ကမ္ဘာ့ပထမဆုံး ပင်လယ်ရေအောက်လမ်းတွေကို ဖောက်လုပ်တော့မယ့် နော်ဝေးနိုင်ငံ

မြင့်မားပြီး မက်စောက်လှတဲ့ရေခဲတောင်တွေရဲ့ကြားက ကျဉ်းမြောင်းပြီးနက်ရှိုင်းတဲ့ ပင်လယ်ရေလက်ကြားလေးတွေဟာ နော်ဝေးနိုင်ငံရဲ့ သဘာဝရှုမျှော်ခင်အလှကို ပိုမိုထင်ရှားအောင်ပြုလုပ်ပေးလျက်ရှိပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုးပထဝီဝင်အနေအထားက မော်တော်ကား၊ ဆိုင်ကယ်တို့လို ကုန်လမ်းသွားလာရေးအတွက်အသုံးပြုတဲ့ယာဉ်တွေအတွက်တော့ အခက်အခဲတစ်ခုဖြစ်နေစေခဲ့ပါတယ်။ ဒါကြောင့် နော်ဝေးနိုင်ငံရဲ့အဓိကမြို့ကြီးတွေကို တစ်ခုကနေတစ်ခုသွားလာဖို့အတွက် ကုန်းတတန် ရေတတန်နဲ့ သွားလာနေကြရတာ ယနေ့ချိန်ထိဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါဟာ လိုအပ်တာထက်အချိန်များစွာပိုပြီးကုန်သလို ငွေကုန်ကြေးကျလည်းများလှပါတယ်။ လမ်းခရီးမှာ အချိန်ကုန်လူပင်ပန်းရတာကြောင့် စိတ်အနှောက်အယှက်ဖြစ်စေမှာလည်းကျိန်းသေပါတယ်။ နိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ Kristiansand မြို့ကနေ တောင်ပိုင်းက Trondheim မြို့ကို ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင် လမ်းမှာ ကူးတို့၊ ဇက် သင်္ဘော (၇) ဆင့်တောင်စီးရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီမြို့နှစ်မြို့က မိုင် (၇၀၀) နီးပါးသာကွာဝေးပေမယ့် အဲ့ဒီလိုအခြေအနေတွေကြောင့် ပျမ်းမျှ (၂၁) နာရီကနေ (၂၄) နာရီလောက်အထိအချိန်ပေးပြီးသွားလာနေရတာဖြစ်ပါတယ်။ ဒါဟာ တစ်နာရီကို မိုင် (၃၀) လောက်ပဲခရီးတွင်တဲ့အနေအထားပါ။ shwekhitonlinetv.com

ဒါပေမယ့် ဒီလိုစိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကနေလွတ်မြောက်ဖို့အတွက် နော်ဝေးအစိုးရဟာ ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ရပ်ကို ပြုလုပ်ဖို့စီစဉ်နေပြီဖြစ်ပါတယ်။ လက်ရှအချိန်မှာတော့ စီမံကိန်းချ၊ အဘက်ဘက်ကနေ အသေးစိတ်တွက်ချက်မှုတွေပြုလုပ်နေပြီး လာမည့် ၂၀၃၅ ခုနှစ်မှာ ကြီးမားတဲ့ ပရောဂျက်တစ်ခုကို စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီ ပရောဂျက်ကတော့ ရေမျက်နှာပြင်အောက်ထဲမှာ လွင့်မျောနေမယ့် ဥမင်လှိုဏ်ခေါင်းတွေတည်ဆောက်ပြီး လမ်းတွေကို ကွန်ရက်သဖွယ်ချိတ်ဆက်ဖောက်လုပ်မယ့် ပရောဂျက်ပါ။ ရေမျက်နှာပြင်အောက် ပေ (၁၀၀) လောက်မှာ ကြီးမားတဲ့ကွန်ကရစ်ပိုက်လိုင်းကြီးတွေကိုတည်ဆောက်ပြီး အဲ့ဒီပိုက်လိုင်းတွေထဲမှာ ယာဉ်တွေသွားလာနိုင်မယ့် လမ်းတွေဖောက်သွားမှာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါဟာ မြင့်မားတဲ့တောင်တန်းတွေပေါများပြီး တံတားထိုးဖို့မလွယ်သလို ပင်လယ်ရေလက်ကြားတွေပေါများလှတာကြောင့် မြေပေါ်ဥမင်တွေလည်းဖောက်လုပ်ဖို့ အဆင်မပြေတဲ့ နော်ဝေးနိုင်ငံအတွက်တော့ အသင့်တော်ဆုံးနည်းလမ်းဖြစ်မှာသေချာပါတယ်။ shwekhitonlinetv.com

ဒီ ဥမင်တွေကိုတော့ တစ်ချို့နေရာတွေမှာ ရေအောက်ကြမ်းပြင်ကနေ ကေဘယ်ကြိုးတွေနဲ့ထိန်းချုပ်ဆွဲငင်ထားမှာဖြစ်ပြီး ရေအရမ်းနက်တဲ့ တစ်ချို့နေရာတွေမှာတော့ ရေပေါ်မှာဗောတွေနဲ့တွဲပြီး တည်ငြိမ်မှုရှိအောင်ထိန်းချုပ်ထားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအတွက် နော်ဝေးအစိုးရဟာအမေရိကန်ဒေါ်လာ ဘီလီယံပေါင်း (၄၀) လောက်ထိသုံးစွဲဖို့လျာထားပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လည်း အလေးထားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီ စီမံကိန်းကို နော်ဝေးသိပ္ပံနဲ့နည်းပညာတက္ကသိုလ်က အဆောက်အဦးဆိုင်ရာ အင်ဂျင်နီယာပါမောက္ခ Neil Erik Anders Ronnquist က အစိုးရထံတင်ပြပြီး အကြံပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် နော်ဝေးနိုင်ငံရဲ့ အခြားနာမည်ကျော်တက္ကသိုလ်တွေက မြို့ပြအင်ဂျင်နီယာနဲ့သက်ဆိုင်တဲ့ ပါမောက္ခတွေကလည်း ဒီပရောဂျက်ဟာဖြစ်နိုင်ခြေရှိတဲ့ ပရောဂျက်တစ်ခုအဖြစ်ဝိုင်းဝန်းထောက်ခံခဲ့ကြပြီး လိုအပ်ချက်တွေကိုထောင့်ပေါင်းစုံကနေ တွက်ချက်စဉ်းစားအဖြေရှာပြီး အကြံပြုတာတွေကို ပြုလုပ်ပေးနေကြပါတယ်။ shwekhitonlinetv.com

နော်ဝေး အစိုးရကတော့အခုလိုမျိုး စိတ်ကူးစိတ်သန်းကို နိုဗယ်ဆုပေးသင့်တဲ့စိတ်ကူးစိတ်သန်းလို့ ချီကျူးခဲ့ပြီး ပညာရှင်တွေရဲ့အကြံဉာဏ်နဲ့ နည်းပညာတွေကို လိုအပ်တဲ့ငွေကြေးထောက်ပံ့မှုတွေပြုလုပ်သွားဖို့အဆင်သင့်ဖြစ်နေပြီး လာမယ့် ၂၀၅၀ ခုနှစ်မှာ ဒီရေအောက်ဥမင်လမ်းတွေကို ဖွင့်လှစ်သွားမယ်လို့တောင် ယုံကြည်ချက်အပြည့်နဲ့ ကြေညာခဲ့ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။