ခွဲစိတ်ကုသမှု ခံယူထားရပြီး အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ကင်ဂျုံအန်

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်ဟာ အခုလအစောပိုင်းက နှလုံးသွေးကြောပိတ်ဝေဒနာခံစား ခဲ့ရလို့ဆေးရုံတက်ရောက်ကာ ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ သူရဲ့သီးသန့်အပန်းဖြေစံအိမ်မှာ အနားယူနေပြီး ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာပြီ လို့တောင်ကိုရီးယားသတင်းဌာန တစ်ခုကဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com

မြောက်ကိုရီးယားနိုင်ငံရဲ့အထင်ကရ နှစ်ပတ်လည်အခမ်းအနားတစ်ခုကိုတက်ရောက်ခဲ့ခြင်းမရှိခဲ့တဲ့နောက်မှာ ၎င်းရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး ထင်ကြေးပေးမှုတွေ ကောလဟာလတွေကတော့ အွန်လိုင်းစာမျက်နှာတွေထက်မှာ အများအပြားထွက်ပေါ်လျက်ရှိပါတယ်။ အမေရိကန်မီဒီယာတွေနဲ့ နာမည်ကြီးမီဒီယာအများစုကတော့ ကင်ဂျုံအန် ဟာခွဲစိတ်ကုသမှုခံယူပြီးနောက် စိုးရိမ်စရာအခြေအနေမှာ ရှိနေတယ်လို့ဖော်ပြလျက်ရှိပါတယ်။ shwekhitonlinetv.com

ဧပြီလ (၁၅) ရက်နေ့မှာကျရောက်တဲ့ မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ဖခင်ကြီးကင်ဂျုံအီ နဲ့ အဖိုးဖြစ်သူကင်အီဆွန်း ရဲ့ မွေးနေ့အခမ်းအနားကို ကင်ဂျုံအန်တစ်ယောက်တက်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အဲ့ဒီနေ့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အများပြည်သူအားလပ်ရက်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ကင်ဂျုံအန်ဟာ ဧပြီလ (၁၂) ရက်နေ့ကဆေးရုံတစ်ရုံမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးတဲ့နောက် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ခွန်ဂန်တောင်တည်ရှိရာ ဒေသက အပန်းဖြေစံအိမ်မှာ ပြန်လည် နလန်ထူလာပြီဖြစ်တယ်လို့ Daily NK Website က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေအရ ကိုးကားဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ခေါင်းဆောင်ပိုင်းနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကိုတင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မကြာသေးခင်ကာလတွေက ကင်ဂျုံအန်ဟာ ဆေးလိပ်အလွန်အကျွံသောက်မှု၊ အဝလွန်မှု နဲ့ အလုပ်ဖိစီးမှုတွေကြောင့်ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့တာဖြစ်တယ်လို့ Daily NK အွန်လိုင်းသတင်းစာကဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com

ဧပြီလ (၁၂) ရက်နေ့မှာပြုလုပ်တဲ့ အာဏာရအလုပ်သမားပါတီ အစည်းအဝေးကို ကင်ဂျုံအန်ဦးဆောင်ကျင်းပခဲ့ တာက လူမြင်ကွင်းကိုနောက်ဆုံးအကြိမ်ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ အဲ့ဒီနောက်မှာ ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်တယ်လို့လည်း အဆိုပါသတင်းဌာနကဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကို အချို့သတင်းဌာနတွေကတော့ ကင်ဂျုံအန်ဟာ COVID-19 ရောဂါကိုရှောင်ရှားလိုတဲ့အတွက် နိုင်ငံတော်အဆင့်အခမ်းအနားတွေကို တက်ရောက်ခြင်းမရှိတာဖြစ်ကြောင်း ကောက်ချက်ဆွဲမှုဖော်ပြလျက်ရှိနေပါတယ်။ shwekhitonlinetv.com

Ref : Reuters , Daily Nk

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။