ဘရာဇီးလ်မြစ်အတွင်း ဧရာမအန်နာကွန်ဒါမြွေကြီးနဲ့ ပက်ပင်းတိုးခဲ့တဲ့ ရေငုပ်သမားနှစ်ဦး

ဒီအဖြစ်အပျက်ကတော့ ဘရာဇီးလ်နိုင်ငံ ဖော်မော်ဆို (Formoso) မြစ်ထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ပါ။ Bartolomeo Bove နဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Juca Ygarape တို့ဟာ ကမ္ဘာပေါ်မှာအကြီးဆုံးမြွေမျိုးစိတ်ဖြစ်တဲ့ အစိမ်းရောင် အန်နာကွန်ဒါ (Green Anaconda) မြွေကြီးတစ်ကောင်နဲ့ အလွန်နီးကပ်တဲ့အနေအထားတစ်ခုမှာ ပက်ပင်းတိုးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

“ကျွန်တော်တို့မြင်တွေခဲ့ရတဲ့အရာဟာအတော်လေးကို မယုံကြည်နိုင်စရာပါပဲ။ အဲ့ဒီအခိုက်အတန့်မှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်အတော်လေးကို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခုပါပဲလို့” Bove ကဆိုပါတယ်။ shwekhitonlinetv.com

ပရော်ဖက်ရှင်နယ် ရေငုပ်သမားနှင့် အဏ္ဏဝါဗီဒီယိုရိုက်ကူးသူတစ်ဦးဖြစ်တဲ့ Bove ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးမြွေတွေ၊ ငါးမန်းဖြူကြီးတွေ အပါအဝင် ရေအောက်မှာနေထိုင်ကျက်စားကြတဲ့ အရွယ်အစားကြီးမားတဲ့ သတ္တဝါတွေကို အမြဲစိတ်ဝင်စားပြီး မှတ်တမ်းတင်ရိုက်ကူးရတာကို ဝါသနာပါတဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

“Bonito ဧရိယာတစ်ဝိုက်မှာရှိတဲ့ မြစ်ကြောက ရေတွေဟာကြည်လင်ပြတ်သားတာကြောင့် Anacondas တွေနေထိုင်ကျက်စားဖို့အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော်ဟာ ဒီနေရာမှာ မကြုံစဖူးတဲ့ အံ့အားသင့်စရာတစ်ခုကို ကြုံတွေ့ရနိုင်တယ်လို့ ယုံကြည်ပြီး စူးစမ်းလေ့လာခဲ့ကြတာပါ လို့” Bove က ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Bove နဲ့ Ygarape တို့ဟာ ဒီဧရာမမြွေကြီးကို ကံကောင်းစွာနဲ့ တွေ့ရှိခဲ့လို့ လက်ဗလာနဲ့ ပြန်ရတဲ့အဖြစ်ကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ သူတို့တွေ့ခဲ့တဲ့မြွေကြီးဟာ အရှည် ၂၃ ပေခန့်ရှိပြီး အလေးချိန်ကတော့ ပေါင် ၂၀၀ နီးပါးရှိမယ်လို့ခန့်မှန်းရပါတယ်။ “ကျွန်တော့်ဘေးမှာ ဒီကောင်ကြီး ကူးခတ်နေတာကိုမြင်တွေ့ရတော့ တော်တော်လန့်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကောင်ကြီးက အတော်လေးကိုတည်ငြိမ်ပြီး အန္တရာယ်တစ်စုံတရာ မပေးခဲ့ပါဘူး” ။ “ဒီမြွေကြီးက သူ့ဘာသာ အေးအေးဆေးဆေး ကူးခတ်နေပြီး ကျွန်တော်တို့ရှိနေတာကိုတောင်လျစ်လျူရှုထားပုံပါပဲ။ တစ်ခါတစ်ခါဆို ကင်မရာကိုတောင်လာပြီး လျှာနဲ့တို့ထိလိုက်သေးတယ်ဗျ” လို့ Bove ကဆိုပါတယ်။ shwekhitonlinetv.com

“ဒီမြွေကြီးရဲ့အပြုအမူက အန်နာကွန်ဒါမြွေတွေဟာ ရက်စက်ကြမ်းကြုတ်ပြီး ရန်လိုတက်တဲ့သတ္တဝါတွေလို့ လူသားတွေပြောဆိုခဲ့တဲ့ ဒဏ္ဍာရီတွေကို ခြေဖျက်လိုက်သလိုပါပဲ။ ဒါပေမယ့်လည်း အန္တရာယ်ရှိတာကတော့ အမှန်တကယ်ဖြစ်လို့ ကျွန်တော်တို့လည်း သတိထားပြီး လေးလေးစားစားနဲ့ သူ့ကိုဆက်ဆံခဲ့ပါတယ်” လို့ Bove ရဲ့ သူငယ်ချင်းဖြစ်တဲ့ Ygarape ကထပ်လောင်းပြောဆိုခဲ့ပါတယ်။ shwekhitonlinetv.com

အစိမ်းရောင်အန်နာကွန်ဒါ (Green Anaconda) မြွေတွေဟာ ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးမြွေမျိုးစိတ်တွေဖြစ်ကြပြီး (၂၇) ပေ အထိရှည်လျားတက်ပြီး အလေးချိန်ပေါင် (၅၀၀) လောက်အထိ ရှိတက်ကြတဲ့ ဧရာမမြွေကြီးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။