ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် (၇) ဦးရဲ့ နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ကားများ

အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေလို့ သတ်မှတ်ခံထားရသူတွေရဲ့ နေ့စဉ်ဘဝမှာအသုံးပြုနေကြတဲ့ ကားလေးတွေရဲ့အကြောင်းဖြစ်ပါတယ်။ ပိုက်ဆံတွေသုံးမကုန်အောင်ချမ်းသာကြွယ်ဝတဲ့ ဘီလျံနာတွေပီပီ နောက်ဆုံးပေါ်ဇိမ်ခံကားအကောင်းစားတွေကို စီးနင်းနိုင်သူတွေဖြစ်တာက အံ့သြစရာမရှိပေမယ့် တစ်ချို့ဘီလျံနာတွေ လက်ရှိစီးနေတဲ့ကားတွေကတော့ သင့်ကိုအံ့အားသင့်သွားစေမှာအမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ အီလွန်မက်စ် – McLaren F1

ခန့်မှန်းခြေအားဖြင့် ပေါင် (၁၇၀) ဘီလီယံလောက်ချမ်းသာကြွယ်ဝတဲ့ အီလွန်မက်စ် (Elon Musk) ကတော့ Tesla လျှပ်စစ်ကားကုမ္ပဏီ၊ Twitter၊ Pay Pel၊ Space X နဲ့ အခြားစီးပွားရေးလုပ်ငန်းကြီးများစွာမှာ အဓိကပုဂ္ဂိုလ်တစ်ဦးအဖြစ်ရှိနေတဲ့ သူဋ္ဌေးကြီးတစ်ဦးဖြစ်ပါတယ်။ သူဟာ စုစုပေါင်း ပေါင်သန်း (၂၀) လောက်တန်ဖိုးရှိတဲ့ကားတွေကိုပိုင်ဆိုင်ထားပြီး လက်ရှိစီးနေတာကတော့ McLaren F1 ကားပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဂျက်ဖ်ဘီဇိုးစ် – Honda Accord

Amazon ကိုတည်ထောင်သူဖြစ်တဲ့ ဂျက်ဖ်ဘီဇိုးစ် (Jeff Bezos) ကတော့ ခန့်မှန်းခြေအားဖြင့် ပေါင် (၁၃၀) ဘီလီယံလောက်ချမ်းသာကြွှယ်ဝတယ်လို့သိရပါတယ်။ သူကတော့အောက်ခြေဘဝကနေလာတဲ့သူတစ်ဦးပီပီ တန်ဖိုးကြီးဇိမ်ခံကားတွေဝယ်ယူ စုဆောင်းတာမျိုးတော့မရှိပါဘူး။ လက်ရှိသူစီးနေတဲ့ Honda Accord ကားကလည်း ပေါင် (၃၀၀၀) လောက်ပဲတန်ဖိုးရှိတာကြောင့် အခြားဘီလျံနာတွေရဲ့ ကားတွေနဲ့အတော်လေးကို တန်ဖိုးအားဖြင့်ကွာခြားလှပါတယ်။ shwekhitonlinetv.com

၃။ လာရီအဲလစ်ဆင် – Lexus LFA , McLaren F1 , Lexus LS600h

Oracle ကွန်ပျုတာကုမ္ပဏီတည်ထောင်သူဖြစ်တဲ့ လာရီအဲလစ်ဆင် (Larry Elisson) ကတော့ ပေါင် (၉၀) ဘီလီယံလောက်ချမ်းသာကြွယ်ဝသူပါ။ သူကတော့ ဇိမ်ခံကားအကောင်းစားတွေကို ထည်လဲစီးတက်တဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း Lexus LFA , McLaren F1 , Lexus LS600h ကားတွေကိုတစ်လှည့်စီ စီးနင်းပြီးလူမြင်ကွင်းတွေကို ရောက်ရှိလာတက်သူဖြစ်ပါတယ်။ ဒီကားတွေအပြင်အခြား သူပိုင်ဆိုင်တဲ့ကားတွေရဲ့ စုစုပေါင်းတန်ဖိုးက ပေါင် (၂၁) သန်းလောက်ရှိပါတယ်။ shwekhitonlinetv.com

၄။ ဘီလ်ဂိတ် – Porsche 959

တစ်ဦးတည်းပိုင်ဆိုင်မှု စတာလင်ပေါင် (၈၆) ဘီလီယံလောက်ရှိတဲ့ မိုက်ခရိုဆော့ဖ် သူဋ္ဌေးကြီးဘီလ်ဂိတ် (Bill Gates) ကတော့ Porsche ကအထူးထုတ်လုပ်ထားတဲ့ (၈၀) ခုနှစ်မော်ဒယ် Porsche 959 ကားလေးကို စီးနင်းနေသူဖြစ်ပါတယ်။ ဒီကားကို ဘီလ်ဂိတ်အနေနဲ့ ပေါင် (၁.၅) သန်းပေးပြီးဝယ်ယူခဲ့တာ့ဖြစ်ပါတယ်။ သူ့မှာအခြားကားတွေလည်းရှိသေးပေမယ့် စုစုပေါင်းတန်ဖိုးအတိအကျကိုတော့ မသိရပါဘူး။ shwekhitonlinetv.com

၅။ မာ့ဇတ်ကာဘတ်ဂျ် – Pagani Huayra , Honda Jazz

မြန်မာပြည်သူတွေရဲ့ အချစ်တော်တစ်ဦးဖြစ်ပြီး ဖေ့စ်ဘုတ်တည်ထောင်သူလည်းဖြစ်တဲ့ မာ့ဇတ်ကာဘတ်ဂျ်ကတော့ ပေါင် (၈၅) ဘီလီယံလောက်ချမ်းသာနေပြီဖြစ်ပေမယ့် အပြင်လူနေမှုဘဝကို ရိုးရှင်းပေါ့ပါးစွာနဲ့ပဲဖြတ်သန်းလေ့ရှိတဲ့သူဖြစ်ပါတယ်။ သူ့မှာ ပေါင် (၂) သန်းဝန်းကျင်တန်တဲ့ Pagani Huayra ဆိုတဲ့ကားတစ်စီးရှိပေမယ့် အရေးကြီးတဲ့ ပွဲတက်အခမ်းအနားမျိုးတွေရှိရင်သာတစ်ခါတရံ အသုံးပြုတာပါ။ နေ့စဉ်သွားလာမှုနဲ့ တော်ရုံပွဲမျိုးဆိုရင်တော့ ပေါင် (၁၀၀၀၀) လောက်ပဲတန်တဲ့ Honda Jazz လေးနဲ့ပဲသွားလာတဲ့သူပါ။ shwekhitonlinetv.com

၆။ ဝါရင်းဘတ်ဖတ် – Cadillac XTS

ပေါင် (၉၉) ဘီလီယံလောက်ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးကြီး ဝါရင်းဘတ်ဖတ် (Warren Buffet) ကိုတော့ သူ့ရဲ့ချွေတာရေးလမ်းစဉ်တွေကြောင့် လူသိများလှပါတယ်။ စီးပွားရေးနယ်ပယ်မှာ အရေးပါတဲ့အခန်းကဏ္ဍတွေကို ကျွမ်းကျင်နားလည်စွာတက်သိနားလည်တဲ့သူတစ်ဦးဖြစ်သလို ချွေတာရေးကိုလည်း အလေးထားသူပါ။ တစ်ကယ်တမ်းသူကိုယ်တိုင်ကလည်း မလိုအပ်ဘဲ အပိုကုန်မယ့်အရာတွေကိုရှောင်ရှားလေ့ရှိသူတစ်ဦးဆိုတာကို သူစီးနေတဲ့ ပေါင် (၁) သောင်းကျော်တန် Cadillac XTS ကားလေးကသက်သေပြနေပါတယ်။ shwekhitonlinetv.com

၇။ မူကက်ရှ်အမ်ဘာနီ – Maybach 62

အာရှမှာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အိန္ဒိယနိုင်ငံသား မူကက်ရှ်အမ်ဘာနီ (Mukesh Ambani) ကတော့ ပေါင် (၈၀) ဘီလီယံလောက်ချမ်းသာပါတယ်။ သူဟာ ရေနံ၊ ဓာတုဗေဒ ကစလို့ အထည်အလိပ်လုပ်ငန်းအထိ စီးပွားရေးမျိုးစုံကို လုပ်ကိုင်တဲ့တစ်ဦးလည်းဖြစ်ပါတယ်။ သူ့မှာ Rolls Royces , Aston Martins , BMW စတဲ့ကားအကောင်းစားတွေရှိပေမယ့်လည်း သူ့ဇနီးကမွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးထားတဲ့ Maybach 62 ဆိုတဲ့ မော်ဒယ်နိမ့်ကားလေးကိုသာအမြဲလိုလိုစီးနင်းတဲ့သူပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။