မိုးပေါ်မှာပျံနေတဲ့ကားတွေကို အရင်ကတော့ရုပ်ရှင်တွေထဲမှာ မြင်ဖူးတွေ့ဖူးပြီး စိတ်ကူးနဲ့ စီးကြည့်ခဲ့ဖူးသူတွေရှိမယ်လို့ထင်ပါတယ်။ ဒီနေ့အချိန်မှာတော့ သင့်ရဲ့ဒီစိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါပြီ …… shwekhitonlinetv.com
အမေရိကန်အခြေစိုက် Samson Sky ကုမ္ပဏီက သူတို့အနေနဲ့ (၁၄) နှစ်ကြာတီထွင်ဖန်တီးခဲ့တဲ့ ကားပျံကို နောက်ဆုံးအကြိမ်စမ်းသပ်ပျံသန်းပြီးတဲ့နောက်မှာတော့ ဈေးကွက်ထဲမှာတရားဝင်ထုတ်လုပ်ရောင်းချတော့မှာဖြစ်ပြီး ကြိုတင်မှာယူလိုသူတွေအတွက်လည်း အမှာစာတွေလက်ခံနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီ ကားပျံကို Samson Switchblade လို့အမည်ပေးထားပြီး ဘီး (၃) ဘီးနဲ့ အလွယ်တကူခေါက်သီးလို့ရတဲ့ တောင်ပံတစ်စုံနဲ့ ဒီဇိုင်းထွင်ထားပါတယ်။ (လက်သည်းညှပ်တွေမှာပါတဲ့ Swiss Army Knife လို့ခေါ်တဲ့ ဓားကလေးတွေလို အလွယ်ခေါက်သိမ်းနိုင် ပြန်ထုတ်နိုင်လို့ ဒီအမည်ပေးထားတာပါ) shwekhitonlinetv.com

Samson Switchblade ကားပျံလေးအနေနဲ့ လမ်းပေါ်မှာမောင်းနှင်နေရင်းကနေ အတောင်ပံတွေထုတ်ပြီး တစ်နာရီကိုမိုင် (၂၀၀) နှုန်းနဲ့လေထဲမှာပျံသန်းနိုင်မှာဖြစ်ပါတယ်။ အမြင့်ဆုံးပျံသန်းနိုင်တဲ့အမြင့်ကတော့ ပေ (၁၃၀၀၀) ပါ။ ကားအတွင်းပိုင်းကိုတော့ လေထဲမှာပျံသန်းတဲ့အခါမှာ သက်တောင့်သက်သာရှိစေဖို့ဖန်တီးပေးထားသလို ဘေးကင်းစွာပျံသန်းနိုင်ဖို့ လမ်းညွှန်ပေးမယ့်စနစ်တွေလည်း ပါဝင်ပါတယ်။ shwekhitonlinetv.com

လေထဲမှာပျံသန်းတဲ့အခါ ဘေးကင်းဖို့အရေးအကြီးဆုံးဖြစ်တဲ့ တောင်ပံတွေနဲ့အမြှီးပိုင်းကို အကာအကွယ်တွေပြုလုပ်ပေးထားလို့ လုံခြုံစိတ်ချရတယ်လို့လည်းအာမခံထားပါတယ်။ အသက်ကယ်လေထီး၊ အလိုလျောက်မောင်းနှင်ပေးမယ့် Auto-Pilot စနစ်တွေပါဝင်တဲ့အပြင် မြေပြင်ကိုဆင်းတဲ့အခါ ဘေးကင်းပြီညင်သာစွာဆင်းသက်နိုင်အောင်ဖန်တီးထားတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

Samson Sky ကုမ္ပဏီဟာ ဒီကားပျံကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းစမ်းသပ်နေခဲ့တာဖြစ်ပြီး အကြိမ်ကြိမ် စမ်းသပ်မောင်းနှင်မှုတွေ ပြုပြင်မွမ်းမံမှုတွေပြုလုပ်ခဲ့ပြီး (၁၄) နှစ်အကြာမှာတော့ ဈေးကွက်ထဲတရားဝင် ရောင်းချဖို့ အသင့်ဖြစ်နေခဲ့ပြီလို့ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကားပျံကို ကြိုတင်အမှာစာပို့ပြီး ဝယ်ယူလိုသူတွေအတွက် ဈေးနှုန်းကိုတော့ တစ်စီးကို အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ (မြန်မာငွေ သိန်း ၃၀၀၀ ကျော်) သတ်မှတ်ထားပါတယ်။ ရွှေခေတ်ပရိသတ်တွေလည်း ဝယ်ယူချင်တယ်ဆိုရင်တော့ samsonsky . com ဆိုတဲ့ Website မှာ ဝင်ရောက်ပြီး အမှာစာပို့လို့ရပါတယ်နော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.