ဒီတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးကို စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အကြောင်းအရာလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ နှစ်ပေါင်း ရာကျော်တဲ့ တိုင်အောင် ဆောက်လို့ မပြီးသေးတဲ့ ဘုရားကျောင်းကြီး တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Sagrada Famalia ဆိုတဲ့ ဘုရားကျောင်းကြီး အကြောင်းကို လေ့လာကြည့်လိုက် ရအောင်လားဗျာ…. shwekhitonlinetv.com


စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာရှိတဲ့ Sagrada Famalia ဆိုတဲ့ ဘုရားကျောင်း ဟာဆိုရင် ၁၈၈၂ ခုနှစ်ထဲက ရှိခဲ့တာ ဖြစ်လို့ အတော်လေးကို သက်တမ်းရင့်နေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ စကားပုံအတိုင်း အဆောက်အဦးရဲ့ ဒီဇိုင်းက လုံး၀ကို ရင်သပ်ရှုမောစရာပါပဲ။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုက ဒီဘုရားကျောင်းကြီး ဟာ နှစ်ပေါင်း ၁၃၀ ကျော်သွားတာတောင် အခုအချိန်အထိ ဆောက်လုပ်လို့ မပြီးသေးပါဘူး….တွက်ချက်မှုတွေအရ ဒီဘုရားကျောင်းကြီးကို တည်ဆောက်ပြီးစီးမယ့်အချိန်ဟာ ၂၀၂၆ ခုနှစ်မှသာ ပြီးစီးမယ်လို့ မျှော်မှန်းထားကြပါတယ်။ shwekhitonlinetv.com


အခုလောက်ထိ ဆောက်လုပ်ရေး ကြာနေရတဲ့ အကြောင်းအရင်းကတော့ များစွာရှိပါတယ်။ ဒီအဆောက်အဦးကို ဒီဇိုင်းဆွဲတဲ့ ဗိသုကာပညာရှင်တွေ တစ်ယောက်ပြောင်းတိုင်း နောက်ထပ် ဒီဇိုင်းအသစ်ဖန်တီးကြတာအပြင် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အချိန်မှာ ခေတ္တရပ်နားထားတွေနဲ့ မီးလောင်သွားမှု တွေကြောင့် အစကနေ နီးပါး ပြန်လည် ဒီဇိုင်းဆွဲပြီး တည်ဆောက်ကြလို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Sagrada Famalia ဆိုတဲ့ ဘုရားကျောင်းကြီးဟာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပီ လို့လည်း သိရပါတယ်။ shwekhitonlinetv.com


လက်ရှိမှာတော့ တည်ဆောက်နေတဲ့ ဒီဇိုင်းကို ကနဦး ဒီဇိုင်းပညာရှင် Antoni Gaudí ရဲ့ ၁၈၈၂ ခုနှစ်က လက်ရာအတိုင်း ပြန်လည် တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးတွေ လုပ်နေပေမယ့်လည်း အချို့နေရာတွေကိုတော့ ခရီးသွားသူတွေ အတွက် လည်ပတ်ခွင့်ထားပေးပါသေးတယ်။ နောက်ပြီး နှစ် ၁၀၀ ကျော်သွားတာကြောင့် UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာလည်းပါဝင်ထားပါတယ်။ shwekhitonlinetv.com



အခုဖော်ပြပေးထားတာကတော့ နှစ် ရာကျော်တိုင်အောင် ဆောက်လို့ မပြီးသေးတဲ့ ဘာစီလိုနာက ဘုရားကျောင်းကြီး တစ်ခုအကြောင်းကို ဗဟုသုတ အဖြစ် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးပါနော်…. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment
You must log in to post a comment.