တစ်ခြားဂြိုဟ်တစ်ခုနဲ့ ထင်မှတ်မှားလောက်တဲ့ ကမ္ဘာပေါ်က နေရာများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုတင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က အလွန်ထူးခြားဆန်းပြားပြီး လှပမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Spotted lake, Britian Columb’a, Canada

ဒီနေရာက Okanagan Syilx လူမျိုးစုရဲ့ အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပါတယ်။ ပုံကိုကြည့်ရုံနဲ့ ဘာကြောင့် သူတို့ အရေးတယူ ပြုလဲဆိုတာကို အလွယ်တကူ သိရှိနိုင်ပါတယ်။ နွေရာသီမှာ ရေကန်ထဲက ရေတွေဟာ ရေငွေ့ပြန်ပြီး ရေကန် သေးသေးလေးတွေ ဖြစ်ပေါ်လာပါတယ်။ ထူးခြားတာကတော့ အဲ့ဒီ့ ရေကန်ရေကွက်ကလေးတွေဟာ တစ်ခုနဲ့တစ်ခု အရောင်ကွဲပြားနေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ The Giant’s Causeway, Northern Ireland

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ မီလီယံလောက်တုန်းက ကြီးမားတဲ့ မီးတောင်ပေါက်ကွဲမှုနှင့်အတူ ချော်ရည်တွေ ဒလဟော စီးဆင်းလာပြီး အေးခဲသွားရာကနေမှ အနက်ရောင် အဆင်းရှိ ကျောက်တုံးအစိုင်အခဲတွေ ဖြစ်ကျန်ခဲ့ပါတယ်။ အဲ့တာကတော့ အခုတွေ့နေရတဲ့ အရာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တဲ့ ဒီနေရာမှာ ခန့်မှန်းခြေ ဗဟုဂံ​ကျောက်တုံးပေါင်း (၃၇၀၀၀) ​လောက်ရှိပါတယ်။ shwekhitonlinetv.com

၃။ Thor’s well, Oregon, USA

ဒီရေတွင်းဝကို ‘Spouting Horn’ လို့လည်း ခေါ်ဆိုကြပါတယ်။ ရေလှိုင်းလေးတွေဟာ ဟနေတဲ့အပေါက်ထဲကို လှိမ့်ဝင်သွားပြီနောက်တစ်ခါ အားအပြည့်နဲ့ ပြန်ကန်ထွက်လာတတ်ပါတယ်။ Cape Perpetua မှာရှိတဲ့ ဧည့်နေရာ Captain Cook လမ်းကြောင်းကနေ သွား​ရောက် ကြည့်ရှုနိုင်ပါတယ်။ သွားရောက်ကြည့်ရှုမယ်ဆိုရင်တော့ မိမိရဲ့လုံခြုံရေးအတွက် ခပ်လှမ်းလှမ်းကနေသာ ကြည့်ဖို့ သတိပေးတားမြစ်မှုတွေပြုလုပ်ထားပါတယ်။ shwekhitonlinetv.com

၄။ Pamukkale, Turkey

UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ပြယုဂ်တစ်ခုဖြစ်ပြီး တူရကီအရှေ့တောင်အရပ်၌ တည်ရှိပါတယ်။ ပိုးသားနန်းတော် Pamukkale ဆီသို့ သွားရောက်လည်ပတ်မည် ဆိုလျှင် ပျက်စီးသွားပြီဖြစ်တဲ့ Hierapolis ရှေးဟောင်းမြို့တော်ကိုလည်း အနိီးအနားမှာ တွေ့မြင်နိုင်ပါတယ်။ ရေတံခွန်အသေးစားလေးတွေ အထပ်ထပ်စိီရီနေပြီး သဘာဝစမ်းချောင်းသဖွယ်ဖြစ်နေကာ အဖြူရောင်လိုင်းထပ်အတွဲလိုက်ပုံစံမျိုး ဖွဲ့စည်းကာ ဖြစ်ပေါ်နေသောကြောင့် ရေစိမ်ဖို့ သိပ်ကောင်းတဲ့ ရေကန်လေး ဖြစ်နေပါ​တော့တယ်။ shwekhitonlinetv.com

၅။ Hillier lake, Western Australia

သြစတြေးလျ အနောက်အရပ်၌ ဒီရှားပါးတဲ့ ကျွန်းစုကြီးကို ၁၈၀၂ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီရေကန်ကြီးက တနှစ်ပတ်လုံး ပန်းရောင်သမ်းနေပါတယ်။ ဒါကို သိပ္ပံပညာရှင်တချို့က ရေကန်ဟာ ​ဆားပါဝင်မှုများကာ ဆားကိုကြိုက်နှစ်သက်တဲ့ မှိုမျိုးစိတ်တွေဥပမာ Dunaliella Salin နှင့် ပန်းရောင်ပိုးမွှား halobacteria တွေနဲ့ ပေါင်းစပ်ထားမှုကြောင့် ယခုလို ပန်းရောင် ဖြစ်နေရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၆။ Badab-e-Surt, Iran

အီရန်အနောက်မြောက်ဘက်ပိုင်းမှာ ရှိတဲ့ အလွန်တရာ လှပတဲ့ လိုင်းထပ်အတွဲလိုက်ပုံစံရှိတဲ့ ထုံးကျောက်စမ်းချောင်းတွေဟာ သဘာဝကပေးထါးတဲ့ မျက်စိမမှိတ်ချင်လောက်အောင် ညှို့ယူဖမ်းစားနိုင်သော နေရာ တစ်ခုဖြစ်ကာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော် ကတည်းက တည်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထုံးကျောက်တွေနဲ့ ဖွဲ့စည်းထားပြီး ရေထဲမှာ ကယ်လ်ဆီယမ်တွေပါဝင်နေကာ စမ်းချောင်းတွေကလဲ အသွင်မတူတဲ့ဓာတ်သတ္ထုများစွာနဲ့ စီးဆင်းနေပါတော့တယ်။ မြင်နေကျမဟုတ်တဲ့ နီကျင်ကျင်အရောင်နဲ့ ဒီအတွဲအထပ်စမ်းချောင်းတွေထဲမှာ ironoxide ပါဝင်မှုကလည်း အရမ်းမြင့်ပါတယ်။ shwekhitonlinetv.com

၇။ The Tianzi mounatins,China

တရုတ်ပြည်အနောက်တောင် Hunan နယ်မြေမှာ တည်ရှိပြီး အံအားသင့်ဖွယ်ရာ လှပလွန်းတဲ့ ​ေကျာက်ဆောင်တွေဟာ ရှုမဝနိုင်တဲ့သစ်ပင်ပန်းမန်များဖြင့် ဖုံးလွှမ်းနေကာ မြူခိုးတွေနဲ့ အုံစိုင်းလို့ နေပါတယ်။ Tianzi (နိဗ္ဗာန်ဘုံ) ကို ကြည့်ရှုနိုင်ဖို့ လမ်း​​ကြောင်းများစွာရှိကာ Huangshi ရွာကနေမှတစ်ဆင့် မိုးပျံကားတွေကို ပြေးဆွဲနိုင်သလောက် ပြေးဆွဲပေးထါးပါတယ်။ ဒီလေပေါ်ဝဲနေတဲ့ တောင်တန်းတွေကို အတုယူကာ အန်မတန်မှ အောင်မြင်ကျော်ကြားခဲ့တဲ့ Avatar ရုပ်ရှင်မှာ ထည့်သွင်းအသုံးပြုထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com

၈။ The Nazca lines, Peru

တိရစ္ဆာန်ရုပ်ပုံတွေနဲ့ ဂျီသြမေထရီပုံစံများဟာ ရှေးခေတ်လူသားတွေမှ ဖန်၊မှန် ကွဲစလေးနှင့် ခြစ်ကာဆွဲထားတဲ့ ပုံစံမျိုးဖြစ်​​ေန၍ ပိီရူးမှာရှိတဲ့ သစ်မပေါက်နယ်မြေများဖြစ်တဲ့ Pompa de san Jose ဟာ မြောက်အမေရိကန်မှ အထူးဆန်းဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။

အမြင့်ကနေကြည့်မှသာ မြင်နိုင်ပြီး ဟိုက်ဝေးလမ်းဘေးမှာ ဆောက်ထားတဲ့ တာဝါကနေလည်း ကြည့်နိုင်ပါတယ်။ တချို့ မရှင်းပြနိုင်သေးတဲ့ ရုပ်ပုံတွေဟာဆိုရင် မီတာ ၂၀၀ အလျားရှိကာ ရုပ်ပုံတစ်ခုချင်းဟာ ဆက်နေတဲ့ လိုင်းကနေမှ ရုပ်ပုံကားချပ်တစ်ခုတည်း ဖြစ်လာအောင် ဖန်တီးရေးဆွဲခဲ့တာပဲ ဖြစ်တယ်။ shwekhitonlinetv.com

၉။ The Bermuda Traingle,North Atlantic Ocean

လျှို့ဝှက်စမ်းကြယ်ပြီး ဒဏ္ဍာရီလာ ပုံပြင်တွေနဲ့ ပြည့်နှက် နေပါတယ်။ ဖလော်ရီဒါပွာတိုရီကိုနှင့် ဘာမူဒါ ကြားနေရာ စတုရန်းမိုင် ၅၀၀၀၀၀ ကျယ်တဲ့နေရာဟာ နတ်ဆိုးတြိဂံလို့လည်း အမည်တွင်ခဲ့ပါတယ်။ အမေရိကန်ရေတပ်မှ ထိုနေရာမျိုး မရှိပါဟု ငြင်းဆိုထားသော်လည်း ပုံမှန်မဟုတ်တဲ့ သံလိုက်စက်ကွင်းထဲ သင်္ဘောတွေ လေယာဥ်တွေအပြင် ခြေရာလက်ရာတစ်စက်မှ မကျန်ပဲ ပျောက်သွားခဲ့တဲ့ လူတွေရဲ့ ဖုံးဖိမရတဲ့ ဝိသေသတွေဟာလည်း အားကောင်းလျှက်ရှိနေဆဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Socotra Island, Yemen

နှစ်ပေါင်း ခြောက်မိီလိီယံလောက်ကတည်းက အာဖရိကကနေ ကွဲထွက်နေတဲ့ လူသူအရောက်နည်းတဲ့ ဒီကျွန်းဟာဆိုရင် သိပ္ပံရုပ်ရှင်ထဲက နေရာလိုမျိုးနဲ့တောင် တူနေပါတယ်။ ဆိုကိုတျာရဲ့ ပြီးပြည့်စုံတဲ့အလှတရားနဲ့ သြချဖွယ် သစ်ပင်မျိုးနွယ်ကွဲတွေ ရှိနေခြင်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်နေရာမှာမှ မတွေ့နိုင်တဲ့ သစ်ပင်ကြီးတွေ ရှိနေခြင်းပဲလို့ ဆိုလိုနိုင်ပါတယ်။ အထူးသဖြင့် သမားရိုးကျမဟုတ်တဲ့ ဒီအပင်တွေဟာ ရှေးကျလွန်းပြီး လိမ်ဖယ်နေတဲ့ နဂါးသွေးသစ်ပင် အပြင် ဥလုံးပုံသဏ္ဍာန်နဲ့ သစ်ပင် စတာတွေကိုလည်း တွေ့နိုင်ပါသေးတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။