ရေလွှာလျောစီးသူရဲ့ဘေးက ထူးဆန်းတဲ့အရာကြောင့် အွန်လိုင်းမှာအထိတ်တလန့်ဖြစ်ခဲ့ရတဲ့ Video ဖိုင်

ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ Iпstagram မှာတင်ခဲ့တဲ့ Footage Video တစ်ခုဟာ အတော်လေးကိုလူပြောများခဲ့ပါတယ်။ ဒီ Video ထဲမှာပါတဲ့ ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်တစ်ခုကြောင့်လည်း အွန်လိုင်းပေါ်ကကြည့်ရှုသူတွေအနေနဲ့ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ shwekhitonlinetv.com

ပုံမှာပြထားတာကတော့ ဒီ Video ရဲ့တစ်စိတ်တပိုင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ကယ်ဖိုးနီးယားပြည်နယ်က ဆန်ဒီယေဂို ကမ်းခြေမှာ Ryland Rubens ဆိုတဲ့သူတစ်ယောက် လှိုင်းစီးနေတဲ့ပုံဖြစ်ပါတယ်။ သူ့အနေနဲ့ Regioпal Wave Of The Wiпter ပြိုင်ပွဲဝင်ခွင့်အတွက် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ပုံကိုသေချာကြည့်ရင်တော့ လှိုင်းစီးသမား Rubens ရဲ့ ဘယ်ဘက်မှာ အနက်ရောင်ပုံသဏ္ဍာန်နဲ့ ထူးဆန်းတဲ့အရာတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ချို့ကတော့ဒါဟာ Video Trick တစ်ခုသာဖြစ်တယ်လို့ဆိုကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း ဒီ Video Footage ကိုရိုက်ကူးခဲ့တဲ့သူကတော့ ဒါဟာပြုပြင်ထားခြင်းမရှိတဲ့ Original Video ဖြစ်တယ်လို့ဆိုပါတယ်။ တချို့ကတော့ လူသားတွေအနေနဲ့ သမုဒ္ဒရာကြီးရဲ့အကြောင်းကို (၅) ရာခိုင်နှုန်းလောက်သာ စူးစမ်းလေ့လာရသေးတာကြောင့် အမျိုးအမည်မသိတဲ့ သက်ရှိမျိုးစိတ်တစ်မျိုးလည်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချကြပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့သင့်အနေနဲ့ ဒီ Video ကိုကြည့်ချင်တယ်ဆိုရင်တော့ Youtube မှာ “Unidentified Sea Creature tries to attack Ryland Rubens while Surfing” လို့ ရိုက်ရှာပြီးကြည့်ရှုနိုင်ပါတယ်။ ကြည့်ပြီးရင်တော့ ဒီအရာနဲ့ပတ်သက်တဲ့ ထင်မြင်ချက်တစ်ခုခုကို ပြောပေးခဲ့ဖို့ မမေ့နဲ့ဦးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။