲ့အခါ သူ့ကိုသိတဲ့သူတွေက သူနဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့ခွင့်တောင်းတက်ကြပါတယ်။ ဒီလို ခွင့်တောင်းတိုင်း Salt Bae ဟာ ဘယ်တော့မှ မငြင်းခဲ့သလို ဒါဟာ သူ့အတွက် ဂုဏ်ယူစရာတစ်ခုလို့မှတ်ထင် ထားသူဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ စားသောက်ဆိုင်ကြီး တစ်ခုပိုင်ဆိုင်ဖို့ အိပ်မက်ရှိခဲ့သူ

ကိုယ်အမြဲတမ်းမက်ခဲ့တဲ့ စိတ်ကူးအိပ်မက်၀တစ်ခုကို ကိုယ့်အစွမ်းအစနဲ့ လက်တွေ့အောင်မြင်အောင် အကောင်အထည်ဖော်နိုင်တာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်တစ်ခုဖြစ်မယ်ထင်ပါတယ်။ Salt Bae ဟာလည်းငယ်ရွယ်စဥ်အချိန်က စားသောက်ဆိုင်တစ်ခုပိုင်ဆိုင်ဖို့ အိပ်မက်မက်ခဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင် တစ်ခုကိုရောက်ရှိသွားပြီလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့အနေနဲ့နောက်ထပ် ဘယ်လိုကြီးကြီးမားမား အိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ ထပ်ပြီးရှိနေမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတော့တယ် ….. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment

Leave a Reply