အံ့အားသင့်ဖွယ် နောက်ခံအကြောင်းတွေနဲ့ ရှားပါးလွန်းတဲ့ ရှေးဟောင်းဓာတ်ပုံများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက်ဖော်ပြပေးချင်တာကတော့ အတော်လေးကိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ နောက်ခံအကြောင်းအရင်းတွေရှိနေတဲ့ ရှေးခေတ်က ရှားပါးဓာတ်ပုံလေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေမှာ ဘယ်လိုအံ့အားသင့်စရာ နောက်ခံအကြောင်းတွေရှိနေမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် …… shwekhitonlinetv.com

၁။ မံမီရောင်းရန်ရှိသည်

နပိုလီယံအီဂျစ်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာတော့ အီဂျစ်ရှေးဟောင်းပစ္စည်းတွေဟာ ဥရောပဈေးကွက်ကိုရောက်ရှိခဲ့ပါတယ်။ ဒီအထဲမှာ မံမီတွေလည်းအပါအဝင်ဖြစ်ပြီး အထက်တန်းစားလူကုံထံတွေက ဈေးကောင်းပေးဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က မံမီရုပ်အလောင်းကအကြွင်းအကျန်တွေကိုတောင် အမှုန့်ကြိတ်ပြီးဆေးဖက်ဝင်အရာများအဖြစ်ရောင်းချခဲ့ကြပါတယ်။ ဝယ်လွန်းအားများလွန်းတာကြောင့် အချို့လူတွေဟာ လမ်းဘေးမှာသေဆုံးနေတဲ့ သူတောင်းစားတွေရဲ့ ခန္ဓာကိုယ်ကို မံမီလိုပြုပြင်ပြီး အတုအပလုပ်ရောင်းကြတာမျိုးတောင်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

၂။ အံ့ဖွယ်သစ်ခုတ်သမားများ

ဒီဓာတ်ပုံကတော့ ၁၉၀၀ ပြည့်နှစ်က သစ်ခုတ်သမားတွေရဲ့ပုံပဲဖြစ်ပါတယ်။ သူတို့ဟာ မြောက်ကယ်လီဖိုးနီးယားက Redwood အမျိုးအစား ဧရာမသစ်ပင်ကြီးတစ်ပင်ကိုမခုတ်လှဲမီအမှတ်တရ ဓာတ်ပုံရိုက်ကူးထားကြတာဖြစ်ပါတယ်။ အဲ့ဒီခေတ်က သာမန်လွှ၊ ပုဆိန်စတာတွေနဲ့ ဒီဧရာမသစ်ပင်ကြီးကိုခုတ်လှဲခဲ့ကြတာဟာ စဉ်းစားကြည့်ရင်မယုံနိုင်စရာပါပဲ။ shwekhitonlinetv.com

၃။ လက်ဝဲလား လက်ယာလား ?

၁၉၆၇ စက်တင်ဘာ (၃) ရက်နေ့မှာတော့ ဆွီဒင်နိုင်ငံရဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေမှာ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။ ပုံမှာမြင်တွေ့ရတာကတော့ လက်ဝဲကပ်မောင်းစနစ်ကနေ လက်ယာကပ်မောင်းစနစ် ပြောင်းလဲလိုက်ခါစအချိန်မှာ အသားမကျဘဲ ဒုက္ခရောက်နေတဲ့ ဆွီဒင်ပြည်သူတွေကိုတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ပထမဆုံး McDonald’s ဆိုင်

McDonald’s ဟမ်ဘာဂါဆိုင်တွေဟာ ဒီကနေ့မှာတော့ ကမ္ဘာတစ်လွှားဆိုင်ခွဲပေါင်း (၄၀၀၀၀) နီးပါးရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာ McDonald’s ဟမ်ဘာဂါဆိုရင် မသိသူမရှိလောက်အောင်လည်း အောင်မြင်ကျော်ကြားနေပြီဖြစ်ပါတယ်။ ဒီပုံထဲမှာမြင်တွေ့ရတာကတော့ McDonald’s ရဲ့ပထမဆုံးဆိုင်ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ဟမ်ဘာဂါတစ်လုံးကို (၁၅) ဆင့်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ (၁၉) ရာစုက ကလေးဓာတ်ပုံ

(၁၉) ရာစုမှာတော့ ဓာတ်ပုံပညာဟာခေတ်စားလာခဲ့ပြီးလူတွေဟာလည်း သူတို့ရဲ့ဓာတ်ပုံတွေကိုလိုချင်လာကြပါတယ်။ အထူးသဖြင့်တော့ သူတို့ကလေးတွေကိုဓာတ်ပုံရိုက်ပေးချင်ကြတာဖြစ်ပါတယ်။ ပုံမှာမြင်တွေ့ရတာကတော့ ဓာတ်ပုံရိုက်တဲ့အခါအငြိမ်မနေတဲ့ ကလေးတွေအတွက် ဓာတ်ပုံဆရာတွေရဲ့ လိမ္မာပါးနပ်တဲ့ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေကိုဂါဝန်အရှည်ကြီးဝတ်ပေးပြီး အောက်မှာ မိခင်ဖြစ်သူကို နေခိုင်းထားတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အားကစားနှင့်ဆေးလိပ်သောက်ခြင်း

ဒါကတော့ ဘောလုံးသမိုင်းမှာ ဂန္တဝင်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ နယ်သာလန်ဘောလုံးသမားကြီး ယိုဟန်ခရိုက်ရဲ့ပုံပဲဖြစ်ပါတယ်။ သူဟာဘောလုံးပွဲစဉ်တစ်ပွဲရဲ့ပထမပိုင်းပြီးဆုံးချိန်မှာ အဝတ်လဲခန်းအတွင်း ဆေးလိပ်သောက်တက်လေ့ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါဟာ ဒီနေ့ခေတ်အားကစားသမားတွေအတွက် အတုယူစံထားရမယ့်ကိစ္စတစ်ခုတော့မဟုတ်တာအသေအချာပါပဲ။ shwekhitonlinetv.com

၇။ ကလေးရောင်းမည်

ဒါကတော့စစ်ပွဲတွေရဲ့ အကျိုးဆက်လို့ဆိုရမှာဖြစ်ပြီး အတော်လေးကိုရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တွေလို့ဆိုရမှာဖြစ်ပါတယ်။ ဓာတ်ပုံထဲအမျိုးသမီးကတော့ စစ်ကြောင့်အားလုံးဆုံးရှုံးသွားချိန်မှာ သူမရဲ့ကလေး (၄) ဦးကိုဘယ်လိုမှဆက်လက်ကျွေးမွေးဖို့မတက်နိုင်တဲ့အပြင် ဗိုက်ထဲမှာလည်း ပဉ္စမမြောက်ကလေးက ရှိနေလို့ မတက်သာတဲ့အဆုံး သူမရဲ့ ကလေး (၄) ဦးကို မွေးစားမယ့်သူတွေထံရောင်းချဖို့ ကြော်ငြာထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ၁၉၅၉ ခုနှစ်က လေယာဉ်မယ်

လေယာဉ်မယ်အလုပ်ဆိုတာကတော့ အမျိုးသမီးအများစုရဲ့အိပ်မက်ဖြစ်နိုင်ပြီး ဝတ်စုံကအစဆွဲဆောင်မှုရှိနေတက်တာဖြစ်ပါတယ်။ ပုံထဲမှာပါတာကတော့ ၁၉၅၉ ခုနှစ်က SAS လေကြောင်းလိုင်း လေယာဉ်မယ်တစ်ဦးရဲ့ဝတ်စုံပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလတွေကတည်းက လေယာဉ်မယ်တွေရဲ့ ဝတ်စုံက စိတ်ဝင်စားဖွယ်ကောင်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ရေကူးလေ့ကျင့်ခန်း

အင်္ဂလန်နိုင်ငံဟာ ဗြိတိန်ကျွန်းစုမှာပါဝင်တဲ့ ကျွန်းနိုင်ငံဖြစ်တာနဲ့အညီ မိဘတွေဟာလည်းသူတို့ရဲ့သားသမီးတွေကို အရေးကြုံလာခဲ့ရင် ရေကူးတက်စေဖို့ လေ့ကျင့်သင်ကြားပေးထားကြပါတယ်။ ပုံမှာပြထားတာကတော့ ၁၉၂၀ ခုနှစ်က အင်္ဂလန်နိုင်ငံက ကလေးတွေကို ရေကူးသင်ပေးနေတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဟာဝိုင်အီကျွန်းတွင် ညဘက်ငါးမျှားခြင်း

ပုံမှာမြင်တွေ့ရတာကတော့ ဟာဝိုင်အီကျွန်းရဲ့ ရေတိမ်ပိုင်းတွေမှာညအချိန် မိရိုးဖလာနည်းအတိုင်း ငါးဖမ်းနေတဲ့ ဒေသခံတစ်ဦးဖြစ်ပါတယ်။ ၁၉၄၀ ပြည့်နှစ်လွန်အချိန်တွေက အဲ့ဒီဒေသမှာ ဓာတ်မီးမရှိတာကြောင့် ပုံပါအတိုင်းကိုယ်ပိုင်မီးရှုးနဲ့ ငါးရှာကြရတာဖြစ်ပါတယ်။ မီးရှုးတိုင်အတွက်တော့ ကျွန်းမှာအလေ့ကျပေါက်ရောက်တဲ့ Kukui ပင်ရဲ့အစေ့အဆန်တွေနဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကို တခြားပေ့ချ်များတွင်ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။