ဆံပင်တွေ ရေခဲအောင် လုပ်ပြီး ယှဉ်ပြိုင်ရတဲ့ ကနေဒါနိုင်ငံက ထူးဆန်းသော ပြိုင်ပွဲ

ဒီတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီး အတွက် ထူးဆန်းတဲ့ ပြိုင်ပွဲလေး တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ် ။  shwekhitonlinetv.com

ဒါကတော့ ကနေဒါနိုင်ငံမှာသာ ကျင်းပတဲ့ ရေခဲရိုက် ဆံပင်အလှပြိုင်ပွဲ အကြောင်းပဲ ဖြစ်ပါတယ် ။ ထူးထူးခြားခြားပုံစံနဲ့ ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်တာကြောင့် ဘယ်လို ဆံပင်ပုံစံတွေနဲ့ ပြိုင်ပွဲဝင်ထားလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၂၀၁၁ ခုနှစ်တည်းက ဆောင်းရာသီရောက်တိုင်း ကမ္ဘာအနှံ့က ခရီးသွားဧည့်သည်တွေဟာ ကနေဒါနိုင်ငံဆီ လာရောက် လည်ပတ်ရတာကို သဘောကျလာကြပါတယ် ။ သူတို့ဟာ အေးစိမ့်နေတဲ့ ရေကန်တွေထဲကို ခုန်ဆင်းကြပြီး ဆံပင်တွေကို ရေခဲရေတွေ စိုအောင်လုပ်ကာ ခေါင်းတစ်ခုလုံး ရေခဲတွေနဲ့ ဆွတ်ဆွတ်ဖြူအောင် လုပ်ကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အစပိုင်းကတော့ အပျော်သဘောလုပ်သာ လုပ်ခဲ့ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ စတိုင်ကျတဲ့ ရေခဲရိုက် ဆံပင် အလှပြိုင်ပွဲကို ကျင်းပလာကြပါတယ် ။ shwekhitonlinetv.com

ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်သူတွေအတွက် သတ်မှတ်ရက်စွဲတွေ မထားပေးထားပဲ ကိုယ်ကြိုက်တဲ့အချိန်မှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ် ။ ပြိုင်ပွဲဝင်မယ့် လူတွေအတွက် လိုအပ်တဲ့ တစ်ခုတည်းသော အခြေခံအချက်ကတော့ ဆံပင်တွေ အေးခဲစေဖို့အတွက် သင့်တော်တဲ့ ရာသီဥတုရှိမှ ဖြစ်မှာဖြစ်ပြီး အနည်းဆုံး အပူချိန် အနုတ် ၄ ဒီဂရီ ဖာရင်ဟိုက်အောက် လောက် လိုအပ်ပါတယ်တဲ့ ။ shwekhitonlinetv.com

ဒီပြိုင်ပွဲကို ပထမဆုံးကျင်းပတုန်းက ပါဝင်ယှဉ်ပြိုင်သူတွေဟာဆိုရင် ဆုကြေးငွေ ဒေါ်လာ ၁၀၀ လောက်သာ ရခဲ့တာပါ ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အနိုင်ရသူကို ဒေါ်လာ ၂၀၀၀ အထိ ဆုငွေ ချီးမြှင့်နိုင်ပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးတာတွေကတော့ ကနေဒါနိုင်ငံမှာသာ ကျင်းပတဲ့ ထူးထူးခြားခြား ရေခဲရိုက် ဆံပင်စတိုင် ပြိုင်ပွဲ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးခြား ဆန်းပြားတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေး ကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။