ခရီးသည်တင်လျှပ်စစ်လေယာဉ်ပျံများ ၂၀၂၈ ခုနှစ်တွင်စတင်ပျံသန်းပြေးဆွဲမည်

လေယာဉ်ပျံတွေကနေထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏဟာများပြားလှပြီး ကမ္ဘာ့လေထုကိုညစ်ညမ်းပျက်စီးစေပါတယ်။ ဒီအတွက် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမရှိတဲ့ လျှပ်စစ်လေယာဉ်ပျံတွေကို နည်းပညာကုမ္ပဏီကြီးတွေအနဲ့ အပြိုင်အဆိုင်စမ်းသပ်ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com

အင်တာနက်သတင်းတွေမှာတော့ အသေးစားလျှပ်စစ်လေယာဉ်တွေကိုအောင်မြင်စွာ တီထွင်ဖန်တီးထုတ်လုပ် နိုင်တဲ့သတင်းတွေဟာ အခုနောက်ပိုင်းမှာအတွေ့ရများလာပါတယ်။ ဒါပေမဲ့ ခရီးသည်အမြောက်အမြားကိုသယ်ဆောင်ပြီး အချိန်ကြာမြင့်စွာ မောင်းနှင်နိုင်မယ့် ခရီးသည်တင်အကြီးစားလျှပ်စစ်လေယာဉ်ပျံတွေထုတ်လုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး။ shwekhitonlinetv.com

အခုအခါမှာတော့ ဆွီဒင်အခြေစိုက် Heart Aerospace ကုမ္ပဏီက ခရီးသည်အယောက် (၃၀) တင်ဆောင်ပျံသန်းနိုင်မယ့် လျှပ်စစ်လေယာဉ်ပျံစီမံကိန်းကို စမ်းသပ်အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ သိရပြီး လာမယ့် ၂၀၂၈ ခုနှစ်အတွင်း ဈေးကွက်ထဲကိုဖြန့်ဖြူးရောင်းချသွားမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ shwekhitonlinetv.com

ဆွီဒင်နိုင်ငံ ဂိုသင်ဘတ်မြို့အခြေစိုက် Heart Aerospace ကုမ္ပဏီဟာ ခရီးသည် (၁၉) ဦးတင်ဆောင်ပျံသန်းနိုင်တဲ့ ES-19 လျှပ်စစ်လေယာဉ်ကို စမ်းသပ်အောင်မြင်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး အခုတစ်ခါမှာတော့ ခရီးသည်ပိုမိုတင်ဆောင်နိုင်မယ့် ES-30 လျှပ်စစ်လေယာဉ်ကို စမ်းသပ်အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ES-30 ကတော့ လျှပ်စစ်ချည်းပဲမဟုတ်ဘဲ အရေးပေါ်အခြေအနေအတွက်ပါစဉ်းစားထားတာကြောင့် လောင်စာဆီနဲ့လျှပ်စစ် နှစ်မျိုးသုံး Hybrid ပုံစံဒီဇိုင်းထွင်ထားတာလည်းဖြစ်ပါတယ်။ ဒီလေယာဉ်မှာ လျှပ်စစ်မော်တာ (၄) ခုပါရှိပြီး လျှပ်စစ်ချည်းပဲအသုံးပြုမယ်ဆိုရင် ကီလိုမီတာ (၂၀၀) ၊ လျှပ်စစ်နဲ့လောင်စာဆီတွဲဖက်အသုံးပြုမယ်ဆိုရင် ကီလိုမီတာ (၄၀၀) ၊ လျှပ်စစ်နဲ့လောင်စာဆီတွဲဖက်အသုံးပြုပြီး ခရီးသည် (၂၅) ဦးပဲလိုက်ပါစီးနင်းမယ်ဆိုရင်တော့ ကီလိုမီတာ (၈၀၀) လောက်အထိ ကောင်းမွန်စွာပျံသန်းနိုင်ကြောင်း တွက်ချက်ဖော်ပြထားပါတယ်။ shwekhitonlinetv.com

အမြင့်ဆုံးပျံသန်းနိုင်တဲ့ အမြင့်ပေကတော့ ပေ (၂၀၀၀၀) ဖြစ်ပါတယ်။ လာမယ့် ၂၀၂၈ မှာတရားဝင်စတင်သုံးစွဲသွားဖို့လျာထားပေမယ့် စောရင်တော့ ၂၀၂၆ ခုနှစ်မှာပဲ စတင်အသုံးပြုနိုင်မယ်လို့ ကုမ္ပဏီကပြောရေးဆိုခွင့်ရှိသူတွေကဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီမှုရှိပြီး စွမ်းအင်သုံးစွဲမှုကိုလျော့ချပေးနိုင်မယ့် ES-30 ခရီးသည်တင်လျှပ်စစ်လေယာဉ်ပျံတွေကိုတော့ အခုဆိုရင် အမေရိကန်လေကြောင်းလိုင်း United and Mesa က အစီးရေ (၁၀၀) အမှာစာတင်ထားပြီလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။