လူသိနည်းတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နောက်ကြောင်းရာဇဝင်များ

မြန်မာနိုင်ငံနဲ့ ရက်အနည်းငယ်ကွာပြီး ၂၀၂၀မှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ ရွေးကောက်ပွဲရလဒ်အရ သမ္မတနေရာဟာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပါတယ်။ shwekhitonlinetv.com

သမ္မတဟောင်းဖြစ်တဲ့ ဒေါ်နယ်လ်ထရန့်ပ်ကို အနိုင်ရရှိခဲ့ပြီး အမေရိကန်သမ္မတအသစ်အဖြစ် ဂျိုးဘိုင်ဒန် (Joe Biden) က တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ (၄၆) ယောက်မြောက်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပတ်သတ်ပြီး ရွှေခေတ်ပရိသတ်တွေ စိတ်ဝင်စားလောက်မယ့် နောက်ကြောင်း ရာဇဝင်အချက်အလက်လေးအချို့ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ လုပ်ကြံခံခဲ့ရဖူးတဲ့ ဂျိုးဘိုင်ဒန်

၂၀၁၅ ခုနှစ်အတွင်းမှာတော့ လျှို့ဝှက်အေးဂျင့်တွေဟာ ဂျိုးဘိုင်ဒန် (Joe Biden) ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခဲ့ဖူးတယ်လို့သိရပါတယ်။ သူတို့ဟာ အဲ့ဒီအချိန်က ဒုတိယသမ္မတဖြစ်တဲ့ ဂျိုးဘိုင်ဒန်ရဲ့နေအိမ်ကို သေနတ်နဲ့ပတ်ခတ်ပြီး ကားကိုအရှိန်နဲ့မောင်းပြေးသွားကြတာဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒီလုပ်ကြံမှုမှာ ဂျိုးဘိုင်ဒန်ကောသူ့ရဲ့ဇနီးပါ အန္တရာယ်တစ်စုံတစ်ရာ မရှိခဲ့ကြပါဘူး။ shwekhitonlinetv.com

၂။ LGBTQ ကိုထောက်ခံတဲ့ ဂျိုးဘိုင်ဒန်

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ဟာ လိင်တူဆက်ဆံခြင်းကိုထောက်ခံတဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာ LGBTQ အခွင့်အရေးကို အလေးထားသူဖြစ်ပြီး ဒေါ်နယ်ထရန့်ပ် ရဲ့ လူအများရှေ့မှာ လိင်တူလက်ထပ်ခြင်းကို တားမြစ်ခဲ့မှုကိုလည်း ရှုံ့ချခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အိမ်ထောင် (၂) ဆက်နဲ့ ဂျိုးဘိုင်ဒန်

လက်ရှိအမေရိကန်သမ္မတသစ်ဖြစ်လာသူ ဂျိုးဘိုင်ဒန် (Joe Biden) ဟာ အိမ်ထောင် (၂) ဆက်ရှိသူဖြစ်တယ်လို့သိရပါတယ်။ ပထမဇနီးဖြစ်တဲ့ နယ်လီယာ (Neilia) ကိုတော့ ၁၉၆၆ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး သားသမီး (၃) ဦးထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ၁၉၇၂ ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ကားအက်စီးဒင့်ကြောင့် သူ့ရဲ့ ဇနီးနဲ့သမီးဖြစ်သူကို ဆုံရှုံးခဲ့ရပါတယ်။ အခုလက်ရှိဇနီးဖြစ်တဲ့ ဂျေးလ် (Jill) ကိုတော့ ၁၉၇၇ ခုနှစ်မှာလက်ထပ်ခဲ့ပြီး အက်ရှ်လေ (Ashley) လို့အမည်ရတဲ့ သမီးတစ်ဦး ထွန်းကားခဲ့ပါတယ်။ shwekhitonlinetv.com

၄။ ဆေးရုံမှာ ကျမ်းသစ္စာကျိန်ခဲ့ရတဲ့ ဂျိုးဘိုင်ဒန်

၁၉၇၃ ခုနှစ်တုန်းက ဂျိုးဘိုင်ဒန်ဟာ Delaware ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်အဖြစ် ပထမဆုံးအကြိမ် ကျမ်းသစ္စာကျိန်ဆိုခဲ့ရတာဟာ ဆေးရုံမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က သူရဲ့သားနှစ်ဦးဖြစ်တဲ့ ရောဘတ်နဲ့ဂျိုးဇက် တို့ဟာ ကားအက်စီးဒင့်ကြောင့်ဆေးရုံပေါ်ရောက်နေချိန်ဖြစ်ပြီး ဂျိုးဘိုင်ဒန်ဟာလည်း သူတို့ရဲ့ကုတင်ဘေးမှာ စောင့်ကြပ်ရင်း ကျမ်းသစ္စာဆိုခဲ့ရတာဖြစ်ပါတယ်။ ဒီကားအက်စီးဒင့်မှာ သူ့ရဲ့ပထမဇနီးဖြစ်သူ နယ်လီယာနဲ့ (၁) နှစ်အရွယ်သမီးဖြစ်သူ အေမီတို့ကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ shwekhitonlinetv.com

၅။ VAWA ဥပဒေအဆိုကိုတင်သွင်းခဲ့တဲ့ ဂျိုးဘိုင်ဒန်

ဂျိုးဘိုင်ဒန်ရဲ့ လုပ်ရပ်တွေထဲကအထင်ရှားဆုံးနဲ့ လူအများရဲ့ချီးမြှောက်မှုကိုရရှိခဲ့တဲ့ လုပ်ရပ်တစ်ခုကတော့  အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာ အက်ဥပဒေ VAWA (Violence Against Women Act) ကို ၁၉၉၄ ခုနှစ်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဖြစ်စဥ်တွေကို စုံစမ်းစစ်ဆေးဖို့အတွက်လည်း သူ့ရဲ့ ဖောင်ဒေးရှင်းကနေ ရန်ပုံငွေဒေါ်လာ (၁) ဘီလီယံ အထိထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။ ဒီအက်ဥပဒေကို အဲ့ဒီအချိန်က သမ္မတဖြစ်တဲ့ ဘီလ်ကလင်တန် (Bill Clinton) ကိုယ်တိုင် လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ရဖူးတဲ့ ဂျိုးဘိုင်ဒန်

ဂျိုးဘိုင်ဒန်ဟာ ၁၉၈၈ ခုနှစ်တုန်းက ဦးနှောက်ခွဲစိတ်ကုသမှု ခံယူခဲ့ရဖူးတယ်လို့သိရပြီး ပြန်လည်ကျန်းမာလာဖို့ (၇) လလောက်အချိန်ယူ ကုသခဲ့ရတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၇။ ငယ်စဥ်က စကားထစ်တဲ့ သမ္မတကြီး

ဂျိုးဘိုင်ဒန်ဟာ ငယ်ဘဝတုန်းက စကားအလွန်ထစ်တဲ့သူလို့သိရပါတယ်။ ဒါပေမယ့် သူဟာ နေ့တိုင်းလိုလို နာရီပေါင်းများစွာ မှန်ရှေ့မှာရပ်ပြီး ကဗျာတွေကိုရွတ်ဆိုကာ သူ့ရဲ့အားနည်းချက်ကို ဖျောက်ပစ်ဖို့ ကြိုးစားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၈။ သမ္မတဖြစ်ဖို့ နှစ် (၅၀) နီးပါး အချိန်ပေးခဲ့ရသူ

လက်ရှိအချိန်မှာ အသက် (၇၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ဟာ သူ့အသက် (၂၉) နှစ်အရွယ်မှာကတည်းက အထက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်ပွဲတွေမှာဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။  ဒါ့ကြောင့် သူဟာနိုင်ငံရေးလောကထဲမှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီးနောက် (၄၈) နှစ်အကြာမှ သမ္မတဖြစ်လာခဲ့တဲ့သူလို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ တစ်ခါမှ အယ်လ်ကိုဟော မသောက်ဖူးသူ

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ဟာ အယ်လ်ကိုဟောကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ သောက်သုံးဖူးခြင်းမရှိဘူးလို့သိရပါတယ်။သူ့ရဲ့ မိသားစုတွင်းမှာအရက်နဲ့မူးယစ်ဆေးစွဲခြင်းကိုတွေ့မြင်ခဲ့ရတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၁၀။ စိတ်ပုတီးအမြဲဆောင်ထားတဲ့ ဂျိုးဘိုင်ဒန်

ဂျိုးဘိုင်ဒန်ဟာ စိတ်ပုတီးတစ်ခုကို သွားလေရာအမြဲဆောင်ယူတက်တဲ့သူလို့သိရပါတယ်။ ဒါဟာ သူ့အတွက်ကံကောင်းစေတယ်လို့လည်း သူကယုံကြည်ထားပါသတဲ့ ပရိသတ်ကြီးရေ …. shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် နောက်ကြောင်းအချို့ပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ရွှေခေတ်ပရိသတ်တွေအတွက် ဘယ်လိုမျိုးစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်စား အားပေးကြပါဦးနော် …… shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။