ကမ္ဘာပေါ်မှာ စစ်တပ် လုံးဝမရှိတဲ့ နိုင်ငံများ

လူအချို့ကတော့ နိုင်ငံတစ်နိုင်ငံရယ်လို့ ဖြစ်တည်လာပြီဆိုတာနဲ့ မိမိနိုင်ငံကို တိုင်းတစ်ပါးရန်ကနေကာကွယ်ဖို့ စစ်တပ်ဟာမရှိမဖြစ်လိုအပ်တယ်လို့ ယူဆကြပါတယ်။ shwekhitonlinetv.com

ဒီအယူအဆက ရာနှုန်းပြည့်တော့ မှန်ကန်ခြင်းမရှိပါဘူး။ ကမ္ဘာပေါ်မှာ စစ်တပ်မရှိဘဲ ရပ်တည်နေတဲ့ နိုင်ငံများစွာရှိပါတယ်။ အခုတခါမှာတော့ ဒီနိုင်ငံတွေထဲက ထင်ရှားတဲ့ နိုင်ငံအချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ အန်ဒိုရာ (Andorra)

အန်ဒိုရာဆိုတာကတော့ ဥရောပတိုက်က နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ပါတယ်။ ပထဝီအနေအထားအရ မြောက်ဘက်မှာရှိတဲ့ ပြင်သစ်နိုင်ငံနဲ့ တောင်ဘက်မှာရှိတဲ့ စပိန်နိုင်ငံကို ကြားကနေ ပိုင်းခြားထားသလို ဖြစ်နေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

တောင်တန်းတွေပေါများတဲ့ အန်ဒိုရာနိုင်ငံဟာ ၁၉၉၃ ခုနှစ်မှာ ကိုယ်ပိုင်ဖွဲ့စည်းပုံနဲ့ လွတ်လပ်တဲ့နိုင်ငံ အဖြစ်ကြေညာခဲ့တဲ့ နိုင်ငံလည်းဖြစ်ပြီးတော့ သူတို့နိုင်ငံမှာ ကိုယ်ပိုင်စစ်တပ် မရှိပါဘူး။ နိုင်ငံကာကွယ်ရေး အတွက်ကိုတော့ ပြင်သစ်၊ စပိန် နိုင်ငံတို့နဲ့ (၃) နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုထားပါတယ်။ shwekhitonlinetv.com

သူတို့မှာ စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ငယ်လေးတစ်ခုရှိပြီး ဒီစစ်တပ်ကလည်း နိုင်ငံတော် အခမ်းအနားတွေအတွက်သာ အသုံးပြုတာဖြစ်ပါတယ်။ နိုင်ငံတွင်း ဒုစရိုက်မှုတွေကို အမျိုးသားရဲ့တပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းပြီး အကြမ်းဖက်မှုတွေနဲ့ ဓားစာခံ စီမံခန့်ခွဲရေးတို့ အတွက်တော့ အထူးလေ့ကျင့်ထားတဲ့ GIPA ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ယူထားပါတယ်။ shwekhitonlinetv.com

၂။ ဒိုမီနီကာ (Dominica)

ကာရစ်ဘီယံဒေသက ကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ ဒိုမီနီကာ နိုင်ငံဟာလည်း နိုင်ငံတော်ကာကွယ်ဖို့အတွက် စစ်တပ်မရှိပဲ ရပ်တည်လာတာ ၁၉၈၁ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ဒါပေမယ့် RSS (Regional Security System) ဆိုတဲ့ သဘောတူညီမှု စာချုပ်အရ နိုင်ငံတော်ကာကွယ်ရေးအတွက် စိတ်ပူစရာမရှိပါဘူး။ shwekhitonlinetv.com

RSS ဆိုတာကတော့ (Regional Security System) လို့ အဓိပ္ပါယ်ရပြီး အရှေ့ကာရစ်ဘီယံ ဒေသနိုင်ငံတွေ စုစည်းပြီး သဘောတူလက်မှတ်ရေးထိုးထားတဲ့ ဒေသတွင်းလုံခြုံရေး စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစာချုပ်အရ ဒေသတွင်း ကာကွယ်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေ အချင်းချင်း အပြန်အလှန်ကူညီတဲ့ သဘောနဲ့ တာဝန်ယူ ကြရပါတယ်။ shwekhitonlinetv.com

၃။ လက်ချင်စတိန်း (Liechtenstein)

ဥရောပတိုက်က နိုင်ငံငယ်တစ်ခုဖြစ်တဲ့ လက်ချင်စတိန်းနိုင်ငံကတော့ စစ်တပ်အတွက် ကုန်ကျစရိတ်များလွန်း တယ်လို့ ယူဆတာကြောင့် ၁၉၆၈ ခုနှစ်ကတည်းက နိုင်ငံရဲ့ စစ်တပ်ကိုဖျက်သိမ်းခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

နိုင်ငံရဲ့ လုံခြုံရေးတာဝန်အတွက်တော့ လက်နက်ငယ်တွေတပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ကသာ အဓိကတာဝန်ယူ ထားပါတယ်။ လက်ချင်စတိန်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ သြစတြီးယား၊ ဆွစ်ဇာလန်တို့နဲ့ (၃) နိုင်ငံတရားဝင် သဘောတူညီမှု စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပါတယ်။ ဒီစာချုပ်အရ သြစတြီးယား နဲ့ ဆွစ်ဇာလန်နိုင်ငံ တို့က လက်ချင်စတိန်းနိုင်ငံကို ကာကွယ်ရေးဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးထားပါတယ်။ shwekhitonlinetv.com

၄။ ဆာမိုအာ (Samoa)

သမုဒ္ဒရာပိုင်းဒေသက ဆာမိုအာလို့အမည်ရတဲ့ ကျွန်းစုနိုင်ငံကလည်း နိုင်ငံစတည်ထောင်ကတည်းက စစ်တပ်ဖွဲ့စည်းခြင်း မရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ရဲတပ်ဖွဲ့ငယ်တစ်ခုနဲ့ တိုင်းပြည် လုံခြုံရေးအတွက် ရေကြောင်းစောင့်ကြည့်ရေး အဖွဲ့တော့ရှိပါတယ်။ shwekhitonlinetv.com

အဲ့ဒီရေကြောင်းစောင့်ကြည့်ရေး အဖွဲ့ကို လက်နက်ငယ်တွေတပ်ဆင်ထားပြီး ပစိဖိတ် ဒေသတဝိုက်ကင်းလှည့် ခြင်းမျိုးသာ ဆောင်ရွက်ဖို့တာဝန်ပေး ထားတာဖြစ်ပါတယ်။ သူတို့ကလည်း သမုဒ္ဒရာပိုင်းဒေသ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေနဲ့ ချစ်ကြည်ရေးစာချုပ်တွေ ချုပ်ဆိုထားပြီး အဲ့ဒီနိုင်ငံတွေက ဆာမိုအာနိုင်ငံကို ကာကွယ်ဖို့ တာဝန်ယူပေးထားပါတယ်။ shwekhitonlinetv.com

၅။ ဗာတီကန်စီးတီး (Vatican City)

ပုပ်ရဟန်းမင်းကြီးနေထိုင်တဲ့ ဗာတီကန်စီးတီး နိုင်ငံငယ်လေးဟာလည်း စစ်တပ်မရှိတဲ့ နိုင်ငံလို့ဆိုနိုင်ပါတယ်။ နိုင်ငံကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ Paletine Guard နဲ့ Noble Guard အဖွဲ့အစည်းတွေကိုလည်း ၁၉၇၀ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။ shwekhitonlinetv.com

လက်ရှိဗာတီကန်စီးတီး နိုင်ငံမှာ ပြည်တွင်းရေးအတွက် လက်နက်ကိုင်ရဲတပ်ဖွဲ့ငယ်တစ်ခုသာရှိပြီး ဆွစ်ဇာလန်နိုင်ငံရဲ့ The Pontifical Swiss Guard က ပုပ်ရဟန်းမင်းကြီးကို ကာကွယ်ဖို့ကတိကဝတ် ပြုထားပါတယ်။ နောက်ပြီး အီတလီနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်မျိုး ချုပ်ဆိုထားခြင်းမရှိပေမယ့် ဗာတီကန်စီးတီးကို အီတလီစစ်တပ်က ကာကွယ်မှုတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြခဲ့တဲ့နိုင်ငံတွေကတော့ ကမ္ဘာပေါ်ကစစ်တပ်မရှိတဲ့နိုင်ငံတွေထဲမှာ အထင်ရှားဆုံးလို့ ဆိုနိုင်ပြီး စစ်တပ်မရှိတဲ့ အခြားနိုင်ငံငယ်လေးတွေလည်းရှိပါတယ်။

အဲ့ဒီနိုင်ငံတွေကတော့ ဂရီနာဒါ (Grenada)၊ ခရီဘာတီ (Kribati)၊ မာရှယ်ကျွန်းစုများ (Marshall Islands)၊ နာအူရူ (Nauru)၊ မိုက်ခရိုနီးရှား (Federated State of Micronesia)၊ ပါလာအူ (Palau)၊ စိန့်လူစီယာ (Saint Lucia)၊ စိန့်ဗင်းဆင့်နှင့် ဂရီနာဒိုင်းစ် (Saint Vincent and the Grenadines)၊ ဆော်လမွန်ကျွန်းစုများ (Solomon Islands) နဲ့ တူဗာလူ (Tuvalu) နိုင်ငံတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခု ဆောင်းပါးလေးကို အချိန်ပေးပြီးကြည့်ရှုခဲ့တဲ့အတွက် ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်နော် …