အဖိုးထိုက်တန်တဲ့ ရတနာပစ္စည်းတွေကို ကံကောင်းစွာ ရှာဖွေတွေ့ရှိခဲ့သူများ

ရွှေခေတ် ပရိသတ်ကြီးအနေနဲ့ ကမ္ဘာကျော်မင်းသားကြီးတစ်ဦးဖြစ်တဲ့ ဟာရီဆင်ဖို့ဒ် ရဲ့ အင်ဒီယာနာဂျုန်း လိုဇာတ်လမ်းမျိုးတွေကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ 

ဘာလို့လဲဆိုတော့ အခုတင်ဆက်သွားမယ့် အကြောင်းအရာလေးက ဒီဇာတ်လမ်းလိုမျိုးပဲ အပြင်လောကမှာ အမှန်တကယ် ရတနာတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ သူတွေရဲ့ အကြောင်းမို့လိုပါပဲ။ ကဲ … ဘယ်သူတွေက ဘယ်လောက်တောင် ရတနာတွေရှာဖွေတွေ့ရှိခဲ့ သလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးနော် … shwekhitonlinetv.com

ဒေါက်တာ လီစပန့်စ် (Dr E. Lee Spence)

ဒေါက်တာ လီစပန့်စ် (Dr E. Lee Spence)ဆိုတဲ့ အမျိုးသားကတော့ ငယ်ငယ်ထဲက စွန့်စားခန်းရတာကို ကြိုက်နှစ်သက်ပြီး ရတနာသိုက်ရှာဖွေတဲ့ အလုပ်မျိုးကိုလည်း အထူးစိတ်ဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ လူပျိုပေါက်ဖြစ်တဲ့ အချိန်မှာတော့ ရတနာသိုက်ရှာဖွေဖို့ကို အကောင်အထည်ဖော်ခဲ့ပါတယ်။  shwekhitonlinetv.com

ဒီလို ရှာချိန်မှာလည်း သူဟာ တကယ်ပဲ ရတနာသေတ္တာကို တွေ့ခဲ့ပါတယ်။ သူ့ရှာဖွေမှု သက်တမ်း (၁၂) နှစ်လောက်ကြာတဲ့အချိန်မှာ သူဟာ ရေအောက် သင်္ဘောပျက်ထဲက လက်ဝတ်လက်စားတွေကို တွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပစ္စည်းတွေရဲ့ အနည်းဆုံး တန်ကြေးတော့ ဒေါ်လာ သန်း (၁၀၀) လောက်ရှိ တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဂျီယိုဗင်နီ ဘက်တစ္စတာ (Giovanni Battista)

အီဂျစ်ဂူသင်္ချိုင်းတွေကို ရှာခဲ့သူတွေထဲမှာတော့ ဂျီယိုဗင်နီက အတော်လေးကို စောတယ်လို့ ပြောလို့ရပါတယ်။ ဒါတွေကို တွေ့ရင် ပွပေါက်တိုးမယ်မှန်းလဲ သိပြီးတော့ ရွှေတွေကို ရနိုင်မှန်း သူသိခဲ့ပါတယ်။  shwekhitonlinetv.com

သူအသက် (၄၀) ဝန်းကျင်လောက်မှာ ရှေးဟောင်း အီဂျစ် ဂူသင်္ချိုင်းတစ်ခုကို တွေ့ပြီးတော့ ကျိန်စာတိုက်ထားတဲ့ အဖိုးတန် ပစ္စည်းတွေကို ယူခဲ့ပါတယ်။ ဒီအရာတွေပြတိုက်ကို ပြန်ရောင်းစားပြီး သူဌေးဖြစ်လာပေမယ့် ကျိန်စာကြောင့် (၄၅) နှစ်အရွယ်အရောက်မှာ သေဆုံးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

မဲလ်ဖစ်ရှာ (Mel Fisher)

ဒီအမေရိကန် အမျိုးသားကြီးကတော့ ကြက်တွေမွေးမြူရေးကို အဓိက လုပ်ကိုင်တာဖြစ်ပြီးတော့ သူဟာ ကြက်ခြံသစ်အတွက် မြေတူးရင်းမထင်မှတ်ဘဲ ရတနာသေတ္တာကြီး တွေ့ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ရွှေတွေ ငွေတွေနဲ့ ကျောက်သံပတ္တမြားတွေပါဝင်ပြီး ဒီသေတ္တာကို (၁၇) ရာစုလောက်က ပင်လယ်ဓားပြတွေ မြုပ်ခဲ့တာ လို့လည်း မှတ်တမ်းတွေအရသိရပါတယ်။ တန်ကြေးအားဖြင့်တော့ သူရှာတွေ့တဲ့ (၁၉၈၅) ခုနှစ်မှာပဲ ဒေါ်လာ သန်း (၄၀) နီးပါးရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဂျွန်ချက်တာတန် (John Chatterton)

ဂျွန် ကတော့ ပရော်ဖက်ရှင်နယ် ရေငုပ်သမားတစ်ဦးဖြစ်ပြီး သူဟာ တိုက်တန်းနစ်နဲ့ တူရကီ သင်္ဘောတစ်စီးကို ရှာတွေ့ခဲ့ပါတယ်။ ဒါတင်မကပဲ ဂျာမန်တွေရဲ့ ရေငုပ်သင်္ဘောနဲ့ ဂရိတို့ (၁၇) ရာစုက သုံးခဲ့တဲ့ သင်္ဘောပျက်ကို ပါတွေ့ခဲ့တာဖြစ်ပါတယ်။ သူ့ကို အစိုးရက လစာတွေများစွာ ပေးကာ ရေအောက်မှ ရှေးဟောင်း အမွေအနှစ်တွေကို ရှာဖွေဖို့ တာဝန် ပေးထားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဖိလစ်မာစတာ (Phillip Masters)

အမေရိကန်နိုင်ငံ မြောက်ပိုင်းကယ်ရိုလိုင်းနားမှာ ဘုရင်မ အယ်လ်နီဆိုတဲ့ နာမည်နဲ့ သင်္ဘောပျက်ကြီးကို တွေ့ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါဟာ စပိန်တွေရဲ့သင်္ဘောဖြစ်ပြီးတော့ ဒီသင်္ဘောအတွင်းမှာ ဓားပြတိုက်စုဆောင်းထားတဲ့ ရတနာတွေကို ဒေါ်လာ သန်း (၂၀) ဖိုးနီးပါးတွေ့ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဘရန့်ဘရစ္စဘမ်း နှင့် အဲရစ်ရှမစ်သ် (Brent Brisben and Eric Schmidt)

ဒီ ရေငုပ်သမားနှစ်ယောက်ဟာ ဖလော်ရီဒါကျွန်းဘက်မှာ ရွှေဒင်္ဂါးတွေတွေ့ခဲ့တာဖြစ်ပါတယ်။ ဒါဟာ စပိန်တွေရဲ့ ဒင်္ဂါးဖြစ်ပြီးတော့ ဒေါ်လာ (၁) သန်းဖိုးလောက်ရှိတာဖြစ်ပါတယ်။ (၁၇၁၅) ခုနှစ်လောက်က သွန်းလုပ်ခဲ့တဲ့ ရွှေဒင်္ဂါး အခုပေါင်း (၃၅၀) လောက်တွေ့ရတာဖြစ်ပြီး သူတို့ဟာ ပြတိုက်ကို ပြန်အပ်တယ်လို့သိရပါတယ်။  shwekhitonlinetv.com

ကပ္ပတိန် ရောဘတ်မက္ကင်နွန် (Captain Robert Mckinnon)

သင်္ဘောကပ္ပတိန်တစ်ဦးဖြစ်တဲ့ ရောဘတ်မက္ကင်နွန် (Robert Mckinnon) ကတော့ အင်ဒီယန်နာဂျုံးလို သေဘေးနဲ့ တွေ့ပြီးတော့ ရှေးဟောင်းပစ္စည်းတွေ များစွာရခဲ့တာဖြစ်ပါတယ်။ Cape Breton ဆိုတဲ့ ကျွန်းပေါ်ရောက်ခဲ့ပြီးတော့ ဒီကျွန်းကိုအရင်ထဲက သေမင်းတမန်ကျွန်းလို့ ခေါ်ပါတယ်။ shwekhitonlinetv.com

ဒီကျွန်းမှာ ထူးဆန်းတဲ့ အခြေအနေတွေဖြစ်ခဲ့ပြီးတော့ ရွှေတွေ၊ ငွေတွေနဲ့ လုပ်ထားတဲ့ အရုပ်တွေကို တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါတွေကို ကပ္ပတိန်ကတော့ (၁၈၁၂)  ခုနှစ်မှာ ကျွန်းက ပြန်လာပြီး ဒီအရုပ်တွေကို အစိုးရထံ အပ်နှံခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

မာတင် ဘာယာလီ (Martin Bayerle)

(မာတင်) Martin ကတော့ မျက်လုံးတဖက်မရှိပဲ ပုံပြင်ထဲက ပင်လယ်ဓားပြတွေနဲ့ အသွင်တူပါတယ်။သူဟာ သူ့ဇနီးနဲ့ ရန်ဖြစ်ရင်း မျက်လုံး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။သူ့ဇနီးကိုတော့ သူဟာ အကြီးအကျယ်အကြမ်းဖက်ခဲ့ လို့ထောင်ကျခဲ့တယ်လို့လည်းသိရပါတယ်။ ထောင်ကျပြီး (၂၀၀၉) ခုနှစ်မှာ ပြန်လွှတ်လာပြီးတော့  သင်္ဘောလိုက်ခဲ့ပါတယ်။ တစ်နေ့မှာ ရေငုပ်ရင်း သူတွေ့ရှိခဲ့တာကတော့ ဒေါ်လာ (၂) ဘီလျှံလောက်တန်တဲ့ ရှေးဟောင်းဝိုင်တွေနဲ့ ရှန်ပိန်ပုလင်းတွေပါရှိတဲ့ သင်္ဘောပျက်ကြီးတစ်စီးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တော်မီ ဂျီ သွန်မဆင်(Tommy .G.Thompson) 

ဗဟိုအမေရိကားမှာ နေထိုင်ပြီးတော့ သူဟာ ကယ်လီဖိုးနီးယားကမ်းခြေဘက်မှာ ရတနာသေတ္တာတစ်ခုကို တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူဒါတွေကို အောက်စျေးနဲ့ ရောင်းပြီး ဒေါ်လာ (၁၀၀၀)  လောက်ဖြုန်းအပြီးမှာ သူ့ကို ရဲက ဖမ်းသွားပါတယ်။ သူဟာ အရင်က သူခိုးတစ်ယောက်ဖြစ်လို့ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့သူတစ်ယောက်ဖြစ်ပြီး ဖမ်းမိတဲ့အချိန်မှာ ရတနာတွေလည်း သိမ်းခံလိုက်ရပါတယ်။ shwekhitonlinetv.com

ဝီလီယံ မောင့်ဂိုမာရီ မက်ဂိုဗင် (William Montgomery McGovern)

မက်ဂိုဗင်ကတော့ ချီကာဂိုပြတိုက်မှာ အလုပ်လုပ်ကိုင်ရင်း သူ့အတွေးထဲမှာ ရတနာသိုက်ရှာဖို့ စိတ်ကူးရလာခဲ့တယ်လို့သိရပါတယ်။ ဒီတော့ သူဟာ အမေဇုံတောထဲကိုသွားရောက်ပြီး ရတနာတွေကို ရှာရင်း ကနေ အမှတ်မထင်လှိုဏ်ဂူတစ်ခုတွေရှိကာ ရွှေငွေ ရတနာတွေကို အမှန်တကယ် တွေ့ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါဟာ ဒုတိယကမ္ဘာစစ်က ဂျာမာန်တွေ ဝှက်ထားတဲ့ သံသေဓါးတွေဖြစ်ပြီးတော့ သူဟာ ဂူထဲက နေတစ်ကြိမ်တည်း အကုန်မထုတ်နိုင်ခဲ့ပါဘူး။ နောက်တကြိမ်ပြန်သွားတော့ သူဟာ ဂူကို လုံးဝ မမှတ်မိပဲ ရှာမတွေ့ဖြစ်ခဲ့ပါတယ်။

ဒါကတော့ အပြင်လောကမှာ ရတနာသိုက်တွေကိုအမှန်တကယ် ရှာဖွေတွေ့ရှိခဲ့တဲ့ သူတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီထဲမှာမပါတဲ့ အဖြစ်အပျက်တွေကို သိရှိထားရင် ကွန်မန့်ထဲမှာ ပြောပြပေးခဲ့ပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။