ဘယ်တော့မှ အစိမ်းမစားသင့်တဲ့ အစားအစာ (၁၀) မျိုး

အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်း မိမိတို့နေ့စဥ်စားသုံးနေတဲ့ ဟင်းသီး၊ဟင်းရွက်၊သား၊ ငါး စတာတွေက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ အမြောက်အများပါဝင်လို့နေပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း မစူးစမ်း မဆင်ခြင်ပဲ အစားအစာတွေကို စားသုံးမိလို့ ဘေးဖြစ်စေတဲ့ သာဓကတွေကလည်းရှိလို့နေပြန်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဒီလိုဘေးဖြစ်စေတဲ့ ဆိုးကျိုးတွေရှိတာကြောင့် သင့်အနေနဲ့ အစိမ်းစားသုံးခြင်းမှ ရှောင်ရှားသင့်တဲ့ အစားအစာ (၁၀) မျိုးအကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ Potatos (အာလူး)

အာလူးကိုတော့ အတော်များများစားဖူးကြမှာဖြစ်ပြီး သူ့မှာ အာဟာရဖြစ်စေတဲ့ဓာတ်တွေပါရှိပါတယ်။ ဒါပေမယ့်လို့တော့ အာလူးကိုအစိမ်းမစားစေချင်ပါဘူး။ အကြောင်းက သူ့မှာစေးကပ်တောင့်ခဲစေတဲ့ ဓာတ်တစ်မျိုးပါဝင်နေပြီးသင့်ရဲ့ အစာအိမ်လမ်းကြောင်းနဲ့ အစာ​ချေစနစ်ကိုများစွာ အနှောင့်အယှက်ပေးနိုင်လို့ပဲဖြစ်ပါတယ်။

အဲ … အာလူးကိုချက်ပြုတ်လိုက်မယ်ဆိုရင်တော့ဒီဓာတ်ကပျက်ပြယ်သွားပြီး အစာချေဖို့ အဆင်ပြေစေနိုင်ပါသတဲ့။ နောက်ပြီး အာလူးဟာ သူ့မှာပါဝင်တဲ့ Solaine ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့် ပူနွေးစိုစွတ် တဲ့နေရာတွေမှာထားရင် အစိမ်းရောင်အကွက်တွေဖြစ်လာတက်ပါသေးတယ်။ ဒီအရာတွေက အစာအဆိပ်သင့်ခြင်းလို ဖြစ်ရပ်တွေဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com

၂။ Yucca (ယူက/ကလောပီနံဥ)

တောင်အမေရိကတိုက် နဲ့ ကာရစ်ဘီယံဒေသတွေမှာ (Yucca) လို့ခေါ်ကျပြီး မြန်မာနိုင်ငံမှာတော့ ကလောပီနံ ဥ လို့ခေါ်ကျတဲ့ ဒီအပင်ရဲ့ အမြစ်တွေက ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကြွယ်ဝစွာပါဝင်လို့နေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပြုတ်၍သော်လည်းကောင်း မီးဖုတ်၍သော် လည်းကောင်း စားလေ့ရှိကြပါတယ်။ ဒါပေမယ့် သူ့မှာပါဝင်တဲ့ Cyanide လို အဆိပ်သင့်စေတဲ့ဓာတ်မျိုးကြောင့် အစိမ်းစားမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ shwekhitonlinetv.com

၃။ Red Kidney Bean (ပဲနီကြီး/ပဲကတ္တီပါ)

ပဲနီကြီးကိုတော့ မြန်မာနိုင်ငံမှာ ပဲကတ္တီပါပြုတ်အဖြစ် လူသိများကြပါတယ်။ သူ့မှာ အသားဓာတ်၊ အမျှင်ဓာတ်တွေများစွာပါဝင်နေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ Antioxidant လိုဓာတ်တွေလည်းပါဝင်နေပါတယ်။ ဒါပေမယ့်လို့လည်း အစိမ်းစားမယ်ဆိုရင် သူ့မှာပါဝင်တဲ့ Phytohemagglutinin ဆိုတဲ့ဓာတ်ကြောင့် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကောင်ဆုံးက မစားခင်အနည်းဆုံး (၁၀) မိနစ်လောက် ပွက်ပွက်ဆူနေတဲ့ ရေနွေထဲမှာပြုတ်ပြီး မှစားသုံးသင့်ပါတယ်။ shwekhitonlinetv.com

၄။ Hot Dogs (ဟော့ဒေါ့)

ပေါင်မုန့်ထဲညှပ်ပြီးစားတဲ့ ဟော့ဒေါ့ အသားချောင်းတွေနဲ့ ကိုရီးယားကြက်အူချောင်းလိုမျိုး အသားချောင်းတွေကလည်း အဟာရဖြစ်နိုင်ပေမယ့် မချက်မပြုတ် အပူမပေးဘဲ မစားသင့်ပါဘူးတဲ့။ ဘာလိုလဲဆိုတော့ သူတို့မှာဘက်တီးရီးယားတွေပါဝင်နေပြီး မချက်မပြုတ်ဘဲ အစိမ်းစားရင်တော့ အဲ့ဒီဘက်တီးရီးယားတွေက အစာအိမ်ကို ကောင်းကောင်းဒုက္ခပေးနိုင်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Milk (နွားနို့)

လူအတော်များများက နွားနို့ကိုအစိမ်းသောက်သုံးကြပေမယ့်လည်း ကျိုချက်ပြီးသောက်သုံးတာကတော့ ကျန်းမာရေးအတွက်ပိုသင့်တော်ပါတယ်။ မကျိုချက်ရသေးတဲ့ နွားနို့စိမ်းမှာ E.coli နဲ့ Salmonella ဆိုတဲ့ဘက်တီးရီးယား ရောဂါပိုးတွေပါဝင်နေတာကြောင့် ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ တုပ်ကွေးမိခြင်း၊ ဗိုက်အောင့်ခြင်းတို့လို ဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ shwekhitonlinetv.com

၆။ Sprout (ပဲပင်ပေါက်)

နွားနို့စိမ်းမှာပါဝင်တဲ့ ဘက်တီးရီးယားတွေဟာ ပဲပင်ပေါက်မှာလည်း ပါဝင်နေတက်တယ်လို့သိရပြီး လတ်ဆက်တဲ့ ပဲပင်ပေါက်ကို ဝယ်စားမယ်ဆိုရင်တောင် သေချာရေဆေးပြီး ချက်ပြုတ်စားသင့်ပါတယ်။ shwekhitonlinetv.com

၇။ Natapoa Nut (ဗာဒံစေ့)

ဗာဒံစေ့မှာတော့ ကျန်းမာရေးအတွက်ကောင်းကျိုးအနည်းငယ် ရှိပေမယ့် အစိမ်းတော့ အလွန်အကျွံ မစားသုံးသင့်ပါဘူး။ သူ့မှာ ရေကိုအဆိပ်ဖြစ်စေတက်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ Hydrocyanic Acid ဓာတ်ပါဝင်နေပြီး လူ့ခန္ဓာကိုယ် ကိုလည်း အဆိပ်အတောက်တွေဖြစ်စေနိုင်ပါတယ်။ စစ်တမ်းတစ်ခုရဲ့ဖော်ပြချက်မှာတော့ ဗာဒံစေ့ကို အစိမ်းလိုက် အစေ့ (၇၀) လောက်စားမယ်ဆိုရင် လူကိုသေစေနိုင်တယ်လို့ သ်ရပါတယ်။ shwekhitonlinetv.com

၈။ Flour (ဂျုံမှုန့်)

အစားအစာ တစ်ချို့ပြုလုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုကြတဲ့ ဂျုံမှုန့်ကလည်း E.coli ဘက်တီးရီးယားတွေပါဝင်နေတက်လို့ အစိမ်းမစားသင့်တဲ့ အရာအဖြစ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) သတ်မှတ်ထားပါတယ်။ မချက်ပြုတ်ဘဲစားမယ်ဆိုရင် ဒီဘက်တီးရီးယားတွေက မသေဘဲခန္ဓာကိုယ်ထဲရောက်သွားမှာဖြစ်လို့ ဖျားနာခြင်းနဲ့အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။ shwekhitonlinetv.com

၉။ Egg Plant (ခရမ်းသီး)

ခရမ်းသီးမှာလည်း အာလူးလိုပဲ Solanine ဓာတ်ပါဝင်နေလို့ အစိမ်းမစားသင့်ပါဘူး။ အစိမ်းစားရင်တော့ အာလူးစားရင်ဖြစ်သလို အစာအိမ်နဲ့ဆိုင်တဲ့ဝေဒနာတွေခံစားရမှာဖြစ်တဲ့ အပြင် တစ်ချို့ တွေအတွက်တော့ ဓာတ်မတည့်တဲ့ရောဂါ (Allergic) တွေတောင်ဖြစ်စေတက်ပါသတဲ့။ shwekhitonlinetv.com

၁၀။ Wild Mushrooms (မှိုရိုင်း)

မှိုအများစုက ဗီတာမင်ဘီ (Vitamin-B)၊ ပိုတက်ဆီယမ် (Potassium)၊ အန်တီအောက်ဆီးးဒင့် (Antioxident) တို့လိုလူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ဓာတ်တွေပါရှိတက်ပါတယ်။ ဒါပေမယ့် သဘာဝအတိုင်းအလေ့ကျပေါက်တက်တဲ့ တစ်ချို့ မှိုတွေကိုတော့သေချာမစူးစမ်းဘဲနဲ့ စားသုံးတာမျိုးရှောင်ကျဥ်သင့်ပါတယ်။ စားမယ်ဆိုရင်လည်း ရေနွေးဆူဆူထဲမှာ အချိန်အတန်ကြာထားပြီးမှသာ စားစေချင်ပါတယ်။ မဟုတ်ရင်တော့ အစာအဆိပ်သင့်တာမျိုး၊ အစာချေဖို့ခက်ခဲတာမျိုးတွေဖြစ်တက်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။