ကမ္ဘာတဝှမ်းရှိ အချို့သောနိုင်ငံများရဲ့ တားမြစ်ပိတ်ပင်ခြင်းခံထားရတဲ့ တက်တူးအမျိုးအစားများ

တက်တူးထိုးနှံတဲ့အခါ လှပပြီးစိတ်တိုင်းကျတဲ့ အနုပညာလက်ရာများကို ထိုးနှံပြီးသည့်တိုင်အောင် နောင်အခါမှာ ထိုတက်တူးတွေနဲ့ ပက်သက်ပြီး နောင်တမရဖို့ လိုပါတယ်။ တခါတလေမှာ ရိုးရှင်းတဲ့တက်တူးသေးသေးလေးတခုဖြစ်နေရင်တောင် နေရာဒေသပေါ်မူတည်ပြီး ကြီးမားတဲ့အန္တရာယ်တခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် တက်တူးမထိုးခင်မှာ ကိုယ်ထိုးမယ့်တက်တူးနဲ့ပက်သက်တဲ့ အဓိပ္ပာယ်များကို သေချာလေ့လာစုံစမ်းသင့်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် တက်တူးအမျိုးမျိုးထဲကမှ အချို့နိုင်ငံများရဲ့ ပိတ်ပင်တားဆီးခြင်းကိုခံထားရတဲ့ တက်တူးအမျိုးအစားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်များအများဆုံးနေထိုင်ရာ နိုင်ငံတခုဖြစ်တာကြောင့် ဗုဒ္ဓရုပ်ပွားတော်များနဲ့ ဗုဒ္ဓပုံတော်များဟာ အထွတ်အမြတ်ထားကိုးကွယ်ရာ အမှတ်သင်္ကေတများဖြစ်ကြပါတယ် ။ တကယ်လို့ ထိုင်းနိုင်ငံမှာ ဗုဒ္ဓရုပ်ပုံကို တက်တူးထိုးဖို့ စဥ်းစားမယ်ဆိုရင်တော့ ဒါဟာမှားယွင်းတဲ့ အကြံဥာဏ်ပါပဲနော်။ ဗုဒ္ဓဦးခေါင်းတော်ပုံတက်တူးကို လက်မောင်း ဒါမှမဟုတ် နောက်ကျောဘက်တွေမှာ တက်တူးထိုးခြင်းဟာ ဗုဒ္ဓဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာကို မလေးမစားပြုမူရာ အမူအကျင့်များအဖြစ် သတ်မှတ်ကြပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံမှာဆိုရင်တော့ ဒေသခံထိုင်းလူမျိုးများအပါအဝင် ထိုင်းနိုင်ငံမှာနေထိုင်တဲ့ နိုင်ငံခြားသားများအားလုံးကို ဗုဒ္ဓရုပ်ပုံတက်တူးထိုးခြင်းနဲ့ပက်သက်ပြီး အပြင်းအထန်တားမြစ်ထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒိန်းမတ်နိုင်ငံ

ဒိန်းမတ်နိုင်ငံမှာတော့ မျက်နှာပေါ်မှာ တက်တူးထိုးခြင်းနဲ့ လက်ဖမိုးပေါ်မှာ တက်တူးထိုးခြင်းတို့ကို တားမြစ်ထားပါတယ်။ ၁၉၆၆ ခုနှစ်ကတည်းကနေစပြီး လက်ဖမိုး ၊ လည်ပင်းနဲ့ မျက်နှာပြင်ပေါ်မှာ တက်တူးထိုးခြင်းများကို ဥပဒေထုတ်ပြီး တားမြစ်ခဲ့တာဖြစ်ပါတယ်။ တက်တူးမထိုးရမယ့်နေရာများကို ဥပဒေထုတ်ပြီး တားမြစ်ထားခဲ့သော်လည်း တင်းတင်းကြပ်ကြပ်တားမြစ်ထားခြင်း မဟုတ်ခဲ့ပါဘူး။ ဒါ့ကြောင့် ယနေ့ခေတ်မှာတော့ အဆိုပါနေရာတွေမှာ တက်တူးထိုးထားတဲ့ ဒိန်းမတ်နိုင်ငံသားအမြောက်အမြားကို တွေ့ရှိနိုင်ပါတယ်။ shwekhitonlinetv.com

၃။ ဟာဝိုင်အီ

လက်မှတ်ရဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာ မဟုတ်ပဲ နားရွက်နောက်ဘက်နဲ့ မျက်ခွံတွေပေါ်မှာ တက်တူးထိုးခြင်းဟာ ဟာဝိုင်အီမှာတော့ ဥပဒေချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ အမြဲလိုစွဲထင်သွားမယ့်အရာများ ဥပမာ တက်တူးထိုးခြင်း ၊ မျက်နှာပြုပြင်ခြင်းများ လုပ်ဆောင်မယ်ဆိုရင်တော့ လိုင်စင်ရအလှအပပြင်ဆရာဝန်များသာ လုပ်ဆောင်ခွင့်ရှိပါတယ်။ shwekhitonlinetv.com

၄။ မြောက်ကိုရီးယားနိုင်ငံ

မြောက်ကိုရီးယားနိုင်ငံမှာတော့ တက်တူးထိုးခြင်းဟာ နိုင်ငံရေးနဲ့သက်ဆိုင်နေပါတယ်။ ကိုယ်ထိုးမယ့်တက်တူးနဲ့ပက်သက်ပြီး သက်ဆိုင်ရာအရာရှိတွေကို တင်ပြပြီး လက်ခံမှသာ တက်တူးထိုးရမှာ ဖြစ်ပါတယ်။ ဥပမာ သင်ဟာ သင့်မိသားစုအတွက် ချစ်မြတ်နိုးခြင်းဆိုတဲ့ စကားလုံးမျိုး တက်တူးထိုးမယ်ဆိုရင်တော့ တားမြစ်ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံနဲ့ နိုင်ငံရေးပါတီကို ချစ်မြတ်နိုးခြင်းဆိုတဲ့ စကားလုံးမျိုး တက်တူးထိုးမယ်ရင်တော့ တားမြစ်ခံရမှာ မဟုတ်ပါဘူး။ shwekhitonlinetv.com

မြောက်ကိုးရီးယားမှာ ထိုးနှံတဲ့ နာမည်ကြီးတက်တူးတခုကတော့ “ အမိမြေကို ကာကွယ်ကြ ” ဆိုတဲ့အဓိပ္ပာယ်ဆောင်တဲ့ ငြိမ်းချမ်းရေး ချိုးငှက်ဖြူနဲ့ ခွန်အားပြတဲ့ လင်းယုန်ငှက်ပါဝင်တဲ့ တက်တူးပဲဖြစ်ပါတယ်။ ကင်ဂျုံအန်းရဲ့ မျက်နှာပုံကို တက်တူးထိုးမယ်ဆိုရင်တော့ အုပ်ချုပ်သူမိသားစုကို အသရေဖျက်မှုနဲ့ ပြင်းထန်တဲ့ အပြစ်ပေးခြင်းကို ခံရမှာပါ။ မြောက်ကိုရီးယားနိုင်ငံမှာ တက်တူးရှိသူမိန်းကလေးများကို ဆိုးသွမ်းတဲ့မိသားစုကနေ ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။ shwekhitonlinetv.com

၅။ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဟာ တက်တူးထိုးခြင်းနဲ့ပက်သက်ပြီး လတ်တလောမှာတော့ တားမြစ်ထားတာ မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ကိုယ်ပေါ်မှာ တက်တူးပါနေမယ်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ နေရာတိုင်းကို ဝင်ထွက်သွားလာခွင့် ရရှိမှာ မဟုတ်ပါဘူး။ ရှေးယခင်က ဂျပန်နိုင်ငံရဲ့ ရာဇဝတ်ဂိုဏ်းများနဲ့ တက်တူးထိုးခြင်း ကိစ္စရပ်များဟာ ဆက်စပ်နေတာကြောင့် ယခုလို တားမြစ်ခံရခြင်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တကိုယ်လုံးတက်တူးထိုးခြင်းနဲ့ ပက်သက်ပြီး ကြီးမားတဲ့လူမှုရေးအမဲစက်အဖြစ် ယူဆနေဆဲပဲဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ရေကူးကန် ၊ gym ၊ အရက်ဘား နဲ့ စားသောက်ဆိုင်များ စတဲ့လူများရာနေရာများကို သွားရောက်မယ်ဆိုရင်တော့ သင့်ရဲ့ တက်တူးကို ဖုံးကွယ်သွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တက်တူးထိုးသူများကို ဝင်ရောက်ခွင့်ပြုတဲ့ ရေချိုးကန်များလည်း ရှိတာကြောင့် ရှာဖွေပြီးသွားရောက်နိုင်ပါတယ်။ shwekhitonlinetv.com

၆။ မလေးရှားနိုင်ငံ

တက်တူးထိုးခြင်းကို Sunni မူဆလင်ကိုးကွယ်သူများကြားမှာ တားမြစ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တက်တူးထိုးခြင်းဟာ ခန္ဓာကိုယ်ကို ပြောင်းလဲစေပြီး ဘုရားရဲ့ဖန်တီးခြင်းကို ပြောင်းလဲစေနိုင်တာကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သင်ဟာ Sunni မူဆလင်ကိုးကွယ်သူမဟုတ်သည့်တိုင်အောင် မလေးရှားမှာ နေထိုင်မယ်ဆိုရင်တော့ တက်တူးထိုးခြင်းကို သတိထားဖို့လိုအပ်ပါတယ်။ မလေးရှားနိုင်ငံမှာ “Allah” ဆိုတဲ့ စကားလုံးနဲ့ “Prophet Muhammad ” ဆိုတဲ့ စကားလုံးများ တက်တူးထိုးခြင်းကို ရှောင်ကျဥ်သင့်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။