ကမ္ဘာပေါ်မှာလေဆိပ်အများဆုံးရှိတဲ့ နိုင်ငံတွေအကြောင်း

အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာလေဆိပ်အများဆုံးရှိတဲ့ နိုင်ငံတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ဒီစာရင်းမှာပါဝင်နေမလဲကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com

၁၀။ အင်ဒိုနီးရှား

အရှေ့တောင်အာရှနိုင်ငံတွေထဲက ဒီစာရင်းမှာပါဝင်တဲ့တစ်ခုတည်းသောနိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စုစုပေါင်းလေဆိပ် (၆၇၃) ခုအထိရှိပါတယ်။ shwekhitonlinetv.com

၉။ ပါရာဂွေး

တောင်အမေရိကတိုက်က ပါရာဂွေးနိုင်ငံကတော့ နိုင်ငံအနှံ့မှာလေဆိပ်ပေါင်း (၇၉၉) ခုအထိရှိပြီး ဒီစာရင်းရဲ့ အဆင့် (၉) နေရာမှာရပ်တည်နေပါတယ်။ shwekhitonlinetv.com

၈။ ဘိုလီဗီးယား

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေများစွာမှာတည်ရှိတဲ့ ဘိုလီးဗီးယားနိုင်ငံကလည်း ပို့ဆောင်ရေးကဏ္ဍအတွက် လေကြောင်းကိုသာအဓိကအားထားနေရတာကြောင့် နိုင်ငံတွင်းမှာ လေဆိပ်စုစုပေါင်း (၈၃၆) ခုထိတောင်ရှိပါတယ်။ shwekhitonlinetv.com

၇။ ကိုလံဘီယာ

ဒီစာရင်းမှာပါဝင်တဲ့နောက်ထပ် တောင်အမေရိကနိုင်ငံတစ်ခုကတော့ ကိုလံဘီယာပါ။ ကိုလံဘီယာနိုင်ငံအနေနဲ့ လေဆိပ်စုစုပေါင်း (၈၅၅) ခုအထိပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com

၆။ အာဂျင်တီးနား

အဆင့် (၆) နေရာမှာရှိတာကတော့ တောင်အမေရိကထိပ်သီး အာဂျင်တီးနားနိုင်ငံပဲဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံအနှံ့မှာရှိတဲ့ လေဆိပ်စုစုပေါင်းရဲ့ အရေအတွက်ကတော့ (၉၁၆) ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရုရှား

ရုရှား နိုင်ငံဟာပိုင်နက်ဧရိယာကျယ်ဝန်းတာကြောင့် လေကြောင်းပို့ဆောင်ရေးဟာ နိုင်ငံရဲ့အရေးပါတဲ့ကဏ္ဍတစ်ခုအနေနဲ့ ရှိနေပါတယ်။ ဒါကြောင့်လည်းနိုင်ငံတစ်ဝန်းမှာ လေဆိပ်စုစုပေါင်း (၁၂၁၈) ခုအထိဆောက်လုပ်ထားပါတယ်။ shwekhitonlinetv.com

၄။ ကနေဒါ

မြောက်အမေရိကတိုက်ရဲ့ အင်အားကြီးနိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ ကနေဒါနိုင်ငံအတွင်းမှာတော့ လေဆိပ်စုစုပေါင်း (၁၄၆၇) အထိရှိနေပါတယ်။ shwekhitonlinetv.com

၃။ မက္ကဆီကို

မက္ကဆီကိုနိုင်ငံဟာလည်း လေဆိပ်အများအပြားရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံထဲမှာ လေဆိပ်စုစုပေါင်း (၁၇၁၄) ခုအထိရှိပါတယ်။ shwekhitonlinetv.com

၂။ ဘရာဇီးလ်

တောင်အမေရိကတိုက်ဟာ တောင်ကုန်းတောင်တန်းပေါများလှတဲ့ ပထဝီဝင်အနေအထားရှိတာကြောင့် ဒီစာရင်းမှာ ပါဝင်တဲ့နိုင်ငံအများစုက တောင်အမေရိကနိုင်ငံတွေဖြစ်နေတယ်လို့ထင်ရပါတယ်။ ဘရာဇီးလ်နိုင်ငံကတော့ ဒီစာရင်းမှာ အဆင့် (၂) နေရာရှိပြီး လေဆိပ်စုစုပေါင်း (၄၀၉၃) ခုထိရှိပါတယ်။ shwekhitonlinetv.com

၁။ အမေရိကန်

ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ပြီး အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရိကန်နိုင်ငံကတော့ ဒီစာရင်းမှာလည်း ဦးဆောင်နေပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပိုင်နက်ထဲမှာရှိတဲ့ လေဆိပ်စုစုပေါင်းကတော့ (၁၃၅၁၃) ခုဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။