Shwe Khit ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာ ဗဟုသုတအဖြစ် ပြောပြပေးချင်တာကတော့ ကမ္ဘာ့အကြီးဆုံးစာရင်း ဝင်ထားတဲ့ ငါးမန်းမျိုးစိတ် (၅) မျိူးအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို ငါးမန်းမျိုးစိတ်တွေက ဒီစာရင်းထဲ ပါဝင်နေလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်လားဗျာ… shwekhitonlinetv.com
- 1. Whale Shark (Rhincodon typus)

ကမ္ဘာ့အကြီးဆုံး ငါးအဖြစ်လည်း စာရင်းဝင်ထားတဲ့ ဝေလငါးမန်းရဲ့ အရွယ်အစားဟာ ၅၅ ပေကျော်တောင် ရှိပါတယ်တဲ့။ Megamouth ငါးမန်းနဲ့ basking ငါးမန်းတို့လိုမျိုး ဝေလငါးမန်းဟာ အကောင်ငယ်လေးတွေကိုသာ စားသောက် တတ်ကြပါတယ်။ သာမန်ဝေလငါးမန်း တစ်ကောင်ရဲ့ အလေးချိန်ဟာ ၃၃ တန်ရှိပြီး တစ်နာရီကို ၃မိုင်နှုန်း အရှိန်နဲ့ ကူးခတ်နိုင်ပါသေးတယ်။ shwekhitonlinetv.com

- 2. Basking Shark (Cetorhinus maximus)

Basking shark တွေကလည်း ဝေလငါးမန်းလေးတွေလိုမျိုး အကောင်သေးသေးလေးတွေကိုသာ စားသောက်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပါးစပ်က အတော်လေးကို ကျယ်ပြီး ၁ မီတာလောက်အထိ ကျယ်ပါတယ်။ ဒါ့ကြောင့်မို့ အကောင်သေးတွေကိုပဲ စားတယ်ဆိုပေမယ့် တစ်ခါစားရင် အကောင်သေးလေးတွေ ၁ပေါင်လောက်ကို အသာလေးစားနိုင်ပါတယ်။ Basking Shark တွေရဲ့ အရွယ်အသားကတော့ ပေ ၅၀ နီးပါး ရှိပါတယ်တဲ့။ shwekhitonlinetv.com

- 3. Megamouth Shark

Megamout ငါးမန်းတွေကို သမုဒ္ဓရာတွေထဲမှာ တွေ့နိုင်ပေမယ့် အများဆုံး ကျက်စားနေထိုင်ကြတာကတော့ ပစိဖိတ် သမုဒ္ဓရာ မှာပဲ ဖြစ်ပါတယ်။ အရွယ်အစားကတော့ ၂၅ပေ အရှည်ရှိပြီး ဝေလငါးမန်းနဲ့ Basking ငါးမန်းတို့လိုမျိုး အကောင်သေးသေးလေးတွေကိုသာ စားသောက်ကြပါတယ်။ shwekhitonlinetv.com

- 4. Tiger Shark (Galeocerdo cuvier)

ကျားငါးမန်းတွေကို အပူပိုင်းဒေသတွေမှာ အများဆုံးတွေ့ရမှာ ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်တတ်တဲ့ ငါးမန်းမျိုးစိတ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ညအခါမှ အစာရှာထွက်ကြပြီး ပင်လယ်လိပ်ကိုတောင် စားပါတယ်။ သူတို့ဟာ အစာချေဖျက်နိုင်စွမ်း အလွန်ကောင်းပြီး အတော်လေးလည်း အမဲလိုက် တော်ကြပါတယ်။ လူတွေကို တိုက်ခိုက်မှုအများဆုံးနေရာမှာ ဒုတိယအဖြစ် ရပ်တည်ထားပြီး ဝေလငါးတွကိုလည်း အဖွဲ့လိုက် ပေါင်းပြီး အမဲလိုက်တတ်ကြပါသေးတယ်။ ကျားငါးမန်းတွေရဲ့ အရွယ်အစားကတော့ ၂၄.၆ ပေ အထိ ရှိပါတယ်။ shwekhitonlinetv.com

- 5. Greenland Shark

Greenland ငါးမန်းတွေကတော့ အတ္တလန္တိတ်ရဲ့ မြောက်ပိုင်းမှာ ကျက်စားကြပြီး အကောင်သေးတေးတွေကိုပဲ စားတတ်ပါတယ်။ သက်တမ်းအလွန်ရှည်တဲ့ ငါးမန်းမျိုး ဖြစ်ပြီး နှစ် ၃၀၀ အထိနေနိုင်ပါတယ်တဲ့… သက်တမ်း နှစ် ၁၀၀ ပြည့်မှသာ မိတ်လိုက်ဖို့ အရွယ်ရောက်တာဖြစ်ပြီး အတော်လေးကို ထူးဆန်းတဲ့ ငါးမန်းမျိုးစိတ် တစ်မျိုးလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဆိုရင်တော့ ကမ္ဘာပေါ်က အကြီးမားဆုံး ငါးမန်းမျိူးစိတ်တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ပေးကြပါအုန်းနော်…. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။