သစ်ရွက်နဲ့ ခွဲမရအောင်တူတဲ့ ထူးခြားသော သတ္တဝါ မျိုးစိတ်များ

အခုတစ်ခေါက် ရွှေခေတ်ပရိသတ်ကြီးအတွက်တင်ဆက်ပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေထဲကမှ အရောင်အသွေးနဲ့ပုံသဏ္ဍာန် တမူထူးခြားနေတဲ့ သတ္တဝါမျိုးစိတ်တွေအ​ကြောင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့အသွင် သဏ္ဍာန်နဲ့အရောင်အဆင်းကတော့ အန္တရာယ်တွေကဘကာကွယ်နိုင်အောင် သဘာဝတရားက ဖန်တီးပေးထားသလားလို့တောင်ထင်မှတ်စရာကောင်းလှပါတယ်။ shwekhitonlinetv.com

၁။ Giant Leaf Insect

သူ့ရဲ့ သိပ္ပံအမည်ကတော့ Phyllium Gigantium ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့အပူပိုင်းသစ်တောတွေမှာ အတွေ့ရများပြီး အရှေ့တောင်အာရှနိုင်ငံအချို့နဲ့ သြစတြေးလျနိုင်ငံမှာလည်းတွေ့ရတက်ပါတယ်။ ခြေလက်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သစ်ရွက်နဲ့ ခွဲခြားမရအောင်တူလွန်းတာကြောင့် သစ်ရွက်တစ်ရွက်မှာသာကပ်တွယ်နေမယ်ဆိုရင် သူ့ကိုတန်းပြီးမြင်ဖို့ရာ ခက်ခဲလွန်းပါတယ်။ shwekhitonlinetv.com

၂။ Satanic Leaf-tailed Gecko

အရွယ်အစား အားဖြင့် ၂ လက်မခွဲကနေ ၃ လက်မခွဲ လောက်ထိရှိတဲ့ ဒီသတ္တဝါလေးကတော့ တောက်တဲ့မျိုးစိတ်တစ်မျိူးဖြစ်တယ်လို့ သိရပါတယ်။ သူကလည်းအမှတ်တမဲ့ကြည့်မယ်ဆိုရင် သစ်ရွက်ခြောက်နဲ့ ခွဲမရအောင်ကိုတူလွန်းပါတယ်။ သိပ္ပံအခေါ်အဝေါ်ကတော့ Utroplatus Fantasticus ဖြစ်ပြီး မက်ဒါဂတ်စကာ ကျွန်းမှာအများဆုံးတွေ့ရတက်ပါတယ်။ shwekhitonlinetv.com

၃။ Indian Oakleaf Butterfuy

အာရှအပိုင်းဒေသတစ်ချို့နဲ့ အိန္ဒိယ၊ ဂျပန်စတဲ့နိုင်ငံတွေမှာအတွေ့ရများပြီး သစ်ရွက်ခြောက်လိပ်ပြာလို့လူသိများလှပါတယ်။ အတောင်နှစ်ဖက်ဖြန့်ထားရင် အရွယ်အစား (၄ ) လက်မလောက်ရှိပြီး မြန်မာနိုင်ငံမှာလည်းတွေ့ရတက်တဲ့ လိပ်ပြာမျိုးဖြစ်ပါတယ်။ သူ့ကို Orange Oakleaf လို့လဲခေါ်ဝေါ်ကြပါသေးတယ်။ shwekhitonlinetv.com

၄။ Malayan Leaf Frog

နှာခေါင်းချွန်ချွန်နဲ့ ဦးချိုထွက်နေတဲ့သဏ္ဍန်ပါရှိတဲ့ ဒီဖားတွေကလည်း သစ်​ရွက်ခြောက်ပုံပေါ်မှာသာတက်နေရင် ရှာဖွေရခက်မှာ အမှန်ပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသနိုင်ငံအချို့ရဲ့ မိုးသစ်တောတွေမှာ အတွေ့ရများပါတယ်။ အရွယ်အစား (၅) လက်မလောက်ပဲရှိတဲ့ ဒီဖားတွေကို Long Nosed Horned Frog လို့လည်းခေါ်ကြပါတယ်။ shwekhitonlinetv.com

၅။ Moss Mimic Stick Insect

သူ့ရဲ့ပုံသဏ္ဍာန်က ရေညှိတက်နေတဲ့ တုတ်ချောင်းလေးတစ်ချောင်းနဲ့တူလို့ အခုလိုနာမည်ကိုရရှိထားတာလည်းဖြစ်ပါတယ်။ သိပ္ပံအမည်ကတော့ Trychopileplus Laciniatus ဖြစ်ပြီး အရွယ်အစားအားဖြင့် ၆ လက်မခွဲထိရှိတက်ကြပါတယ်။ ဒီအင်းဆက်တွေကိုတော့ အလယ်အမေရိက နိုင်ငံတွေမှာတွေ့ရတက်ပါတယ်။ shwekhitonlinetv.com

၆။ Dead Leaf Grasshopper

Chorotypus saussurei လို့ သိပ္ပံအမည်ရရှိထားတဲ့ ဒီနှံကောင်တွေကလည်း တကယ့်ကို သစ်ရွက်ခြောက်နဲ့ ခွဲမရအောင်တူလွန်းပါတယ်။ သူ့တို့ကိုအမျာဆုံးတွေ့ရှိရတာကတော့ မလေးရှားနိုင်ငံမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ South American Leaf Fish

တောင်အမေရိကနိုင်ငံ အမေဇုန်တောထဲမှာ အများဆုံးတွေ့ရတက်တဲ့ ဒီငါးလေးတွေကလည်း နာမည်နဲ့လိုက်အောင် သစ်ရွက်ခြောက်နဲ့တူလွန်းပါတယ်။ မလှုပ်ရှားမကူးခတ်ဘဲ ရေစီးမှာငြိမ်ပြီး အလိုက်သင့်နေတဲ့အခါမျိုးဆို ရေပေါ်မှာမျောနေတဲ့ သစ်ရွက်ခြောက်လို့သာထင်ရပါတယ်။ Monocirrhus Polyacanthus လို့ သိပ္ပံအမည်ရရှိထားပြီး အရွယ်အစား (၄) မခန့်ရှိပါတယ်။ shwekhitonlinetv.com

၈။ Leaf Katydid

သစ်ပင်တွေပေါ်က သစ်ရွက်တွေကြားမှာသာျနထိုင်က်ကြတဲ့ ဒီနှံကောင်တွေရဲ့ သိပ္ပံအမည်က Pycnopalpa Bicordata ဖြစ်ပါတယ်။ ခန္ဓာကိုယ်အရွယ်အစား (၅) လက်မလောက်ရှိပြီး သူတို့ခန္ဓာကိုယ်အရွယ်အစားရဲ့ အဆ (၂၀) လောက်အကွာအဝေးထိအောင်ခုန်နိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း တစ်ခါတစ်ရံတွေ့ရတက်ပါတယ်။ မူရင်းဒေသကတော့ မက္ကဆီကိိုနဲ့ အလယ်အမေရိကဒေသတွေဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၉။ Dead-Leaf Moth

တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံတွေမှာအတွေ့ရများတဲ့ ဒီသစ်ရွက်ခြောက်ပိုးလံကိုတော့ Uropyia Meticulodina လို့ခေါ်ပါတယ်။ (၂) လက်မဝန်းကျင်လောက်သာ အရွယ်အစားရှိတဲ့ ဒီအကောင်လေးတွေကလဲ မလှုပ်ရှားပဲနေရင် တကယ့်ကို သစ်ရွက်ခြောက်နဲ့ခွဲမရပါဘူး။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။