အစားသောင်းကျန်းလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အသက် (၁၀၀) အရွယ် နှစ်ချို့မိချောင်းကြီး

တိရိစ္ဆာန်ရုံတွေမှာ “တိရိစ္ဆာန်များကို အစာမကျွေးရ” ဆိုပြီး တားမြစ်ထားတဲ့ဆိုင်းဘုတ်လေးတွေကို မြင်ဖူးကြမယ်လို့ထင်ပါတယ်။ တိရိစ္ဆာန်တွေကို အစာကျွေးတာကို ဘာအတွက်ကြောင့် တားမြစ်ထားရသလဲဆိုတာကို ငယ်ငယ်တုန်းကတော့ စဉ်းစားလို့မရအောင်ကို ဖြစ်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

အခုဖော်ပြမယ့်အဖြစ်အပျက်ကလေးကတော့ ဒီလိုမျိုးတားမြစ်ဆိုင်းဘုတ်တွေ ဘာကြောင့်ထား ထားရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားစေမှာဖြစ်ပါတယ်။ ဒီ အဖြစ်အပျက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် (၁၀၀) အရွယ်ရှိတဲ့ မိချောင်းကြီးဟာ တွေ့သမျှအစားတွေကို မလွတ်တမ်းစားသောက်ခဲ့ပြီး အစာမချေနိုင်ဘဲေ-သပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ မိချောင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းက ဘဂါဟတ်ပြည်နယ်ရဲ့ ရေကန်ကြီးတစ်ခုထဲမှာရှိတာဖြစ်ပါတယ်။ ဒီနေရာမှာနေတဲ့ဒေသခံတွေရဲ့ ဒဏ္ဍာရီနဲ့အယူအဆအရ ဒီမိချောင်းကြီးကို ပူဇော်ပသမှုတွေပြုလေ့ရှိတာကြောင့် အစာရေစာဝဝလင်လင်နဲ့ အခုလိုမျိုးအသက် (၁၀၀) အထိနေနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဒေသခံတွေရဲ့ အယူအဆနဲ့ ဒဏ္ဍာရီမှာတော့ မိချောင်းရဲ့ဆာလောင်မှုကို ကျွေးမွေးတဲ့သူတိုင်းဟာ သူတို့ရဲ့နှလုံးသားဆန္ဒတွေကို မိချောင်းကပြန်လည်ဖြည့်ဆည်းပေးလိမ့်မယ်ဆိုပြီး ယုံကြည်ထားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့နေရာဒေသအနှံ့အပြားကနေလာရောက်လည်ပတ်ကြတဲ့ ဝတ်ပြုသူတွေများလွန်းပြီး မိချောင်းကြီးကိုလည်း ကြက်၊ ဆိတ် စတဲ့သတ္တဝါတွေအများအပြားကျွေးမွေးခဲ့ကြပါတယ်။ shwekhitonlinetv.com

မြင်သမျှစားချင်တဲ့ မိချောင်းကြီးခမျာမှာတော့ ကျွေးသမျကိုမလွတ်တမ်းစားနေရာကနေ အစာအိမ်ကအလွန်အမင်းဖောင်းကားလာကာ အစာကိုမချေနိုင်တော့ဘဲ လူတွေမှာဆို ဇပိုးနင့်သလိုမျိုးဖြစ်ကာ သေပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

မိချောင်းဆိုတာက ပင်ကိုဗီဇအရ တောရိုင်းတိရိစ္ဆာန်တွေရဲ့ စရိုက်လက္ခဏာရှိတဲ့ သတ္တဝါဖြစ်ပါတယ်။ အိမ်မွေးခွေးလေး ကြောင်လေးတွေလို ဉာဏ်ရည်မဖွ့ံ့ဖြိုးတာကြောင့် စားစရာတွေ့ရင် မချင့်ချိန်ဘဲစားပစ်မှာပါ။ ဒါကို အသိဉာဏ်ရှိတဲ့ လူသားတွေက တလွဲအယူအဆတွေနဲ့ မလုပ်သင့်တာတွေကို ပြုမူခဲ့လို့ အခုလိုအဖြစ်မျိုးကြုံရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်လည်းပဲ တိရိစ္ဆာန်ရုံတွေက တစ်ချို့တိရိစ္ဆာန်တွေရဲ့ လှောင်အိမ်၊ နေရာတွေမှာ လာရောက်လည်ပတ်တဲ့သူတွေအနေနဲ့ အစားကျွေးခြင်းမပြုလုပ်ဖို့အတွက် သတိပေးတားမြစ်ထားတဲ့ ဆိုင်းဘုတ်တွေကို မြင်သာအောင်ထားရှိရတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။