ခွေးတစ်ကောင်ကနေစတဲ့ပြဿနာကနေ ဂျွန်ဝစ် လူဘယ်နှယောက်ထိ ဇီဝိန်ချွေခဲ့သလဲ

Chapter (1) ကနေ (4) အထိထွက်ရှိထားတဲ့ ဂျွန်ဝစ်ဇာတ်ကားတွေဟာ ကမ္ဘာနဲ့တစ်ဝန်းမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားချော ကီနူးရိဗ်က ဂျွန်ဝစ်ဇာတ်ကောင်နေရာကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

ဇာတ်လမ်းဇာတ်အိမ်ကတော့ အားလုံးပဲကြည့်ပြီးသားဖြစ်နေမှာမို့လို့ အထူးတလည် ပြန်ပြောစရာတော့ လိုမယ်မထင်ပါဘူး။ အခုပြောပြချင်တာက ပရိသတ်တွေအနေနဲ့ သိပ်ပြီးသတိမထားမိလောက်တဲ့ အချက်လေးပါ။ အဲ့ဒါကတော့ ဒီဇာတ်ကားတွေထဲမှာ ဂျွန်ဝစ် ဇီဝိန်ချွေခဲ့တဲ့လူအရေအတွက် ဘယ်လောက်ထိရှိခဲ့သလဲဆိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ပထမဆုံး John Wick – Chapter (1) ဇာတ်ကားလေးမှာ သူ့ရဲ့ခွေးကလေးကို သ-တ်သွားတဲ့ သူတွေကိုပြန်လည် လက်စားချေရာကနေ မီးခိုးကြွက်လျှောက်ဆိုသလိုပဲ ဂျွန်ဝစ်အနေနဲ့ ရင်ဆိုင်တွေ့ခဲ့ရပြီး တိုက်ခိုက်သ-တ်ဖြတ်ခဲ့တဲ့ လူအရေအတွက်ဟာ (၇၇) ယောက်အထိရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒုတိယဇာတ်ကားမှာတော့ ဂျွန်ဝစ် အနေနဲ့ပိုမိုကြမ်းရမ်းခဲ့တယ်လို့ဆိုနိုင်ပြီး အသေအကြေတိုက်ခိုက်ပြီး ဇီဝိန်ချွေပေးခဲ့တဲ့ လူအရေအတွက်ဟာ (၁၂၈) ယောက်အထိတောင် ရှိခဲ့ပါတယ်။ တတိယမြောက်ဇာတ်ကားမှာတော့ ဂျွန်ဝစ်ကြောင့် အသက်ပျောက်ခဲ့ရတဲ့လူ စုစုပေါင်း (၉၄) ယောက်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

နောက်ဆုံးထွက်ရှိခဲ့တဲ့ Chapter – (4) ကတော့ အကြမ်းဆုံးဖြစ်ပြီး ဂျွန်ဝစ်သ-တ်ဖြတ်ခဲ့တဲ့ ရန်သူပေါင်းဟာ (၁၄၀) တောင်ရှိခဲ့ပါတယ်။ ဒါကြောင့် Chapter (1) ကနေ (4) အထိအားလုံးပေါင်းလိုက်မယ်ဆိုရင် ဂျွန်ဝစ်ကြောင့် အသက်ပျောက်ခဲ့သူဟာ စုစုပေါင်း (၄၃၉) ယောက်အထိရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဂျွန်ဝစ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကီနူးရိဗ်ဟာ ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ စတန့်သမားတွေကို သူတို့သေခဲ့တဲ့အကြိမ်ရေနံပါတ်စဉ်ပါရှိတဲ့ တီရှပ်အင်္ကျီတွေ အမှတ်တရအဖြစ်လက်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။