သမိုင်းတစ်လျှောက် အကြီးမားဆုံး လှုပ်ခတ်ခဲ့သော ငလျင် (၁၀) ခု

သမိုင်းတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာလှုပ်ခတ်ခဲ့တဲ့ ငလျှင်အရေအတွက်က ရေတွက်လို့မကုန်နိုင်အောင်များပြားလှပါတယ်။ ဒီ ငလျှင်တွေထဲကမှ အင်အားအပြင်းဆုံးငလျှင် (၁၀) ခုကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ Valdivia Earthquake

ကမ္ဘာပေါ်မှာလှုပ်ခတ်ခဲ့ဖူးသမျှ ငလျှင်တွေထဲမှာအပြင်းထန်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တာကတော့ ၁၉၆၀ မေလ (၂၂) တုန်းက ချီလီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ Valdivia ငလျှင်ဖြစ်ပါတယ်။ တိုင်းတာချက်အရ ဒီငလျှင်ရဲ့ပြင်းအားဟာ (၉.၅) ရစ်ချက်တာစကေး မဂ္ဂနီကျုထိတောင်ရှိခဲ့ပါတယ်။ (၁၀) မိနစ်ဝန်းကျင်ကြာတဲ့အထိလှုပ်ခတ်ခဲ့တဲ့ ဒီငလျှင်ကြောင့် ဆူနာမီရေလှိုင်းကြီးတွေဖြစ်ပေါ်စေခဲ့ပြီး ချီလီနိုင်ငံတောင်ပိုင်း၊ ဟာဝိုင်အီ၊ ဂျပန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်အရှေ့ပိုင်း၊ သြစတြေးလျအရှေ့ပိုင်းနဲ့ အလက်တီယန် ကျွန်းစုတွေပါထိခိုက်ခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ Great Alaska Earthquake

၁၉၆၄ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ အလာစကာပြည်နယ်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ Alaska ငလျှင်ကတော့ ကမ္ဘာပေါ်မှာ ဒုတိယအားအပြင်းဆုံးလှုပ်ခတ်ခဲ့တဲ ငလျှင်ဖြစ်ပါတယ်။ လူသူထူထပ်စွာမနေတဲ့ နေရာမှာလှုပ်ခတ်ခဲ့တာကတော့ အဆိုးထဲကအကောင်းလို့ဆိုရမှာပါ။ ဒီ ငလျှင်ရဲ့ ပြင်းအားကတော့ ရစ်ချက်တာစကေး (၉.၂) မဂ္ဂနီကျုအထိရှိပြီး အနီးနားမှာရှိတဲ့ Chenega လို့ခေါ်တဲ့ ရွာကလေးကိုဖျက်ဆီးပစ်ခဲ့သလို ကြီးမားတဲ့ရေအောက်မြေပြိုမှုတွေကိုပါဖြစ်ပေါ်စေခဲ့ပါတယ်။ shwekhitonlinetv.com

၃။ Sumatra Earthquake

၂၀၀၄ ခုနှစ်တုန်းက အိန္ဒိယသမုဒ္ဒရာထဲမှာ လှုပ်ခတ်ခဲ့တဲ့ ငလျှင်တစ်ခုကတော့ ပြင်းအားရစ်ချက်တာစကေး (၉.၁) မဂ္ဂနီကျုအထိရှိခဲ့ပြီး ကမ္ဘာပေါ်မှာ တတိယမြောက်အပြင်းဆုံး ငလျှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူးမတြားကျွန်းအနီးမှာလှုပ်ခတ်ခဲ့တဲ့ ဒီငလျှင်ကြောင့် အမြင့်ပေ (၁၀၀) နီးပါးရှိတဲ့ ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်ခဲ့ပြီး လူအေ-သအပျောက် (၂၅၀,၀၀၀) ထက်မနည်းရှိခဲ့ပါတယ်။ ဒီငလျှင်ရဲ့ ဒဏ်ကိုတော့ အနီးနားမှာရှိတဲ့ အိန္ဒိယ၊ ထိုင်း၊ မြန်မာ၊ မလေးရှားတို့သာမကဘဲ အာဖရိကတိုက်က ကင်ညာ၊ ဆိုမာလီ၊ တန်ဇန်းနီးယား၊ မာဒါဂတ်စကာ နဲ့ တောင်အာဖရိကနိုင်ငံတွေပါ ခံစားခဲ့ကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Tohoku Earthquake

မီးတောင်တွေပေါများလှပြီး ပြတ်ရွေ့ကြောတွေပေါ်မှာတည်ရှိတဲ့ ဂျပန်နိုင်ငံကတော့ ငလျှင်ဒဏ်ကိုမကြာခဏ ခံရလေ့ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ငလျှင်တွေဟာ ပြင်းအားအတော်အသင့်ရှိတဲ့ ငလျှင်တွေဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက လှုပ်ခတ်သွားခဲ့တဲ့ Tohoku ငလျှင်ကတော့ အကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ ဒီ ငလျှင်ရဲ့ ပြင်းအားကတော့ ရစ်ချက်တာစကေး (၉.၁) မဂ္ဂနီကျုဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Severo-Kurilsk Earthquake

နောက်ထပ်ပြင်းအား ရစ်ချက်တာစကေး (၉.၁) မဂ္ဂနီကျူအထိရှိခဲ့တဲ့ ငလျှင်တစ်ခုလည်း ၁၉၅၂ ခုနှစ်တုန်းက ဆိုဗီယက်ယူနီယံနိုင်ငံအတွင်းမှာ လှုပ်ခတ်ခဲ့ပါသေးတယ်။ အဲ့ဒီ ငလျှင်ကိုတော့ Severo-Kurilsk ငလျှင်လို့အမည်ပေးခဲ့ကြပါတယ်။ shwekhitonlinetv.com

၆။ Maule Earthquake

ချီလီနိုင်ငံ ရဲ့ Maule ဆိုတဲ့ပြည်နယ်တစ်ခုကတော့ ဆူနာမီဒဏ်၊ ငလျှင်ဒဏ်တွေနဲ့ ရင်းနှီးနေတဲ့ ဒေသဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက ခံစားခဲ့ရတဲ့ ငလျှင်ကတော့ ရစ်ချက်တာစကေး (၈.၈) မဂ္ဂနီကျုအထိရှိခဲ့ပြီး အပျက်စီးအဆုံးအရှုံးအတော်လေးများခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၇။ Ecuador-Colombia Earthquake

၁၉၀၆ ခုနှစ်တုန်းက အီကွေဒေါနိုင်ငံ နဲ့ ကိုလံဘီယာနိုင်ငံအနီးက ကမ်းလွန်နေရာမှာလှုပ်ခတ်ခဲ့တဲ့ ငလျှင်တစ်ခုကလည်း ပြင်းအားရစ်ချက်တာစကေး (၈.၈) မဂ္ဂနီကျုအထိရှိခဲ့ပါတယ်။ ဒီ ငလျှင်ကြောင့်ဆူနာမီလှိုင်းတွေပါဖြစ်ပေါ်ခဲ့ပြီး လူဦးရေ (၅၀၀) ထက်မနည်း အေ-သ အပျောက်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

၈။ Rat Islands Earthquake

အမေရိကန်နိုင်ငံပိုင်နက်အတွင်းမှာပါပြီး ဘာရင်ပင်လယ်ပြင်အတွင်းမှာရှိတဲ့ Rat Islands မှာတော့ ၁၉၆၅ ခုနှစ်ကပြင်းအား ရစ်ချက်တာစကေး (၈.၇) မဂ္ဂနီကျုရှိတဲ့ ငလျှင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျှင်က ကမ္ဘာပေါ်မှာ အဋ္ဌမ မြောက်အပြင်းဆုံးငလျှင်ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၉။ Assam-Tibet Earthquake

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အဓိက ခံစားခဲ့ရတဲ့ အင်အားပြင်းငလျှင်တစ်ခုကတော့ ၁၉၅၀ ခုနှစ်မှာလှုပ်ခတ်သွားခဲ့ဖူးပါတယ်။ ဒီ ငလျှင်ကို Assam-Tibet Earthquake လို့အမည်ပေးခဲ့ပြီး ပြင်းအားကတော့ ရစ်ချက်တာစကေး (၈.၆) မဂ္ဂနီကျုဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Indian Ocean Earthquake

အိန္ဒိယသမုဒ္ဒရာထဲမှာ ၂၀၁၂ ခုနှစ်တုန်းကလှုပ်ခတ်ခဲ့တဲ့ ငလျှင်တစ်ခုကတော့ ပြင်းအား ရစ်ချက်တာစကေး (၈.၆) မဂ္ဂနီကျုရှိခဲ့ပြီး အဲ့ဒီငလျှင်ဒဏ်ကိုခံစားခဲ့ရတာကတော့ အနီးဆုံးမှာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply