သာမန်အခြေအနေများနဲ့မတူပဲ သဘာဝကိုဆန့်ကျင်ပြီး ဖြစ်တည်နေခဲ့ကြတဲ့ အရာများ

နေ့စဥ်ဘဝမှာ ကျွန်တော်တို့တွေဟာ လက်တဆုပ်စာအရွယ်သာရှိတဲ့ ခရမ်းချဥ်သီး ၊ ကြက်သွန်နီ တို့ကိုသာ တွေ့ဖူးကြမှာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့ မထင်မှတ်ထားလောက်အောင် ကြီးမားတဲ့ ခရမ်းချဥ်သီးများ ၊ နေကြာပန်းများ အစရှိသဖြင့် သဘာဝကိုလွန်ဆန်ပြီး မထင်ထားလောက်အောင် ကြီးမားနေတဲ့ အရာများကိုလည်း တွေ့ရှိနိုင်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သာမန်အခြေအနေများနဲ့မတူပဲ သဘာဝကိုလွန်ဆန်ပြီး ဖြစ်ပေါ်နေတဲ့ အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ကြီးမားလွန်းတဲ့ကြောင်ကြီး

ကြောင်မျိုးစိတ်များစွာရှိတဲ့အထဲကမှ ပုံမှာတွေ့မြင်ရတဲ့ကြောင်ကြီးကတော့ ကြီးမားတဲ့ကြောင်မျိုးစိတ်နွယ်ဝင်ပဲဖြစ်ပါတယ်။ သာမန်ကြောင်များနဲ့မတူပဲ ကြီးမားပြီးရှည်လျားလွန်းလှတဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ ခွေးတကောင်ကိုတောင် ယှဥ်နိုင်တဲ့အထိ ကြီးမားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၂။ သာမန်ထက်ကြီးမားတဲ့ ဘဲကြီး

ဘဲတကောင်ရဲ့အရွယ်အစားကို ပျမ်းမျှအနေနဲ့ ၀.၇၂ ကနေ ၁.၆ ကီလိုဂရမ်သာအလေးချိန်ရှိပါတယ်။ ဒါပေမယ့် ပုံမှာတွေ့မြင်ရတဲ့ ဘဲကတော့ သာမန်ဘဲတွေထက် ကြီးမားတဲ့ အရွယ်အစားရှိပြီး အားလုံးထဲမှာ ပိုပြီးရှည်လျားနေတာကိုလည်း တွေ့မြင်ရမှာပါ။ သာမန်ဘဲတွေထက် ကြီးမားပြီး သဘာဝကိုလွန်ဆန်နေတဲ့ ဒီဘဲကြီးကို Long Boi လို့လည်း ခေါ်ဆိုကြပါတယ်။ shwekhitonlinetv.com

၃။ ကြီးမားတဲ့နေကြာပန်းကြီး

နေကြာပန်းရဲ့အရွယ်အစားကို အားလုံးသိကြမယ်ထင်ပါတယ်နော်။ ညာဘက်မှာမြင်ရတဲ့ ပုံထဲက နေကြာပန်းကြီးကတော့ သဘာဝကိုလွန်ဆန်ပြီး လူ့တရပ်စာမက ရှည်လျားကာ နေကြာပန်းပွင့်ရဲ့ဆိုဒ်ကလည်း ကြီးမားနေပါတယ်။ ဒီလိုကြီးမားရှည်လျားတဲ့ နေကြာပန်းကြီးကို တွေ့နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ shwekhitonlinetv.com

၄။ ပန်းပွင့်ပုံစံဖြစ်နေတဲ့စတော်ဘယ်ရီ

ပန်းပွင့်ပုံစံအတိုင်း ပွင့်ချပ်များလို တခုစီကွဲထွက်ပြီး ပေါက်ဖွားလာတဲ့ စတော်ဘယ်ရီကို တွေ့ရမှာပါ။ shwekhitonlinetv.com

၅။ ပွင့်ချပ် ၄ ရွက်နဲ့ ရှားပါးတဲ့ ကလာဗာ

ကလာဗာရွက်လေးတွေဟာ များသောအားဖြင့် ပွင့်ချပ် ၃ ရွက်သာ ပါရှိတဲ့ အပင်ငယ်လေးတွေဖြစ်ပါတယ်။ ပွင့်ချပ် ၄ ရွက်ပါတဲ့ ကလာဗာတွေဟာ ရှားပါးတာကြောင့် ဒီလိုကလာဗာကိုတွေ့တဲ့သူဟာ ကံကောင်းခြင်းတွေကိုပဲ တွေ့ရှိနိုင်တော့မယ်လို့ ယူဆကြပါတယ်။ ပုံထဲမှာတော့ အဲ့ဒီလိုရှားပါးတဲ့ ပွင့်ချက် ၄ ရွက်နဲ့ ကလာဗာကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ကြီးမားတဲ့သခွားသီး

ပုံမှာယှဥ်ပြထားတဲ့အတိုင်း သံဗူးထက်ပိုပြီးကြီးနေတဲ့ သခွားသီးကြီးကို တွေ့ရမှာပါ။ သဘာဝကိုလွန်ဆန်ပြီး ကြီးမားနေတဲ့ သခွားသီးကြီးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ လက်တဝါးစာရှိတဲ့စတော်ဘယ်ရီ

သာမန်စတော်ဘယ်ရီသီးတခုဟာ အလုံးပုံစံသီးပြီး လက်တဝါးစာအရွယ်အစားထိ ကြီးမားနိုင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ ဒါပေမယ့်လည်း ပုံမှာတွေ့ရတဲ့ စတော်ဘယ်ရီသီးကြီးကတော့ သဘာဝကိုလွန်ဆန်ပြီး အပြန့်အနေအထားအတိုင်း လက်တဝါးစာမက ကြီးမားနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၈။ တတောင်ခန့်ရှည်လျားတဲ့မုန်လာဥ

သာမန်မုန်လာဥတွေရဲ့ အရှည်ဟာ ပျမ်းမျှအားဖြင့် ၅ လက်မအထိသာ ရှိကြပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ မုန်လာဥကြီးကတော့ ယောကျ်ားကြီးတယောက်ရဲ့ လက်တတောင်ခန့်အထိ ကြီးမားရှည်လျားနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၉။ သံချောင်းထဲကနေ ထိုးထွက်လာတဲ့အပင်

သဘာဝတရားကြီးကို ဘာနဲ့မှတားဆီးလို့မရနိုင်ဘူးဆိုတာကို သက်သေပြလိုက်တဲ့ အပင်ပဲဖြစ်ပါတယ်။ STOP sign ပြထားတဲ့ သံချောင်းထောက်တိုင်ထဲကနေပြီး ထိုးထွက်ရှင်သန်နေတဲ့ အပင်ကိုတွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၁၀။ ထင်းရှုးသီး

ထင်းရှုးပင်တွေမှာတွေ့ရတဲ့ ထင်းရှူးသီးတခုရဲ့ ပုံမှန်အရွယ်အစားဟာ လက်တစုပ်စာအရွယ်အစားသာ ရှိလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ပုံမှာတွေ့ရတဲ့ ထင်းရှုးသီးကြီးကတော့ ရုတ်တရက်ကြည့်မယ်ဆိုရင်တောင် ထင်းရှုးသီးမှန်းမသိနိုင်လောက်တဲ့အထိ ကြီးမားလွန်းတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၁။ ကြီးမားလွန်းတဲ့ ရှောက်သီး

သာမန်အရွယ်အစားရှိတဲ့ ရှောက်သီးတွေနဲ့ နှိုင်းယှဥ်ပြထားတာကြောင့် ကြီးမားတဲ့ရှောက်သီးရဲ့အရွယ်အစားကို ခန့်မှန်းနိုင်ပါတယ်။ shwekhitonlinetv.com

၁၂။ ကြွက်သားအပြည့်နဲ့နွား

ယူကေနိုင်ငံရဲ့ South Downs ဆိုတဲ့နေရာမှာ တွေ့ရတဲ့ နွားအမျိုးအစားဖြစ်ပါတယ်။ သာမာန်နွားတွေနဲ့ မတူညီပဲ ကြွက်သားအပြည့်နဲ့ ကြီးမားလွန်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြပါတယ်။ shwekhitonlinetv.com

၁၃။ ကြီးမားလွန်းတဲ့ မှိုပွင့်ကြီး

လူသူမရောက်တဲ့ တောနက်ကြီးတွေမှာ မှိုပွင့်ကြီးတွေဟာ အနှောင့်အယှက်မရှိ အတားအဆီးမရှိပဲ ကြီးမားကျယ်ပြန့်စွာ ပေါက်ရောက်နိုင်ကြပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ သာမန်မှိုပွင့်တွေနဲ့မတူပဲ ကြီးမားကျယ်ပြန့်လွန်းတဲ့ မှိုပွင့်ကြီးကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၁၄။ သာမန်နဲ့မတူတဲ့ကန်စွန်းဥ

စက္ကူလိပ်ကြီးတခုနဲ့ နှိုင်းယှဥ်ပြထားတဲ့ ကန်စွန်းဥရဲ့အရွယ်အစားပဲ ဖြစ်ပါတယ်။ သာမန်နဲ့မတူပဲ သဘာဝကိုလွန်ဆန်ပြီးကြီးမားနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၅။ ၃ မွှာပူးကြက်ဥ

အဝါရောင်အနှစ် ၃ ခုပါဝင်တဲ့ ကြက်ဥကိုတွေ့မြင်ရမှာပါ။ သဘာဝကိုလွန်ဆန်နေတဲ့ ဒီကြက်ဥကို ရှာတွေ့ခဲ့တဲ့သူကတော့ အံ့သြနေမှာ အသေအချာပါပဲ။ shwekhitonlinetv.com

၁၆။ လိမ္မော်ရောင်နဲ့ အဖြူရောင်ရောစပ်နေတဲ့ ကန်စွန်းဥ

သာမန်ကန်စွန်းဥတွေရဲ့ အတွင်းသားများစာ လိမ္မော်ဖျော့အရောင် ရှိကြတာကို အားလုံးသိကြမယ် ထင်ပါတယ်။ ပုံမှာတွေ့ရတဲ့ ကန်စွန်းဥကတော့ လိမ္မော်ရောင်နဲ့ အဖြူရောင်တို့ သီးခြားဖြစ်တည်နေတဲ့ အတွင်းသားကိုတွေ့ရမှာပါ။ shwekhitonlinetv.com

၁၇။ ကြီးမားတဲ့ရှောက်သီး

ခွေးအကြီးကြီးတကောင်နဲ့ နှိုင်းယှဥ်ပြထားတဲ့ ရှောက်သီးပဲဖြစ်ပါတယ်။ ရှောက်သီးရဲ့ ကြီးမားလွန်းတဲ့ အရွယ်အစားကတော့ ခွေးအကြီးကြီးရဲ့ ဦးခေါင်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ shwekhitonlinetv.com

၁၈။ သာမန်နဲ့မတူတဲ့ ခို

ခိုတွေဟာ လူတွေနဲ့ နီးကပ်စွာနေတတ်ကြတဲ့ တိရစ္ဆာန်တွေဖြစ်တာကြောင့် ခိုတကောင်ရဲ့ ပျမ်းမျှအရွယ်အစားကို အားလုံးသိကြမယ်ထင်ပါတယ်။ ဒါပေမယ့် ပုံထဲမှာတွေ့ရတဲ့ခိုကတော့ တောင်တက်ရင်းတွေရတဲ့ ခိုဖြစ်တာကြောင့် သဘာဝအတိုင်း ရှင်သန်ကြီးထွားနေခဲ့တဲ့ ခိုတကောင်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့အရွယ်အစားဟာ မြို့ပြက ခိုတွေနဲ့ မတူညီပဲ ပိုပြီးကြီးထွားနေတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ shwekhitonlinetv.com

၁၉။ လက်တဝါးစာ စတော်ဘယ်ရီ

စတော်ဘယ်ရီတွေရဲ့ သဘာဝကိုလွန်ဆန်ပြီး ကြီးထွားတဲ့ ပုံစံအမျိုးမျိုးကို တွေ့ဖူးကြမှာပါ။ ပုံမှာတွေ့ရတဲ့ စတော်ဘယ်ရီကတော့ လူကြီးလက်တဝါးစာခန့်ထိ ကြီးမားနေတဲ့ စတော်ဘယ်ရီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂၀။ လူကိုတောင်သေးငယ်စေသွားတဲ့ သစ်ပင်ကြီးများ

ပုံထဲက သစ်ပင်ကြီးကတော့ တောနက်ထဲမှာ အတားအဆီးမရှိ ရှင်သန်ကြီးထွားနေတဲ့ သစ်ပင်ကြီးပဲဖြစ်ပါတယ်။ သူ့ရဲ့အရွယ်အစားကတော့ ကြီးမားလွန်းတာကြောင့် ဘေးမှာရပ်ကြည့်နေတဲ့ လူကိုတောင် သေးသေးလေးဖြစ်သွားစေတဲ့အထိပါပဲ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။