သင်မသိလောက်သေးတဲ့ နွားတွေရဲ့ စိတ်ဝင်စားဖွယ်အချက်များ

နွားဆိုတဲ့သတ္တဝါကိုတော့ လူတိုင်းပဲမြင်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် နွားတွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်ကလေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်နော် ….. shwekhitonlinetv.com

၁။ ကမ္ဘာပေါ်မှာမတူညီတဲ့ နွားမျိုးစိတ်ပေါင်း (၈၀၀) ကျော်ရှိပါတယ်။ အဓိကအားဖြင့်တော့နွားတွေကို အမဲသားထုတ်လုပ်ဖို့နဲ့ နို့ထုတ်လုပ်ဖို့အတွက်မွေးမြူကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ နွားတွေဟာ (၃၆၀) ဒီဂရီနီးပါးမြင်နိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့မြင်ကွင်းဟာ Panoramic View ပုံစံဖြစ်ပြီး အခြားသားရဲတွေကို ရှုထောင့်အစုံကနေစောင့်ကြည့်နိုင်ပါတယ်။ shwekhitonlinetv.com

၃။ နွားတွေဟာ စူးရှတဲ့အနံ့ခံအာရုံလည်းရှိကြပါတယ်။ အများဆုံးခြောက်မိုင်လောက် အကွာကအနံ့ဆိုးတွေကို ခံစားသိရှိနိုင်ကြပါတယ်။ shwekhitonlinetv.com

၄။ နွားတွေဟာအဖော်အရမ်းမက်တဲ့သတ္တဝါတွေဖြစ်ကြပြီး တစ်ကောင်တည်းနေရတာမျိုးကိုမကြိုက်ကြပါဘူး။ တစ်ကယ်လို့တစ်ကောင်တည်းသီးခြားခွဲခြားထားခံရတဲ့အခါမျိုးမှာဆိုရင်ဖျားနာတာမျိုးတွေဖြစ်တက်ကြပါတယ်။ shwekhitonlinetv.com

၅။ နွားတွေဟာ အပေါ်သွားမရှိကြပါဘူး။ ဒါကြောင့်အစာကိုကိုက်ဖြတ်စားသောက်နိုင်ခြင်းမရှိဘဲ လျှာဖြင့်သာရစ်ပတ်ဆွဲယူစားသောက်ကြရပါတယ်။ သူတို့အနေနဲ့ တစ်မိနစ်ကို အကြိမ် (၄၀-၅၀) လောက်စမြုံ့ပြန်တက်ကြပြီး တစ်ရက်ကို အကြိမ် (၄၀၀၀၀) လောက် စားမြုံ့ပြန်တက်ကြပါတယ်။ shwekhitonlinetv.com

၆။ နွားတွေဟာ တစ်နေ့ကို (၁၀) နာရီလောက်လဲလျောင်းနေတက်ကြပြီး (၁၄) ကြိမ်လောက် ထလိုက် လဲလျောင်းလိုက်ပြုလုပ်တက်ကြပါတယ်။ နောက်ပြီး သူတို့ဟာမတ်တပ်လည်း အိပ်စက်နိုင်ကြပါတယ်။ shwekhitonlinetv.com

၇။ နွားတစ်ကောင်ဟာတစ်နေ့ကို ပေါင် (၄၀) လောက် အစာပမာဏကိုစားနိုင်ကြပြီး သူတို့ရဲ့ အစာအိမ်ဟာလည်း ကြေညက်နေတဲ့ အစာဂါလံ (၅၀) လောက်အထိသိုလှောင်ထားနိုင်ကြပါတယ်။ shwekhitonlinetv.com

၈။ နွားတွေဟာ အမြင့်ကိုကောင်းစွာသွားလာနိုင်ကြပေမယ့် ဆင်ခြေလျောတွေ၊ လှေကားထစ်အဆင်းပိုင်းတွေကို သွားလာရာမှာတော့ အတော်လေးကိုအခက်အခဲရှိကြပါတယ်။ shwekhitonlinetv.com

၉။ အမှန်တစ်ကယ်တော့ Cows ဆိုတာက နွားမတွေကိုခေါ်ဝေါ်ကြတာဖြစ်ပြီး နွားထီးတွေကို Bulls (သို့မဟုတ်) Steer လို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ လူတွေရဲ့အကြားအာရုံနဲ့ယှဉ်မယ်ဆိုရင်တော့ နွားတွေရဲ့အကြားအာရုံစွမ်းရည်က ပိုမိုကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။ သူတို့တွေအနေနဲ့ နက်နဲပြီးမြင့်မားတဲ့ ကြိမ်နှုန်းတွေကိုတောင် ကြားသိနိုင်စွမ်းရှိကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply