လုပ်မိတာနဲ့ ထောင်ကျသွားနိုင်တဲ့ သူများနိုင်ငံက ဥပဒေများ

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအသီးသီးမှာတော့မတူညီတဲ့ ဥပဒေတွေအများကြီးရှိပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ဥပဒေတွေက အကျိုးသင့်အကြောင်းသင့်မဟုတ်သလို ပုံမှန်လည်းမဟုတ်ဘဲ အနည်းငယ်ဆန်းပြားနေတက်ပါတယ်။ အဲ့ဒီလို ပုံမှန်မဟုတ်တဲ့ဥပဒေတွေထဲက သင့်ကို အံ့သြသွားစေမယ့် ဥပဒေတွေကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ဖီဂျီ

ဖီဂျီနိုင်ငံမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေဟာ ကမ်းခြေလိုနေရာမျိုးမှာ ကိုယ်ခန္ဓာအထက်ပိုင်း ဗလာကျင်းပြီး နေပူစာလှုံလို့မရပါဘူး။ ဒီ ဥပေဒေက အမျိုးသမီးတွေသာမက အမျိုးသားတွေအတွက်ပါ အကျုံးဝင်တဲ့ ဥပဒေဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ သီရိလင်္ကာ

သီရိလင်္ကာ နိုင်ငံမှာတော့ ဗုဒ္ဓရုပ်ပွားတော်နဲ့ဆယ်လ်ဖီဆွဲတာဟာ ဥပဒေအရ အရေးယူလို့ရတဲ့ ပြစ်မှုတစ်မှုတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အမေရိကန်

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်မှာဆိုရင် ခွေးလေးတွေကိုညှဉ်းပန်းနှိပ်စက်တာဟာ ဥပဒေအရအရေးယူလို့ရပါတယ်။ ကုန်ကုန်ပြောရရင်ခွေးလေးတွေရှေ့မှာ သင့်ရဲ့မျက်နှာကိုရှုံ့တွပြီးစလို့တောင်မရပါဘူး။ shwekhitonlinetv.com

၄။ ဂျပန်

ဂျပန်နိုင်ငံမှာတော့ ကားတစ်စီးအနေနဲ့ ပလက်ဖောင်းပေါ်မှာသွားလာနေတဲ့လူတွေကို ရေစင်တဲ့အထိ ကားကိုမဆင်မခြင်မောင်းရင် ဒဏ်ရိုက်ခံရမှာ ဖြစ်စ်ပါတယ်။ shwekhitonlinetv.com

၅။ ထိုင်း

ထိုင်းနိုင်ငံရဲ့ ဥပဒေမှာတော့ ပုံမှန်မဟုတ်တဲ့ဥပဒေတွေအများကြီး ပြဋ္ဌာန်းထားပါတယ်။ အဲ့ဒီအထဲက ရယ်စရာကောင်းတဲ့ ဥပဒေတစ်ခုကတော့ လူတစ်ဦးအနေနဲ့ အတွင်းခံမပါဘဲ အိမ်အပြင်ကို ထွက်ခွင့်မရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အင်္ဂလန်

အင်္ဂလန်နိုင်ငံရဲ့ ဥပဒေမှာဆိုရင် ယောကျာ်းလေးတစ်ဦးဟာ အသက် (၁၀) နှစ်မပြည့်ခင်အထိ ကိုယ်လုံးတီးမြင်ကွင်းတွေကို မြင်တွေ့ခွင့်မပြုပါဘူး။ shwekhitonlinetv.com

၇။ ဘူလ်ဂေးရီးယား

ဘူလ်ဂေးရီးယားနိုင်ငံမှာတော့ မီးသတ်ဆေးဘူးမဆောင်ထားဘဲ ကားမောင်းခွင့်မရှိပါဘူး။ shwekhitonlinetv.com

၈။ ပြင်သစ်

ပြင်သစ်နိုင်ငံရဲ့ ဥပဒေတစ်ခုမှာတော့ ဝက်တွေကို နပိုလီယန်ဆိုတဲ့ နာမည်ပေးခွင့်မရှိပါဘူးတဲ့။ shwekhitonlinetv.com

၉။ အီတလီ

အီတလီနိုင်ငံ ဗင်းနစ်မြို့မှာတော့ လမ်းပေါ်မှာခိုတွေကို အစာကျွေးတာဟာ ပြစ်မှုမြောက်ပါတယ်။ shwekhitonlinetv.com

၁၀။ ဂျာမနီ

ဂျာမနီနိုင်ငံမှာဆိုရင်တော့ အဝေးပြေးလမ်းမှာပေါ်မှာ ကားတွေအနေနဲ့ ဂတ်စ်ကုန်လို့ဆိုပြီးကားကို ရပ်ထားလို့မရပါဘူး။ ဒီလိုဂတ်စ်ကုန်လို့ရပ်ထားရတဲ့ကားကို အခြားကားတစ်စီးစီးနဲ့ဆွဲသွားမယ်ဆိုရင်တော့ ဥပဒေအရ အရေးယူခံရမှာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply