အမေရိကန်နိုင်ငံသားတွေတောင် သိပ်မသိကြတဲ့ အမေရိကန်က အထိမ်းအမှတ်ရုပ်တုများ

လောကမှာ တစ်ချို့အရာဝတ္ထုတွေဟာကိုယ့်အနီးအနားမှာရှိပေမယ့် သတိမထားမိလို့ မတွေ့မမြင်မိတာမျိုး ဖြစ်တတ်ပါတယ်။ အမေရိကန်နိုင်ငံသား (၂) ရာခိုင်နှုန်းလောက်ပဲသိကြတဲ့ အမေရိကန်နိုင်ငံက အထိမ်းအမှတ်ရုပ်တုတွေ နဲ့ အထင်ကရနေရာတွေအကြောင်းကို Shwe Khit ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် …. shwekhitonlinetv.com

၁။ ပြောင်းဖူးနန်းတော်

ပြောင်းဖူးနဲ့ပြုလုပ်ထားတဲ့ နန်းတော်တစ်ခုကတော့ အမေရိကန်နိုင်ငံ တောင်ဒါကိုတာပြည်နယ် မစ်ချဲမှာတည်ရှိပါတယ်။ ဒီနန်းတော်ကို ၁၉၂၁ က ဂျွန်နီကတ်ရှ် နဲ့ ဝီလီနယ်လ်ဆင် ဆိုတဲ့သူနှစ်ဦးက ​တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နန်းတော်ထဲမှာရှိတဲ့ နံရံဆေးရေးပန်းချီတော်တော်များများကတော့ ပြောင်းဖူးတွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။ ဒီနေရာကို ကမ္ဘာလှည့်ခရီးသွားတွေ နှစ်စဥ် ဦးရေ (၅) သိန်းလောက် လာရောက်လေ့လာကြပေမယ့် အမေရိကန်နိုင်ငံသားအများစုကတော့ ဒီနေရာရှိမှန်းမသိကြပါဘူး။ shwekhitonlinetv.com

၂။ ပီစတာချီယိုတိုင်းပြည်

ပီစတာချီယို (Pistachio) ဆိုတာကတော့ အစိမ်းရောင်ဖျော့ဖျော့ရှိပြီး စားကောင်းတဲ့အခွံမာသီးတစ်မျိုးဖြစ်ပါတယ်။ ပီစတာချီယိုလန်း (Pistachio Land) လို့အမည်ပေးထားတဲ့ ဒီနေရာမှာတော့ ပီစတာချီယိုအပင်ပေါင်း (၁၂,၀၀၀) လောက်စိုက်ပျိုးထားတဲ့ ခြံအကျယ်ကြီးတစ်ခုရှိပြီး အဝင်ဝမှာလည်း ပေ (၃၀) လောက်မြင့်တဲ့ ပီစတာချီယို အစေ့အဆံရုပ်တုကြီးရှိပါတယ်။ ဒီနေရာမှာ တင်မ်မဂ္ဂင်း (Tim McGinn) ဆိုတဲ့သူက ပီစတာချီယိုတွေကို စတင်ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သားဖြစ်သူက ဖခင်ရဲ့အမွေကိုဆက်ခံထားရှိတာပဲဖြစ်ပါတယ်။ နယူးမက္ကဆီကို ပြည်နယ်၊ အလာမိုဂေါ်ဒိုမှာရှိတဲ့ ပီစတာချီဟိုလန်း ကိုတော့ ပီစတာချီယိုကြိုက်သူတွေနှစ်စဥ်လာရောက်လည်ပတ်လေ့ရှိပါတယ်။ shwekhitonlinetv.com

၃။ တက္ကဆက်ပြည်နယ်က ပါရီမြို့

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ပါရီမြို့ရှိတယ်ဆိုတာ သင်သိပါသလား ? ဒီမြို့မှာ (၆၅) ပေမြင့်တဲ့ အီဖယ်မျှော်စင်တစ်ခုရှိပြီးတော့ မျှော်စင်ရဲ့ထိပ်မှာ (၃) ပေခွဲလောက်အရွယ်အစားရှိတဲ့ ကောင်းဘွိုင် ဦးထုပ်တစ်လုံးနဲ့ အလှဆင်ထားပါတယ်။ ညဘက်တွေဆိုရင်တော့ ဒီမျှော်စင်ကို မီးရောင်စုံတွေနဲ့အလှဆင်ပြီး ဒီမြို့မှာနေထိုင်တဲ့သူတွေကတော့ မျှော်စင်အတွက်အလွန်ဂုဏ်ယူကြတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

၄။ Lucy The Elephant

နယူးဂျာစီပြည်နယ် (New Jersey) မာဂိတ်စီးတီး (Margate City) မှာရှိတဲ့ ဆင်ရုပ်ကြီးကတော့ဒီစာရင်းမှာပါတဲ့ ရုပ်တုတွေအနက် ရှေးအကျဆုံးလို့ဆိုနိုင်ပါတယ်။ Lucy the Elephant လို့အမည်ပေးထားတဲ့ ဒီဆင်ရုပ်ကြီးကို James V. Lafferty ဆိုသူက (၁၈၈၁) ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး အိမ်ခြံမြေလုပ်ငန်း တိုးတက်မှုအတွက် ခရီးသွားတွေကို ပိုမိုဆွဲဆောင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒီဆင်ရုပ်ကြီးရဲ့ထူးခြားချက်က အတွင်းမှာ ဧည့်ခန်းတွေ၊ အိပ်ခန်းတွေလိုမျိုး အခန်းတွေပါဝင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဗုဒ္ဓရုပ်ပွားတော်တစ်ထောင်

အမေရိကန်လို နိုင်ငံမျိုးမှာ ဒီလိုနေရာမျိုးရှိနေတာက အတော်လေးကို အံ့အားသင့်စရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တစ်ထောင် ဥယျာဉ်ဟာ မွန်တာနာပြည်နယ် ၊ အာလီ (Arlee) မှာတည်ရှိပါတယ်။ ဒီဥယျာဥ်ထဲမှာ ဗုဒ္ဓရုပ်ပွားတော် ၁၀၀၀ တန်းစီတည်ရှိနေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး ဗဟိုဌာနအဖြစ် သတ်မှတ်ခံထားရတယ်လို့လည်း သိရပါတယ်။
ဗုဒ္ဓဟာ အရိယာမဂ်ကို လိုက်စားပြီး ဒီခေတ်မှာ ဗုဒ္ဓတစ်ထောင် ပေါ်ထွန်းမယ်လို့ ယုံကြည်ပြီး ဒီဥယျာဥ်ကို ဖန်တီးခဲ့တာလို့လည်းသိရပါတယ်။ shwekhitonlinetv.com

၆။ ကောင်းဘွိုင်တွေရဲ့ကျောက်တုံးကြီး

သင့်အနေနဲ့ ယူတာ့ပြည်နယ်တောင်ပိုင်းက ဟိုင်းဝေးလမ်းအမှတ် (၁၉၁) အတိုင်းတောက်လျောက်မောင်းနှင်လာမယ်ဆိုရင်တော့ ကျောက်တောင်ကြီးတစ်ခုမှာ ကြီးမားတဲ့ စာသားအဖြူရောင်နဲ့ရေးထားတဲ့ “Hole n’ the rock” ဆိုတဲ့ စာတန်းကြီးကို ကျိန်းသေပေါက်တွေ့ရပါလိမ့်မယ်။ ဒီကျောက်တုံးကြီးဟာ ၂၀ ရာစုအစောပိုင်းကာလတွေက ကောင်းဘွိုင်တွေ နေထိုင်သွားခဲ့တဲ့ ကျောက်တုံးကြီးဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကောင်းဘွိုင်တွေဟာ အမိုးအကာအဖြစ်ကျောက်ဂူတွေကိုအသုံးပြုခဲ့ကြတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ဒီနေရာကိုသွားကြည့်မယ်ဆိုရင်တော့ ကောင်းဘွိုင်တွေအိမ်အဖြစ်နေခဲ့တဲ့ ဂူပေါက် (၁၄) ခုကို ဒီကျောက်တုံးကြီးမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ တံတားအောက်က အရုပ်ကြီး

ဆီယက်တဲမှာရှိတဲ့ ဂျော့ဝါရှင်တန်အထိမ်းအမှတ်တံတားရဲ့အောက်မှာတော့ မှင်စာကြီးတစ်ကောင်ရှိနေတာကို အမေရိကန်နိုင်ငံသားတော်တော်များများသတိမထားမိကြပါဘူး။ ကုန်ကုန်ပြောရရင် ဆိုရှယ်မီဒီယာတွေပေါ်ဒီမှင်စာရုပ်တုပုံမရောက်ခင်အထိ အဲ့အနီးနားပတ်ဝန်းကျင်က လူတွေတောင် ရှိမှန်းမသိခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုကြီးက (၁၈) ပေအမြင့်ရှိပြီး အဲ့ဒီတံတားအောက်မှာ ၁၉၉၀ ခုနှစ်ကတည်းက တည်ရှိနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူ့အတွက်မွေးနေ့ပွဲတွေဘာတွေတောင် ပြုလုပ်ပေးနေပြီလို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးအားလုံးပဲကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ ဒီလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အမြဲဖတ်ရှုချင်တယ်ဆိုရင်တော့ Shwe Khit Online TV Page လေးကို Like & Follow လုပ်ထားဖို့တော့လိုမယ်နော် ….. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။