သင့်ဘဝမှာ ဘယ်တော့မှ သွားရောက်လည်ပတ်ခွင့်တောင် ရှိမှာ မဟုတ်တဲ့ ကမ္ဘာ့အလျှို့ဝှက်ဆုံး နေရာ (၅) နေရာ

ကမ္ဘာမြေပေါ်မှာ လုံခြုံရေးတင်ကျပ်စွာထားရှိတာ၊ အန္တရာယ်များလွန်းတာ၊ သီးသန့်ခွဲခြားသတ်မှတ်ထားတာ စတဲ့အကြောင်းအမျိုးမျိုးကြောင့် သွားရောက်လည်ပတ်ဖို့မဖြစ်နိုင်တဲ့နေရာဒေသတွေအများအပြားရှိပါတယ်။ ဒါကြောင့် သာမန်လူတွေအနေနဲ့ အဲ့ဒီနေရာတွေကို Google Maps ပေါ်မှာသာစိတ်ကူးနဲ့သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီနေရာတွေကတော့ ….. shwekhitonlinetv.com

၁။ Area 51

Area 51 ဆိုတဲ့နာမည်ကို အင်တာနက်အသုံးပြုသူတိုင်းနီးပါးရင်းနှီးစွာကြားဖူးကြပေမယ့် ကိုယ်တွေ့သွားရောက်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ပါဘူး။ Las Vegas မြို့ရဲ့မြောက်ဘက် (၈၃) မိုင်အကွာ နီဗားဒါးကန္တာရထဲမှာရှိတဲ့ Area 51 ဟာ အမေရိကန်စစ်တပ်ရဲ့လက်နက်စမ်းသပ်မှုတွေနဲ့ လေယာဉ်စမ်းသပ်တီထွင်မှုတွေပြုလုပ်တဲ့နေရာလို့ တရားဝင်ကြေညာထားပေမယ့် ဒီနေရာမှာအခြားလျှို့ဝှက်ချက်များစွာရှိနေနိုင်ဆိုတာကို လူအတော်များများက သဘောပေါက်ထားပါတယ်။ အမေရိကန်နိုင်ငံရဲ့သမ္မတတောင်ဒီနေရာမှာဘာတွေရှိတယ် ဘာတွေလုပ်နေတယ်ဆိုတာ အတိအကျမသိရဘူးဆိုတော့ သာမန်လူတွေအတွက်တော့ ပြောစရာလိုမယ်မထင်တော့ပါဘူး။ shwekhitonlinetv.com

၂။ Room 39

မြောက်ကိုရီးယားနိုင်ငံဆိုတာဝင်ထွက်သွားလာဖို့ခက်ခဲတဲ့နိုင်ငံဖြစ်ပြီး အဲ့ဒီမှာရှိတဲ့သူတို့ခေါင်းဆောင်ရဲ့ လျှို့ဝှက်နေရာတစ်ခုဆိုရင်တောင် သွားရောက်လေ့လာဖို့ဆိုတာပိုဝေးသွားပါပြီ။ သူလျှိုလုပ်ဖူးတဲ့သူတွေရဲ့ အဆိုအရတော့ Room 39 ဆိုတာ ကင်ဂျုံအန်ရဲ့ အာဏာတည်မြဲရေးအတွက် နောက်ကွယ်ကနေ နည်းမျိုးစုံနဲ့ထောက်ပံ့ပေးဖို့ရည်ရွယ်ပြီးထားရှိတဲ့ အစိုးရဋ္ဌာနတစ်ခုလို့သိရပါတယ်။ ဒီနေရာမှာ အမေရိကန်ဒေါ်လာ (၁၀၀) တန်အတုလုပ်တာတွေ၊ မူူးယစ်ဆေးထုတ်လုပ်မှုတွေကတစ်ဆင့် နိုင်ငံရေးပံ့ပိုးမှုရန်ပုံငွေတွေရရှိအောင်ဖန်တီးပေးနေသလို နျူလက်နက်ဝယ်ယူနိုင်ဖို့အတွက်လည်း ထောက်ပံ့နေတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၃။ Mezhgorye

Mezhgorye ဆိုတဲ့ကျေးရွာသာသာ မြို့ကလေးကတော့ Bashkortostan သမ္မတနိုင်ငံ (ရုရှားနိုင်ငံ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု) မှာရှိတဲ့ အပြင်သူစိမ်းတွေဝင်ထွက်ခွင့်မရှိတဲ့ တံခါးပိတ်မြို့ကလေးပါ။ ရုရှားနိုင်ငံရဲ့ နာမည်ကျော် Mount Yamantaw အနီးတစ်ဝိုက်မှာရှိပြီး တောင်တန်းတွေဝန်းပတ်နေတဲ့ဒီမြို့ကလေးမှာ နေထိုင်တဲ့သူတွေအနေနဲ့ ဘာတွေလုပ်ကိုင်နေကြတယ်ဆိုတာလည်း ဘယ်သူမှမသိပါဘူး။ ဒီနေရာမှာရှိတဲ့တောင်တန်းတွေမှာ စစ်အေးကာလတုန်းကတည်ဆောက်ထားတဲ့ လျှို့ဝှက်အဆောက်အဦးတွေရှိတယ်ဆိုတာတော့ အင်တာနက်ပေါ်မှာ ဓာတ်ပုံတွေပျံ့နှံ့ဖူးပါတယ်။ shwekhitonlinetv.com

၄။ North Sentinel Island

North Sentinel Island ဆိုတာကတော့ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ အက်ဒမန်ကျွန်းစုတွေထဲကတစ်ခုဖြစ်သလို ကမ္ဘာပေါ်ကအထီးကျန်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီကျွန်းပေါ်မှာနေထိုင်ကြတဲ့ မျိုးနွယ်စုတွေဟာအလွန်ရန်လိုကြလို့ဖြစ်ပါတယ်။ သူတို့အနေနဲ့ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက ပြင်ပလူ့အသိုင်းအဝိုင်းနဲ့ ဆက်ယှက်မှုမပြုခဲ့ဘဲ သူတို့ဆီလာရင် ကိစ္စတုံးပစ်တက်တဲ့ မျိုးနွယ်စုဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Vatican Secret Rooms

ဗာတီကန်မြို့ကလေးမှာရှိတဲ့ ဗာတီကန်မော်ကွန်းတိုက်အကြောင်းကလည်း လူအတော်များများနဲ့ရင်းနှီးထားပြီးသားအကြောင်းအရာတစ်ခုဖြစ်မယ်ထင်ပါတယ်။ ပုပ်ရဟန်းမင်းကြီး သီတင်းသုံးနေထိုင်တဲ့ဒီနေရာကို နှစ်စဉ်ကမ္ဘာအနှံ့ကခရီးသွားတွေလာရောက်လည်ပတ်ကြပေမယ့် ဗာတီကန်မော်ကွန်းတိုက်ရဲ့လျှို့ဝှက်အခန်းတွေကိုတော့ ဘယ်သူမှလေ့လာကြည့်ရှုခွင့်မရှိပါဘူး။ ကောလဟလ သတင်းတွေအရတော့ အဲ့ဒီလျှို့ဝှက်ခန်းတွေမှာ သခင်ယေရှုတည်ရှိမှုကိုဆန့်ကျင်တဲ့ ရှေးဟောင်းကျမ်းစာတွေကိုသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply