ရေသူမလို ပုံစံမျိုးနဲ့ မွေးဖွားလာတဲ့ ကလေးငယ်များ အကြောင်း

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးတစ်ခုကတော့ ရေသူမ ပုံစံလိုမျိုး မွေးဖွားလာခဲ့တဲ့ ကလေးလေး တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီလို မျိုး ပုံစံ နဲ့ မွေးဖွားလာတာကို အရင်ခေတ်တွေ တုန်းက အယူအဆ အမျိုးမျိုး နဲ့ သတ်မှတ်ခဲ့ကြပါသေးတယ် ။ နောက်ပိုင်းမှသာ ဆေးပညာ ရှုထောင့် ကနေ အဖြေထုတ်နိုင်ခဲ့တာကတော့ ရေသူမ Syndrome လို့ ခေါ်တဲ့ ရှားရှားပါးပါး ရောဂါ တစ်မျိုး ဖြစ်ပါတယ်တဲ့ ။ ဘယ်လိုကြောင့် ဒီလို ရောဂါ ဖြစ်ရလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

The mermaid syndrome လို့ ခေါ်တဲ့ ရောဂါဟာ အတော်လေးကို ဖြစ်တောင့် ဖြစ်ခဲလှတဲ့ ရှားရှားပါးပါး ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ် ။ လေ့လာမှုတွေ အရ ကလေးပေါင်း ( ၁၀၀၀၀ ) ကျော်ထဲမှာမှ ( ၁ ) ယောက်သာ Mermaid Syndrome ဖြစ်နိုင်ခြေရှိပြီး မွေးကာစတည်းက ခြေထောက် ( ၂ ) ချောင်းဟာ ပူးကပ်နေပြီး ရေသူမအမြှီး ပုံစံလိုမျိုး ဖြစ်နေတာပါ ။ ဆေးပညာရှင်တွေအရတော့ ဒီလိုမျိုး Mermaid Syndrome ရောဂါ ခံစားရတဲ့ ကလေးအတော်များများဟာ မွေးဖွားပြီး အချိန်သိပ်ကြာကြာ အသက်မရှင်နိုင်ကြတာ များတယ်လို့ ပြောထားပါသေးတယ် ။ shwekhitonlinetv.com

မွေးဖွားလာတဲ့ တစ်ချို့ ကလေးတွေမှာ အခုလိုမျိုး Mermaid Syndrome ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျ အဖြေမထုတ်နိုင်ကြသေးပါဘူး ။ တစ်ချို့ လေ့လာချက်တွေမှာတော့ အသက် ( ၂၀ ) ထက် ငယ်တဲ့ ကိုယ်ဝန်ဆောင်တွေ နဲ့ အသက် ( ၄၀ ) ကျော် ကိုယ်ဝန်သည်တွေ ကနေ မွေးဖွားတဲ့ ကလေးတွေမှာ Mermaid Syndrome ရောဂါကို အတွေ့ရများပါတယ်တဲ့ ။ ကမ္ဘာတစ်ဝှမ်းမှာ မွေးစကတည်းက Mermaid Syndrome ရောဂါ ခံစားနေရတဲ့ ကလေးလေးတွေ ရှိခဲ့ပြီး တစ်ချို့ကတော့ ခွဲစိတ်မှု မအောင်မြင်ခဲ့သလို တစ်ချို့ ကလေးလေးတွေကတော့ ခွဲစိတ်မှု အောင်မြင်ပြီး အသက်ရှင်နိုင်သွားခဲ့ကြပါတယ် ။ shwekhitonlinetv.com

The Mermaid Syndrome နဲ့ ပတ်သတ်ပြီး ထင်ရှားခဲ့တဲ့ ဖြစ်ရပ်တွေကတော့ ( ၂၀၁၈ ) ခုနှစ် ၊ မေလတုန်းက အိန္ဒိယနိုင်ငံ ၊ မဟာရာရှ်ထရာ ပြည်နယ် ထဲမှာ မွေးဖွားခဲ့တဲ့ ကလေး လေး တစ်ယောက်ဟာ ခြေထောက် နှစ်ချောင်းက ပူးရက်ကလေး တွဲပြီး မွေးလာကာ မွေးပြီးပြီးချင်း မိနစ်ပိုင်းလောက်ပဲ အသက်ရှင်သွားနိုင်ခဲ့ပါတယ် ။ နောက်ထပ် ဖြစ်ရပ်တစ်ခုကတော့ အိန္ဒိယနိုင်ငံ ၊ lakhimpur ပြည်နယ်မှာ နေထိုင်တဲ့ အသက် ( ၂၂ ) အရွယ် အမျိုးသမီး တစ်ဦးဟာ ခြေထောက်တွေ ဆက်နေသလို ဖြစ်နေတဲ့ ကလေးလေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ် ။ ကလေးလေးဟာ ခါးက နေ ခြေချောင်းလေးတွေ အထိ တစ်ဆက်တည်း ပူးကပ်နေတာကြောင့် ယောကျာ်း လေးလား ၊ မိန်းကလေး လား ဆိုတာကိုတောင် ဆရာဝန် ကိုယ်တိုင် မခွဲခြားနိုင်ပဲ ဖြစ်ခဲ့ရပါတယ်တဲ့ ။ ဒါ့အပြင် အဆိုပါ ကလေး လေး ဟာ မိခင်ဗိုက်ထဲကနေ ထွက်လာပြီးကတည်းက အတော်လေး အားနည်းနေတာကြောင့် မွေးဖွားပြီးပြီးချင်း နာရီပိုင်းလောက်သာ အသက်ရှင်သွားခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ရေသူမ အမြှီးလို ပုံစံမျိုး နဲ့ မွေးဖွားလာခဲ့တဲ့ ကလေး လေး တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော် ။ shwekhitonlinetv.com